Thursday, November 17, 2011

မြန်မာနိုင်ငံခြားရေး ၀န်ကြီး အိမ်သာတက်နေသည်ကို သတင်းထောက်များ ဓာတ်ပုံရိုက်ကူး

မြန်မာနိုင်ငံခြားရေး ၀န်ကြီး အိမ်သာတက်နေသည်ကို
သတင်းထောက်အချို့ ဓာတ်ပုံရိုက်ကူးနေပြီး 
အချို့က ရိုက်ကူးရန် အသင့် အနေအထားဖြင့်  စောင့်ဆိုင်းနေသည်ကို တွေ့ရပုံ
(Photo: the Voice weekly)

အာဆီယံ ၀န်ကြီးများ အစည်းအဝေး အတွင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် သန့်စင်ခန်း ထဲတွင်
ကိစ္စဖြေရှင်းနေသည်ကို မြန်မာနှင့် နိုင်ငံတကာ သတင်းထောက်များက အမိအရ ဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်းဓာတ်ပုံ တစ်ခု အရ သိရသည်။

အိမ်သာတက်နေစဉ် ဓာတ်ပုံအရိုက်ခံရသော ဦးဝဏ္ဏမောင်လွင်က-
"ကျွန်တော် အိမ်သာထဲ ၀င်နေတာကို ခင်ဗျားတို့က တဖြတ်ဖြတ် ဓာတ်ပုံရိုက်ကြတော့ အထဲမှာ ဘာလုပ်လို့ ဘာကိုင် ရမှန်းတောင် မသိဘူး။ ဖုံးလိုက်ရ ဖိလိုက်ရတာ အမောဘဲဗျာ။
ဟူး..... ခင်ဗျားတို့ ကင်မရာတွေက နံရံဖောက်ထွင်းမြင်နိုင်တဲ့ ကင်မရာတွေ မဟုတ်လို့ တော်သေးတာပေါ့"
ဟု သန့်စင်ခန်းမှ ထွက်ထွက်ချင်း သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

7 comments:

  1. အော၊ လူတွေကလဲ News နဲ့ Jokes ကိုတောင်ခွဲခြားမသိကြပါလားနော်။ ဟီးဟီး

    ReplyDelete
  2. blooming media age ကြီးထဲမှာ ဘယ်လိုအကြောင်း၇ာမျိုးတွေကို ဘယ်လိုဘယ်ပုံေ၇းထား၊ တင်ပြထားသလဲ ဆိုဒါ .. ဆင်ခြင် စဉ်းစားနိုင်စွမ်း ဦးဏှောက် မရှိတဲ့ အူကြောင်ကြောင် coward ငနဲတွေလဲ ခုထိ ရှိသေးသကိုး။.. အံ့ပါ့ဗျာ........ တောမကြည့် တောင်မကြည့် အရိပ်ကြီးလေးပါး နားမလည်ဆိုဒါ ဒီလို ငကြောင်တွေ ထင်ပါ့။

    ReplyDelete
  3. ပထမဆုံး ကော်မန့်ရေးတဲ့လူ တော်တော်တုံးတာပဲ news မှန်းမသိ joke မှန်းမသိ satire မှန်းမသိ၊ သြော် သနားစရာ

    ReplyDelete
  4. i really wanna laugh at the guy who said 'blooming media age' ......:PPPP ....... so funny!

    ReplyDelete
  5. BLOOMING MEDIA AGE!! :D

    ReplyDelete
  6. the first comment ရေးသူရဲ့ ပေါချက်.. ကြောင်ချက်.. ရူးချက်... ဥာဏ်တုံးချက်... လက်လန်တယ်။။။

    ReplyDelete
  7. ရေးစရာသတင်းမရှိတော့ဘူးလားဗျို့ ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။