Friday, November 11, 2011

မသိလို့ မှားတာလား


တောင်ကိုးရီးယားတို့ မြန်မာနိုင်ငံအလံအား မှားယွင်းစွာ ဇောက်ထိုးထောင်ထားသည်ကို
ပန်းချီဖြင့် သရုပ်ဖော်ထားပုံ

Bucheon၊ နိုဝင်ဘာ ၁၅။      ။ (facebook တွင် ဖော်ပြထားသော ဓာတ်ပုံများတွင် မြန်မာနိုင်ငံ အလံသစ် ဇောက်ထိုး ဖြစ်နေခြင်းကို မသိကြသော နိုင်ငံခြား တိုင်းပြည် တစ်ခုရောက် မြန်မာကျောင်းသားများအသင်း လို့  မေးလ်ပို့သူက ရေးထားပါတယ်။ အလံသစ်မို့လို့နဲ့ တူပါတယ်ဗျာ) ဟူသော Burma Strange News ၏ နိုဝင်ဘာလ ၁၁ ရက် ညနေ ၆း၄၀ အချိန်က သတင်းရေးသားချက် လုံးဝ မှားယွင်းနေကြောင်း သတင်းအောက်တွင် ဖော်ပြထားသည့် ကွန်မင့်များအရ သိရှိရသည်။

အဆိုပါ မြန်မာပြည် အလံအား International Students Association in Korea (ISAIK) က ကြီးမှူးကျင်းပသည့်  The 1st ISAIK Global Festival အတွင်း တောင်ကိုးရီးယားတို့က ဇောက်ထိုး ထောင်ထားခြင်းသာ ဖြစ်ကြောင်း သိရသည်။

မသိလို့ မှားတာလား ဟူသော မေးခွန်းကို တောင်ကိုးရီးယား တစ်ဦးက ယခုကဲ့သို့ ဖြေကြားသည်။

"ဇောက်ထိုး ဆိုတာ ခင်ဗျားတို့ မပြောလဲ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံကို အမြင်ကတ်လို့ ထောင်ထားတာပါ။ မြောက်ကိုးရီးယားနဲ့ သံတမန် ဆက်သွယ်တာကို ကန့်ကွက်တဲ့ အနေနဲ့ အခုလို ဇောက်ထိုး ထောင်ထားတာပါ။ ထပ်ပြောပါမယ်။ ထောင်ချင်လို့ ထောင်ထားတာ ဖြစ်ပါတယ်။ ဘယ်သူ့မှ ဂရုမစိုက်ပါဘူး"

အဆိုပါ အလံဇောက်ထိုးရှေ့တွင် ဓာတ်ပုံရိုက်ကူးခဲ့သည် ဆိုသော မြန်မာကျောင်းသားများက မူ ယခုကဲ့သို့ ပြောသည်။

"အလံအသစ် ဇောက်ထိုး ဖြစ်နေကြောင်းကို မသိလို့ မဟုတ်ပါ။ နိုင်ငံစုံအားကစားပွဲကြီးတွင် ဆုပေးစင်မြင့်မှ အလံကြီးအား ဘယ်လိုမှ ဖြုတ်ပီး ပြင်လို့ မရနိုင်လို့ ဒီတိုင်း ရိုက်လာခဲ့ပါသည်။ အလံဇောက်ထိုး ဖြစ်နေတာနဲ့ ကျနော်တို့ ဓာတ်ပုံ မရိုက်ခဲ့စရာလဲ အကြောာင်း မရှိပါ။ ထပ်ပြောပါမည်။ မသိ၍ မဟုတ်ပါ။ ပြင်မရ၍ ဖြစ်ပါသည်။"

မြန်မာနိုင်ငံမှ ပညာရှိ သုခမိန် ရှေ့နေကြီးများကလည်း အလံဇောက်ထိုးနှင့် ပတ်သက်ပြီး မှတ်ချက် အမျိုးမျိုးပေးကြသည်။

"အလံတော်ဇောက်ထိုးထောင်သူများကို နိုင်ငံတော်အလံ၏ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေမှုဖြင့် တရားစွဲလို့ ရပါသည်။ ကိုယ်တိုင်မထောင်သော်လည်း ထိုသို့ဇောက်ထိုး ထောင်ထားသည်ကို သိလျက်နှင့် အလိုတူအလိုပါဖြစ်သူများ၊ ဇောက်ထိုးထောင်ထားသည်ကို အားပေးအားမြှောက်ပြုသူများကိုလည်း ဥပဒေအရ အရေးယူလို့ရပါသည်။"

"ဘယ်ကငကြောင် ဝင်ပြောနေတာလဲဟ.. စိတ်ထဲထင်တဲ့ ဥပဒေတွေ ရှောက်ပြောမနေနဲ့.. ငါရှေ့နေ လုပ်စားလာတာကြာပီ နိုင်ငံအလံ ဇောက်ထိုးရှေ့မှာ ဓါတ်ပုံရိုတ်လို့ဆိုပြီး တရားစွဲလို့ရတဲ့ဥပဒေ ဘယ်နိုင်ငံမှာမှ မရှိဘူး..ကိုယ့်လူ.. စည်းလွတ်ဝါးလွတ်ကြီး မကြောင်စမ်းနဲ့ကွယ်... စိတ်လေတယ်..."

အဆိုပါ အလံဇောက်ထိုး ဓာတ်ပုံကို BSN က ခွင့်ပြုချက် ရယူကာ ဖော်ပြခဲ့ခြင်း မဟုတ်ပေ။ ခွင့်ပြုချက် တောင်းခံပြီးမှ ဖော်ပြခြင်း မဟုတ်သဖြင့် လည်းကောင်း၊ အလံတော်ရှေ့မှ ဓာတ်ပုံပိုင်ရှင် ပုဂ္ဂိုလ်များ တရားစွဲမည်ကို ကြောက်ရွံ့ခြင်းကြောင့် လည်းကောင်း၊ ၀တ်လုံတော်ရ ရှေ့နေကြီး ဦးဖိုးမြူ ၏ ကွန်မင့်တွင် တွေ့ရသော အလွန် logic ကျလွန်းသည့် ဥပဒေရေးရာ ပြောကြားချက်များကို ကြောက်ရွံ့ တုန်လှုပ် သဖြင့် လည်းကောင်း ယခင် တင်ပြခဲ့သော ဓာတ်ပုံကို မဖော်ပြရဲတော့ဘဲ ဓာတ်ပုံ အစား ပန်းချီ သရုပ်ဖော်ပုံဖြင့် ပြန်လည် အစားထိုး ထားပါသည်။

ပန်းချီ သရုပ်ဖော်ပုံနှင့် ပတ်သက်၍ တောင်ကိုးရီးယား လူမျိုးက- "ဒါကျွန်တော်တို့ ထောင်ထားတာ။ မသိလို့ ထောင်တာ မဟုတ်ပါ။ သိသိကြီးနဲ့ ထောင်ချင်လို့ ဇောက်ထိုးထောင်ထားတာ။ ရှေ့မှာလာပြီး ဓာတ်ပုံ အရိုက်ခံသူတွေကလည်း ဇောက်ထိုးကြီးမှန်း သိသိကြီးနဲ့ ဓာတ်ပုံ ရိုက်သွားကြတာ။ ဇောက်ထိုးရှေ့မှာ သူတို့ ရိုက်ချင်လို့ ရိုက်သွားရော ဘာဖြစ်လဲ။ မြောက်ကိုးရီးယားနဲ့ ဆက်သွယ်တဲ့ မြန်မာပြည်ကို အမြင်ကတ်လို့ ယခုလို တမင် ဇောက်ထိုးထောင် ကန့်ကွက် ထားတာကို မြန်မာနိုင်ငံအစိုးရသိအောင် ဓာတ်ပုံမှတ်တမ်းနဲ့ တကွ ရှင်းရှင်းလင်း ပြသသင့်ပါတယ်။ မြန်မာနိုင်ငံက လာပြီးတော့ တရားစွဲမှာကို ကျွန်တော်တို့ လုံးဝ ဂရုမစိုက်ပါဘူး" ဟု မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

13 comments:

  1. အလံအသစ် ဇောက်ထိုး ဖြစ်နေကြောင်းကို မသိလို့ မဟုတ်ပါ။ နိုင်ငံစုံအားကစားပွဲကြီးတွင် ဆုပေးစင်မြင့်မှ အလံကြီးအား ဘယ်လိုမှ ဖြုတ်ပီး ပြင်လို့ မရနိုင်လို့ ဒီတိုင်း ရိုက်လာခဲ့ပါသည်။ အလံဇောက်ထိုး ဖြစ်နေတာနဲ့ ကျနော်တို့ ဓာတ်ပုံ မရိုက်ခဲ့စရာလဲ အကြောာင်း မရှိပါ။ ထပ်ပြောပါမည်။ မသိ၍ မဟုတ်ပါ။ ပြင်မရ၍ ဖြစ်ပါသည်။

    ReplyDelete
  2. ဘာလဲဟ... သတင်းက ဘာပို့စ်မော်ဒန်မှလဲ မဖြစ်ဘူး.. ဘာထူးဆန်းတာမှလဲ မပါဘူး.... :(

    ReplyDelete
  3. သိလျှင်ပြင်ပါ။ ဘာမှခက်တာမဟုတ်ပါ။ အလံတိုင် stand သေးသေးမှ အရွယ်အစားလည်းမကြီးသော အလံကို သိလျှက်နှင့် လွယ်ကူလျှက်နှင့် မပြင်နိုင်ခြင်းသည်သာ တာဝန်မကျေခြင်းဖြစ်ပါသည်။ မသိလို့ဆိုသူများကို ခွင့်လွှတ်လို့ရပါသည်။ သိလျက်နှင့်တာဝန်မကျေတာမကောင်းပါ။

    ReplyDelete
  4. အလံတော်ဇောက်ထိုးထောင်သူများကို နိုင်ငံတော်အလံ၏ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေမှုဖြင့် တရားစွဲလို့ ရပါသည်။ ကိုယ်တိုင်မထောင်သော်လည်း ထိုသို့ဇောက်ထိုး ထောင်ထားသည်ကို သိလျက်နှင့် အလိုတူအလိုပါဖြစ်သူများ၊ ဇောက်ထိုးထောင်ထားသည်ကို အားပေးအားမြှောက်ပြုသူများကိုလည်း ဥပဒေအရ အရေးယူလို့ရပါသည်။

    ReplyDelete
  5. ဘယ်ကငကြောင် ဝင်ပြောနေတာလဲဟ.. စိတ်ထဲထင်တဲ့ ဥပဒေတွေ ရှောက်ပြောမနေနဲ့.. ငါရှေ့နေ လုပ်စားလာတာကြာပီ နိုင်ငံအလံ ဇောက်ထိုးရှေ့မှာ ဓါတ်ပုံရိုတ်လို့ဆိုပြီး တရားစွဲလို့ရတဲ့ဥပဒေ ဘယ်နိုင်ငံမှာမှ မရှိဘူး..ကိုယ့်လူ.. စည်းလွတ်ဝါးလွတ်ကြီး မကြောင်စမ်းနဲ့ကွယ်... စိတ်လေတယ်...

    ReplyDelete
  6. ရှေ.နေကြီးရေ... အလံဇောက်ထိုးနဲ့ဓါတ်ပုံတွဲရိုက်ရင်အရေးယူဥပဒေကို ကျွန်တော်လဲ မတွေ့ဖူးပါ။ ငကြောင်ကို ခွင့်လွတ်လိုက်ပါ။ တက္ကသိုလ်ကြည်မာရေးတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ (ယခင်အလံဟောင်း) စာအုပ်ထဲမှာ အလံတော်နည်းဥပဒေဆိုပီး နောက်ဆက်တွဲထည့်ထားတာ ဖတ်ဖူးတယ်။ အလံဇောက်ထိုး ဆိုရင်ဥပဒေပုဒ်မ ဘယ်လောက်စသည်ဖြင့် တွေ့ဖူးသလိုပဲ။ သိပ်မမှတ်မိတော့ပါ။ ရှေ့နေကြီးအနေနဲ့ အလံဇောက်ထိုးထောင်ရင် ဥပဒေပုဒ်မ ဘယ်လောက် အပိုဒ်ခွဲဘယ်လောက် စသည်ဖြင့် ညိစွန်းတယ်ဆိုတာလေး ဥပဒေကြောင်းအရ တစ်စိတ်လောက်ရှင်းပြပါလားဗျာ။ ဗဟုသုတရတာပေါ့။

    ReplyDelete
  7. အလံဇောက်ထိုးလွှင့်တာနဲ့ ပတ်သက်လို့တော့ မသိဘူး။ ဖုန်းမော်နေ့မှာ ကျောင်းရှေ့က အလံတော် တိုင်တစ်ဝက်ချလို့ သူငယ်ချင်းတစ်ယောက် ထောင် ၇ နှစ် ကျသွားတယ်။ (ပြစ်ဒဏ်လျှော့ပေါ့့ပြီး ၃ နှစ်လောက်နဲ့ ပြန်လွတ်လာပါတယ်) အဲဒီအလံကို ရှေ့တည့်တည့်က အလေးပြုတဲ့ ကျောင်းသား ၁၃ ယောက်လဲ အသီးသီးအသက ထောင်ထဲ ရောက်ဖူးတယ်။ မတ် ၁၃၊ ၂၀၀၀ တုန်းက ဖြစ်ပျက်ခဲ့တာပါ။

    ReplyDelete
  8. ကျနော်တို့ အလံတက်ထောင်တားတာလဲ မဟုတ်ပါ။ ဆုပေးစင်မြင့်က အလံကြီးကို ကျနော်တို့ ကိုယ့်သဘောနဲ့ကိုယ် ဖြုတ်လဲဖို့ မလွယ်တာတော့ အမှန်ပါ။ အားကစားပွဲကြီး ကျင်းပနေချိန်မှာ ခဏလေး စင်ပေါ်တက်ပီး ဓာတ်ပုံရိုက်တုန်း အဲဒါကြီး လဲပေးပါလို့ သွားပြောရအောင်လဲ တာဝန်ခံများက အနီးအပါး မရှိပါ။ တာဝန်မကျေတာတွေရော၊ ဇောက်ထိုးထောင်ထားသည်ကို အလိုတူအလိုပါ လုပ်သဖြင့် တရားစွဲမှာတွေရော မလုပ်ခင် ကျနော်တို့က ကျနော်တို့ ခွင့်ပြုချက်မပါဘဲ ဓာတ်ပုံ ယူသုံးကာ သတင်းရေးသဖြင့် တရားစွဲလို့တာတော့ သေချာပါသည်။ ကိုယ်ရေးကိုယ်တာ ထိပါးမှုတခု ဖြစ်သဖြင့် ဥပဒေလဲ ရှိမှာ သေချာပါသည်။

    ReplyDelete
  9. ရှေ့နေ ဖိုးမြူNovember 14, 2011 at 11:58 PM

    ဟုတ်တယ်ဗျ.. ထောက်ခံတယ်.. မျက်နှာတွေကို ဖျက်ထားပြီးတော့ ဓာတ်ပုံထဲက လူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို အများသူငါမသိအောင် လုပ်ထားမှု....ပြီးတော..ဘယ်နိုင်ငံ ဆိုပြီးတော့..နိုင်ငံအမည်အတိအကျ.မဖော်ပြပဲ..ကွယ်ဝှက်ပြီးတော့..အလံရှေ့က လူတွေအကြောင်း ဘယ်သူဘယ်ဝါလို့ စာဖတ်သူတွေ မသိအောင် လုပ်ထားမှု..ဓာတ်ပုံယူသုံးတဲ့အခါ ဘယ်သူတွေရဲ့ ဓာတ်ပုံဆိုတာကို credit မပေးဘဲ.. အလံရှေ့က လူတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာ... အများသူငါ မသိစေရန် လုပ်ဆောင်ထားမှု..စတဲ့ စတဲ့ အချက်တွေကို ပေါင်းစပ်ပြီး...ဓာတ်ပုံထဲက လူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ကွယ်ဝှက် ဖုံးကွယ်တဲ့ ထိပါးမှု အဖြစ်..BSN ကို တရားစွဲသင့်တယ်... ကျွန်တော်ကတော့ ထောက်ခံတယ်..

    ReplyDelete
  10. ဒီအလံအသစ်ဟာ ရုတ်တရက်ကြည့်ရင်တော့ အပေါ်အောက်မကွဲပြားပေမယ့် ကြယ်ရဲ့ထောင့်တွေညီမညီ ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်၊ သူငယ်ချင်းတယောက် ယောပုဆိုးဇောက်ထိုးဝတ်လာလို့ ပြောတော့ ပုဆိုးမှာ ဇောက်ထိုးအတည့်ရှိလို့လား၊ မိန်းမထမီလို အထက်ဆင်ပါတာမှမဟုတ်တာဆိုပြီး ပြန်ငြင်းတယ်၊ ရိုးရိုးပုဆိုးဆိုရင်မသိနိုင်ပေမယ့် သူဝတ်လာတဲ့ယောပုဆိုးက ကျေးရုပ်လေးတွေပါတဲ့ယောပုဆိုးဆိုတော့ ကျေးရုပ်လေးတွေ ဇောက်ထိုးဖြစ်နေတာပြလိုက်တော့မှ မငြင်းနိုင်ဘူးဖြစ်သွားတယ်၊ အခုလဲအဲဒီလိုပါပဲ။

    ReplyDelete
  11. ဗျို့ အပေါ်က ရှေ့နေကြီး၊ တော်တော်နောက်တယ်ဗျာ။ မူလဓာတ်ပုံဖော်ပြတုန်းက အလံရှေ့က လူတွေရဲ့ ကိုယ်ရေးကိုယ်တာကို မထိခိုက်စေချင်လို့ ကိုယ်ရေးကိုယ်တာတွေကို လေးစားလွန်းလို့သာ ဘယ်သူဘယ်ဝါဘယ်နိုင်ငံက ဆိုတာမသိအောင် ရုပ်မမြင်ရ၊ နိုင်ငံမပြော၊ ခရက်ဒစ်တောင်မပေးရှာပဲ ကိုယ်ရေးကိုယ်တာ ကို လေးစားသမှုနဲ့ အဲသလို လုပ်ထားတာ မဟုတ်ဘူးလား။
    ခွင့်ပြုချက်မပါဘဲ ဓာတ်ပုံဖော်ပြတဲ့ ရာနဲ့ချီတဲ့ ပြည်တွင်းဂျာနယ်တွေ၊ ဒါဇင်နဲ့ချီတဲ့ ပြည်ပမြန်မာမီဒီယာတွေကို ရှေ့နေကြီး ကပဲ အယင်ဦးဆောင်ပြီး တရားစွဲစေချင်ပါတယ်။

    ReplyDelete
  12. မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်က အလံ ပြောင်လှဲတာ ၆ ကြိမ်း ရှိသွားပါပြီး- မျိုးချစ်စိတ်ဆိုတာဘာလဲ " စိတ်နဲ့ဘဲ" ဆိုင်ပါတယ်။ မိမိက ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးအပေါ်မှာ ဘယ်လောက်အထိ အကျိုပြုနေသလဲဆိုတဲ့ တာဝန်သိစိတ်၊ မျိုးချစ်စိတ်နဲ့ဘဲ ဆိုင်မယ်ထင်ပါတယ်။ -r အထက်ပါ ကျောင်းသားအားကစားပွဲကို - မည်သူ အထှောက်ပံ့မှ မရှိသလို၊ မိမိရဲ့အချိန်တွေ၊ ငွေတွေ၊ မိမိရဲ့ ဘွဲစာတမ်းတွေ၊ ကျောင်းစာတွေ၊ အလုပ်တွေများတဲ့ကြားထဲမှ မြန်မာဆိုတာ ရှိတယ်၊ဆိုပြီး ရပ်ဝေး၊ရပ်နီမှ လာရောက်အားပေး ပါဝင်ခဲ့သော ကျောင်းသား/သူများ၏ တာဝန်သိစိတ်ကို အင်မတန်း ဂုဏ်ယူး ဝမ်းမြှောက်မိပါတယ်။ အားလုံး ကျေးဇူးတင်ရှိပါတယ်။

    ReplyDelete
  13. ၀င်ဖတ်မိတဲ့ ငါ့အမှား ...November 17, 2011 at 3:38 PM

    ကောင်းလေစွ ကောင်းလေစွ... သတင်းရေးသူကလည်း ရေးချင်တာရေး .. ကွန်မန့်ပေးချင်သူများကလည်းပေးချင်တာပေး .. အလံတစ်ခုအကြောင်းပြုပြီး အပြန်အလှန်နိပ်ကွပ်ကြ..ပါးစပ်သေနတ်ပစ်ကြ..။ မြို့ ပတ်ရထားစီးနေရသလိုပါပဲ.. လျက်စားရောင်းတဲ့သူကလည်းအော်ချင်တာအော် ..အစွန်းချွတ်ဆေးရောင်းသူ ကလည်းအော်ချင်တာအော် ..ခေါင်းစဉ်ပြောင်းသင့်သည်။ မြို့ ပတ်ရထားစီးခြင်းလို့ ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။