Monday, November 7, 2011

မော်တော်ကား စားကြမလား

စားကြမယ်ဟေ့- ကောင်းကောင်း


ဂျပန်နိုင်ငံလုပ် လတ်ဆတ်သော ကားအစီးရေ ၁၁၀ ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သတင်းရရှိသည်။

ယခု ရောက်ရှိလာသောကားများမှာ လတ်ဆတ်သော ကားများ ဖြစ်ကြသဖြင့် အလွန် အရသာ ချိုမြိန်ကြောင်း သိရပြီး အဆိုပါ လတ်ဆတ်သော ကားများကို သက်ဆိုင်ရာ လူအများက ၀ိုင်းအုံ စားသောက်ကြကြောင်း မျက်မြင် သက်သေများက ပြောပြသည်။


လတ်ဆတ်သော ကားများကို လူအများက ၀ိုင်းအုံ
စားသောက်ရန် ပြင်ဆင်နေကြစဉ်
(Photo: the Voice weekly)

2 comments:

  1. တို့လဲ စားချင်လိုက်တာ ရှလွှတ်

    ReplyDelete
  2. မော်ဒယ်ပိုမြင့်သော၊ ပိုမိုကောင်းမွန်သော၊ ပိုမိုသစ်လွင်သော စသည်ဖြင့်သုံးရမှာ ပိုမိုလတ်ဆတ်သော တဲ့၊ သတင်းဌာနတခုလုပ်ပြီး မြန်မာဝေါဟာရလေးတောင် မှန်အောင်မရေးနိုင်ကြဘူး။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။