Saturday, April 2, 2011

Beijing မှ Washington DC သို့ ၃၅ မိနစ် အတွင်း ရထားဖြင့် သွားနိုင်တော့မည်

တရုတ် မြန်နှုန်းမြင့် ရထားများ အနေဖြင့် ၂၀၁၄ တွင် တနာရီလျှင် ၁၉,၀၀၀ ကီလိုမီတာနှုန်းဖြင့် ခုတ်မောင်း နိုင်တော့မည်ဟု ဆိုသည်။


တရုတ် မြန်နှုန်းမြင့် ရထား သတင်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်း (Beijing) နှင့် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော် (Washington DC) တို့မှာ ၁၁,၁၇၀ ကီလိုမီတာ ကွာဝေးသဖြင့် တနာရီလျှင် ၁၉,၀၀၀ ကီလိုမီတာ ခုတ်မောင်းသော အဆိုပါ မြန်နှုန်းမြင့် ရထားဖြင့် ခရီးသွားပါက၊ ၃၅ ဒသမ ၂၇ မိနစ် (၃၅ မိနစ်၊ ၁၆ စက္ကန့်) အတွင်း ရောက်ရှိနိုင်မည် ဖြစ်ကြောင်း အထက်ပါ သတင်းအရ သိရသည်။ ထိုကဲ့သို့ အရောက်သွားရန် ရေအောက် ရထားလမ်း ဥမင်လိုဏ်ခေါင်းများတော့ ဆောက်လုပ်ရမည် ဖြစ်သည်။

ဤကဲ့သို့သော အလွန် ထူးဆန်း အံ့သြဖွယ်ရာ ရထားကြီးကို တရုတ်နိုင်ငံမှတပါး အခြား မည်သည့်နိုင်ငံကမျှ တီထွင် ဖန်တီးနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

Flight Distance between Beijing and Washington DC (travelmath.com)

မူရင်း Economist သတင်းတွင်တော့ ခရီးမိုင် အကွာအဝေးများကို အောက်ပါအတိုင်း ရေးထားသည်။




@Anonymous 2:21 PM

14 comments:

  1. very funny, they don't know what is speed and what is distance. They translated any how or they can't read English as well. Stupid translator and Editor.

    ReplyDelete
  2. ဟုတ်ပါ့ဗျာ ... ဘာသာပြန်ထားတာ လွဲနေတယ် ... တစ်မင်ပဲ တလွဲပြန်ထားတာလား ... ဒါမှမဟုတ် တကယ့်ကိုပဲ နားမလည်ဘဲ တလွဲပြန်ထားမိတာလား ...

    ReplyDelete
  3. ရှော်ချက်ကတော့ဗျာ... :P

    ReplyDelete
  4. Hay don't speak loud. Otherwise some positive guy will blame you as just all guys are complaint....ha ha ha ha

    ReplyDelete
  5. ဟာသမောင်April 2, 2011 at 9:00 PM

    မထူးပါဘူး source ကိုပါ ဖေါ်ပြလိုက်ပါ BNS ရေ.. ကြာပါတယ် ကျုပ်ပဲကူးချပေးလိုက်တော့မယ် :D
    ပြည်တွင်းက ဂျာနယ်တွေတင် မကဘူး ပြည်ပလုပ်နေသူတွေပါ အလွယ်တကူလေး ဘာသာပြန်ပြီး အတည်ပေါက် သတင်းလုပ်နေကြတော့ အခုလို ဗရုတ်သုတ်ခတွေထွက်လာတာပဲ။ အရင်ကလဲ ခနခန အလွဲတွေတွေ့နေပေမယ့် တည်တည်တံ့တံ့နဲ့ သတင်းတွေကြိုးစားပြီး ဘာသာပြန်တင်ပေး၊ ရေးပေးနေလို့ ပညာရေး magazine ဆိုတာလေးကို အားနာလို အသာကြည့်ပြီးနေခဲ့တာ။ တဖြည်းဖြည်း အမှားတွေက လွန်ကျွံလာတယ်။ အခုလို သာသာလေးနှက်ပေးမှဖြစ်တော့မယ်။
    http://www.maukkha.org/index.php?option=com_content&view=article&id=1515:2011-04-02-03-03-30&catid=120:2010-10-11-07-37-22&Itemid=374
    တလွဲတွေရေးထားတာကို like လုပ်ထားသူတွေကလဲ တပုံကြီးပဲ။

    ReplyDelete
  6. နောက်ထပ်မှားတာရှိသေးတယ်...
    ၆၄၉ ရဲ့ လေးဆက ၈၄၀၀ ဆိုပဲ...
    ဘယ်လိုများတွက်လိုက်ပါလိမ့်........

    ReplyDelete
  7. Off the rails! ဆိုတာကိုလည်း ဘာသာပြန်ထားလိုက်တာ တရုတ်ရထားစီးရင် ပြုတ်ကျသွားမယ် သတိထား!တဲ့ သြော်သြော်သြော် xD

    ReplyDelete
  8. ၆၄၉ ရဲ့ လေးဆလို့ ပြောတာမဟုတ်ပါဘူး.... Japan ရဲ့ လေးဆလို့ ပြောတာပါ. Japan မှာ 2100 km ရှိလို့နေမှာပေါ.

    ReplyDelete
  9. ရူပဗေဒ အသာထား။ မြန်မာစာရဲ့ အခြေခံ အကျဆုံး သတ်ပုံ ကို ဂရု စိုက် ရကောင်း မှန်း မသိတာ အလွန် ရုပ်ဆိုး ပါသည်။ ဆယ်ဆလား၊ ဆယ်စလား။ ရင် လေး ဘွယ် အတိ။

    ReplyDelete
  10. လေးဆဆိုတာ မူရင်းသတင်းကိုပြောတာမဟုတ်ပါဘူး
    ဘာသာပြန်ထားတဲ့ဟာကိုပြောတာပါ....
    "၂၀၀၈ ခုနှစ်တွင် တရုတ် ရထားလမ်းများ အမြန်ဆုံး မောင်းနိုင်တဲ့ စပိမှာ တစ်နာရီ ၆၄၉ ကီလိုမီတာ သာရှိသည်။ ၂၀၁၁ တွင်တော့ မြန်နှုန်း လေးဆ ခုန်တက်သွားပြီး တစ်နာရီ ၈၄၀၀ ကီလိုမီတာ နှုန်း ဖြစ်လာသည်။"

    ReplyDelete
  11. အားလုံးမှားနေကြတယ်..ကိန်းဂဏန်းတွေအားလုံးက ရထားလမ်းရဲ့ အရှည်ကိုပြောတာဗျ… 2008 မှာ တရုပ်ပြည်မှာရှိတဲ့ ရထားလမ်း စုစုပေါင်းအရှည်ဟာ 649km (မိုင် ၄၀၃ ကျော်)ဘဲရှိပြီး..(649km/hr လို့ ရေးမထားပါဘူး) အခုလက်ရှိမှာ 8400km (မိုင် ၅၂၂၀ နီးပါး) ရှိနေရာမှ ၂၀၁၄ ခုနှစ်တွင် 19000km(မိုင် ၁၁၈၀၆ မိုင်ခန့်ရှိလာနိုင်မည်လို့ဆိုပါတယ်..ကိန်းဂဏန်းနောက်က ယူနစ်တွေကို ဘာသာပြန်သူဟာ ကောင်းစွာနားမလည်တာသေချာပါတယ်။ဒီလိုဆောင်းပါးမျိုးကို လူတွေကိုပညာပေးနေတဲ့ ပညာရေး မဂ္ဂဇင်းမှာထည့်ပေးလိုက်သော အယ်ဒီတာမင်းများကလည်း တော်မှတော်..649km ရဲ့ ၄ဆက 8400 တဲ့..ရှေ့မှာရေးထားသေး ..ဟေးဟေး..သက္ကရစ် ၂၀၁၁ ရဲ့ ၄ဆ ကတော့ ၈၄၀၀ နဲ့နီးစပ်ပါတယ်..မူရင်းဆောင်းပါးနဲ့ တွဲလျှက်ပါလာတဲ့ မြေပုံမှာထြားတာဟာ တရုပ်ပြည်မီးရထားလမ်းကြောင်းကွန်ယက်ပါ..အမြန်နှုံးပြတဲ့မြေပုံမဟုတ်ပါဘူး..ကြည့်လဲလုပ်ကြပါဗျို့…….

    ReplyDelete
  12. ဟားဟား ခုအဲတာကိုပြန်ဖြတ်လိုက်ပီ မူရင်းသတင်း ;D ရှက်တော့ရှက်တတ်သားပဲ

    ReplyDelete
  13. အားလုံးမှားနေကြတယ်ဆိုတာ့ အနော်နီးမက်စ်ကြီး။

    သေချာလည်း ကြည့်ပါဦး။ ပုံမှာ လမ်းကြောင်းအပြင် တရုတ်က အမြန်နှုန်း ၂၀၀-၂၅၀ က နေ ၃၀၀-၂၅၀ ထိ တိုးဖို့ လုပ်နေတာ ဆွဲထားသေးတယ်လေး။ အားလုံးမှားနေတယ်ဆိုပြီး သူပါလိုက်မှားနေတယ်း) ဟာသပဲ။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။