Saturday, June 25, 2011

ဘာခေါင်းစဉ် ပေးရမှန်း မသိပါ


@WWN

Friday, June 24, 2011

ဗီယက်နမ် နိုင်ငံ အမည်သစ် ပြောင်းလဲပြီ


ဗီယက်နမ်နိုင်ငံ၏ အမည်ကို မူလ Vietnam မှ Vietnum သို့ ပြောင်းလဲ လိုက်သည်။ ထိုသို့ ပြောင်းလဲ လိုက်ကြောင်းကို နာမည်ကြီး မြန်မာရုပ်ရှင် ၀က်ဆိုက် တစ်ခုတွင် ဖော်ပြထားသည်။

လက်တို့သူ - yehtut


Wednesday, June 22, 2011

ဆင်းရဲနွမ်းပါးမှု ကျဆင်းသွားပြီ


ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးနောက် တစ်လ အကြာတွင် မြန်မာပြည်၌ ဆင်းရဲနွမ်းပါးသူ အရေအတွက် ချက်ချင်း ကျဆင်းသွားသည်။ ယခုကဲ့သို့ ရုတ်တရက် ချက်ချင်း ဆိုသလို ကျဆင်းသွားခြင်းကို မြန်မာ့အလင်း သတင်းစာထဲတွင် သတင်းဖော်ပြထားသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပညာယှိကြီးများက "လေ" ဖြင့် ဆွေးနွေးကြပြီးနောက် သမ္မတကြီးက မန်းမှုတ်လိုက်သဖြင့် ယခုကဲ့သို့ မျက်လှည့်ပြသလို ချက်ချင်း ဆင်းရဲသူများ ပပျောက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ သမ္မတတွင် အလွန်တရာမှ အစွမ်းထက်သည့် မန်းမှုတ်နိုင်သော တန်ခိုး ဣဒ္ဓိပါတ် ရှိသည်မှာ ထင်ရှားကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။


Read More...

Tuesday, June 21, 2011

ဒန်ကလေကို ပုဒ်မ ၁ ခု၊ မခိုင်ဇာလင်းကို ပုဒ်မ ၃ ခုဖြင့် တရားစွဲ

သြစတြေးလျ နိုင်ငံသား မစ္စတာ ရောစ့်ဒန်ကလေနှင့် မခိုင်ဇာလင်း အမှုကို ဇွန်လ ၃ဝ ရက်နေ့တွင် စီရင်ချက်ချရန် တရားရုံးက ချိန်းဆိုလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေက ပြောသည်။

လေးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုပါ အမှု၏ စီရင်ချက်ချမည့် ရက်ကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဒန်ကလေအား တရားလို မခိုင်ဇာလင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အမှုကို ရုပ်သိမ်းလိုကြောင်း သူမက နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့သည်ဟု သိရသည်။



သို့သော် ဒန်ကလေမှာ မျက်နှာကြီးသော အထင်ကရ နိုင်ငံခြားသားဖြစ်သဖြင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ တစ်ခုဖြင့်သာ တရားစွဲခြင်းခံရပြီး၊ တရားလို မခိုင်ဇာလင်းမှာမူ မျက်နှာငယ်သော မြန်မာနိုင်ငံသူ ဖြစ်သဖြင့် ပုဒ်မ (၃) ခုဖြင့် တန်ပြန် တရားစွဲဆိုခြင်း ခံထားရသည် :D။

လက်တို့သူ- မပြောဘူး :D :D 


Read More ..

Sunday, June 19, 2011

အီး-Government အရှိန်မြှင့်မည်

အီး-Government လုပ်ငန်းများ ချဲ့ထွင်နိုင်ရန် နေပြည်တော်ရှိ အစိုးရ ရုံးဌာနများတွင် အိမ်သာများ တိုးချဲ့ တည်ဆောက်နေပြီး၊ အီး-Government လုပ်ငန်းစဉ်များ အရှိန်အဟုန် မြှင့်တင်နိုင်ရန် အတွက် အစိုးရအဖွဲ့ အကြီးအကဲများမှ စ၍ အောက်ခြေ၀န်ထမ်းများ အထိ ၀မ်းနှုတ်ဆေး စားနေကြကြောင်း သတင်းရရှိသည်။

အပြည့်အစုံ ဖတ်ရှုရန် ...

ကန်စွန်းရွက်ကိုတောင် ဆေးဆိုးကြပြီ

(Photo: Popular News)

ပုံမှန်ကန်စွန်းရွက်များမှ အရွက် သေးများကို ဆိုးဆေးသုတ်ကာ ကန်စွန်းရွက်အရိုးနီအဖြစ်ရောင်းချမှု များကိုသုံးခွမြို့ဈေး၌တွေ့လာရသည် ဟု သုံးခွမြို့ခံ တစ်ဦးက ပြောသည်။ ”ကန်စွန်းရွက်အရိုးနီကျ တော့ သုံးခွမှာရှားတယ်။ ပုံမှန်ကန်စွန်းရွက် ထက်လည်း ဈေးပို ပေးရတယ်။ ရှားတဲ့အတွက် အရောင်းလည်း သွက်တယ်။ မျှစ်မှာဆိုးတဲ့ဆိုးဆေး တွေသုံးထားတယ်ထင်တယ်” ဟု သုံးခွမြို့ ၉ ရပ်ကွက်မှ အိမ်ရှင်မတစ် ဦးကပြောသည်။ ဆေးဆိုးထားသောကန်စွန်း ကို လက်ဖြင့်ဆိတ်၍ ဖြတ်သည့် အခါ လက်ထိပ်တွင် ဆေးနီများ ကျန်နေခဲ့ကြောင်း ဟင်းချက်သော အခါ အရွက်ရော အရည်ပါ မဲ၍ ပြာသွားကြောင်း ၄င်းကပြောသည်။ ”လက်ထိပ်မှာ ဆေးနီတွေ ကျန်ခဲ့ပေမယ့် သတိမထားမိသေး ဘူး။ ဟင်းချက်မှပဲ မဲပြီးပြာလာလို့ လက်ထိပ်နီတာနဲ့ ဆက်စပ်ပြီး ဆေးဆိုးတယ်လို့ ထင်မိတာ။ ဒါနဲ့ နောက်ရက်ဈေး မှာတွေ့လို့ ဝယ်မလို လိုနဲ့သေချာကြည့်တော့ ရိုးရိုး ကန်စွန်းရွက်အသေးကို ဆေးဆိုး ထားတာခပ်များများ၊ အစစ်က နည်းနည်းရောထားပြီး တစ်စည်း စည်းထားတာ တွေ့တယ်။ နည်း နည်းကိုင်ကြည့်တာနဲ့တင် လက်မှာ အနီရောင်ကပေရော” ဟု ၄င်းက ထပ်လောင်းပြောသည်။ သုံးခွမြို့ဈေးမှ ကုန်ခြောက် ဆိုင်ရှင်တစ်ဦးက သုံးခွဈေးတွင် သုံးခွကျေးရွာဘက်မှ ဟင်းသီးဟင်း ရွက်များ လာရောက်ရောင်းချသလို၊ ရန်ကုန်မှတင်လာသော ဟင်းရွက် များလည်း ရှိကြောင်း၊ ကန်စွန်းရွက် အရိုးနီဖြစ်အောင် ဆေးဆိုးထား ခြင်းမှာ ရန်ကုန်မှဝင်လာသော ဟင်းရွက်များထဲတွင် ပါဝင်ကြောင်း၊ ရန်ကုန်မှာကတည်းက ဆေးဆိုးခဲ့ခြင်းလား၊ သုံးခွရောက်မှ ဆေးဆိုး သလား ဆိုသည်ကိုမူ မသိရှိ ကြောင်း၊ ယင်းသို့ဖြစ်နေခြင်းမှာ တစ်လဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း ပြောသည်။ ”အဓိကကတော့ ကန်စွန်း ရွက်အရိုးနီကို လူတွေပိုဝယ်ကြ တယ်။ ပြီးတော့ ပုံမှန်ကန်စွန်းထက် လည်းဈေးပိုကြီးတယ်။ အဲဒါကြောင့် လုပ်တာထင်တယ်” ဟု ၄င်းက ထပ်လောင်းပြောသည်။ သုံးခွဈေးထဲတွင် ဆေးဆိုးမျှစ် များကိုမတွေ့ရသည်မှာကြာလှပြီ ဖြစ်သော်လည်း တို့ဆေးဖြင့်မှည့် ထားသော သရက်သီးနှင့် ငှက်ပျောသီးများကို တွေ့ရဆဲဖြစ်ကြောင်း၊ ယခုအခါ ခွဲပြီးသား နာနတ်သီးများ ကို ဆေးဝါဆိုးလာကြကြောင်း သိရှိရသည်။

(ပေါ်ပြူလာမှ တိုက်ရိုက်ကူးယူ ဖော်ပြပါသည်)။


Read News ...

Saturday, June 18, 2011

မြန်မာ သမ္မတ မွေးမြူရေး လုပ်ပြီး လယ်စိုက်

(Facebook's FarmVille)

လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင် က "မိမိ၏ နေပြည်တော် ခရီးစဉ်တွင်နိုင်ငံတော် သမ္မတ က ၄င်း စိုက်ပျိုးထားသော လယ်ယာ စိုက်ကွင်းများ လိုက်လံပြသသည်" ဟု ပြောကြောင်း သိရှိရသည်။

ထိုအပြင် နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန် သည် ၀က်နှင့် နွားများကို မွေးမြူထားကာ သုတေသန လုပ်ငန်းများလုပ်သည် ဟု လည်း အဆိုပါ ၀န်ကြီးက ပြော ကြားသွားသည်။

ထိုသတင်း နှင့် ပါတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အကြီးအကဲ ဦးခင်မောင်ဆွေက " သုတေတနအလုပ်အား သုတေသန ပညာရှင်များသာ လုပ်သင့်ကြောင်း" သုံးသပ်ပြောဆိုသွားပြီး စာဖတ်သူတစ်ဦးကမူ " နိုင်ငံတော် သမ္မတ လုပ်ပြီး လယ်စိုက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဗျာ။ ဖြစ်နိုင်တာက သမ္မကြီး နေပြည်တော်မှာ အင်တာနက် ကွန်နက်ရှင်ကောင်းလို့ Facebook ပေါ်တက်ပြီး FarmVille ဆော့တာပဲ ဖြစ်ရမယ်" ဟု သူတို့ အမြင်များကို အသီးသီ ပြောဆိုသွား ကြသည်။

@ကိုယ်တော်ကြီး


Read More ...

ဝက်နားရွာပြာရောဂါ ရန်ကုန်တွင် အကြီးအကျယ် ပြန့်နှံ့

(Mike-christelle photo)

ရန်ကုန်တွင် ၀က်နားရွက်ပြာရောဂါ အကြီးအကျယ် ကူးစက်နေကြောင်း သိရသည်။ သတင်းဌာနတခုက ထိုအကြောင်း ဓာတ်ပုံနှင့် တကွ ဖော်ပြထားသည် (Click Here)။

အလွန် ကူးစက်မြန်သော ထိုရောဂါအကြောင်းကို ရန်ကုန်တွင် ရိုက်ကူးထားသည်ဟု ယူဆရသော ၀က်သား တုတ်ထိုး ဆိုင်တဆိုင်၏ ဓာတ်ပုံတွင် သိသာ ထင်ရှားစွာ တွေ့ရသည်။

ဝက်သားတုတ်ထိုးဆိုင်ပင် အပြာရောင် ဖြစ်သွားသည်အထိ အခြေအနေ ဆိုးနေသည်။

လက်တို့သူ- ဇာနည်ဝင်း


နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင်မည်

နိုင်ငံပိုင် ဂြိုဟ်တုတလုံး လွှတ်တင်သွားမည်ဟု ပြည်ထောင်စု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင့်လွင်က ထုတ်ဖော် ပြောဆိုလိုက်သည်။

အဆိုပါဂြိုဟ်တုကို ဂြိုဟ်တု ၀မ်းနှုတ်ဆေး လုပ်ငန်း နှင့် ပူးပေါင်း လွှတ်တင်ရန် စီစဉ်နေကြောင်း မိုဘိုင်း တိုင်းရင်းဆေးဝါး ကွန်ယက်စနစ် တည်ဆောက်ရေးနှင့် ထုတ်လုပ်ရေး အခြေခံသင်တန်း အမှတ်စဉ် ၂ နှင့် အခြေခံ တိုင်းရင်းဆေး သင်တန်း (ဝ၁/၁၁-၁၂) ဖွင့်ပွဲ အခမ်းအနားတွင် ဦးတင့်လွင်က ပြောဆိုကြောင်း ဇွန် ၁၂ ရက်ထုတ် ရန်ကုန်အခြေစိုက် Weekly Eleven ဂျာနယ်၌ ရေးသားထားသည်။

မြန်မာနိုင်ငံမှ လွှတ်တင်မည့် ဂြိုဟ်တုဝမ်းနှုတ်ဆေးကို တိုင်းရင်းဆေးဆိုင်များတွင် ၀ယ်ယူ ရရှိနိုင်ကြောင်း သိရသည်။

@ပရလောကသားတစ်ဦး


Read More ...

Thursday, June 16, 2011

ကြံ့ဖွတ် စစ်တပ်နှင့် တိုက်ရန် KIA လေးခွသာ လိုအပ်

(Photo: jinghpawkasa.blogspot.com)

မြန်မာ စစ်တပ်နှင့် တိုက်ခိုက်ရန် အတွက် ကေအိုင်အေ စစ်တပ် သည် လောက်လေးခွ ကို သာ အသုံးပြုကြောင်း ဓါတ်ပုံ

@ကိုယ်တော်ကြီး


Read More ...

Wednesday, June 15, 2011

အစိုးရ၀န်ထမ်းဆိုတာ

နေပြည်တော်ရှိ အစိုးရ ၀န်ထမ်းအိမ်ရာ တစ်ခုတွင် မွေးနေ့ပွဲတစ်ခု ကျင်းပနေသော အချိန်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော ဆွဲကြိုးကိုကြည့်ပြီး ဧည့်သည်အားလုံးက “လှလိုက်တာ၊ လှလိုက်တာ” ဟု အားလုံး ၀ိုင်းဝန်း ချီးမွမ်းနေကြသည်။ ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသော အမျိုးသမီး ငယ်သည် အားပါးတရ ကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွဲကြိုးကိုချွတ်ပေးလိုက်၏။ဆွဲကြိုးသည် တစ်လက်မှတစ်လက်သို့ ကူးသွားပြီး နောက်ဆုံးတွင် ပျောက်သွားတော့သည်။

အမျိုးသမီးကြီးတစ်ဦးက စိတ်မကောင်း ဖြစ်မိစွာဖြင့်ပြော၏။ “အချင်းချင်း ဒီလိုလုပ်တာတော့ မကောင်းပါဘူး။ ဒါကြောင့် ယူထားတာ ကိုလဲ ဘယ်သူမှမသိအောင် အခုစားပွဲပေါ်ကို ငွေဖလားတစ်လုံး တင်လိုက်မယ်။ပြီးရင်မီးခလုတ်ကို ပိတ်ပြီး တစ်ရာအထိရေမယ်။ မီးပြန်ဖွင့် လိုက်တဲ့အချိန်မှာ ဆွဲကြိုးကို ငွေဖလားထဲမှာ ပြန်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ချင်ပါတယ်” လို့ပြောလိုက်ပါတယ်။

မီးကို ပိတ်လိုက်ပြီး တစ်ကနေ တစ်ရအထိရေတယ်။ ပြီးတော့မီးကိုပြန်ဖွင့်လိုက်တယ်။

စားပွဲပေါ်မှာ ငွေဖလားမရှိတော့...


(ရေးသားပေးပို့သူ - ကြည်ဝင်း)


ကချင်ပြည်နယ်ကို စစ်ကိုင်းတိုင်းအတွင်း ထည့်သွင်းသတ်မှတ်

အစိုးရသစ် တက်လာပြီးနောက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သတ်မှတ်ကာ ပြည်နယ်နှင့် တိုင်းများ၏ နယ်နမိတ်ကို အသစ်ပြင်ဆင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

လောလောဆယ်တွင် ဦးသိန်းစိန် အစိုးရနှင့် ကေအိုင်အေ အကြား ပဋိပက္ခများ ဖြစ်ပွားနေသည့် အတွက်၊ ကချင်ပြည်နယ် တစ်ခုလုံးကို စစ်ကိုင်းတိုင်း အတွင်း ထည့်သွင်းလိုက်သည်။ အဆိုပါ သတင်းကို မြန်မာတိုင်းမ် တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

@W.T.H



Read More ...

Sunday, June 12, 2011

သတင်းစာများသည် ခေတ်သမိုင်းကို ပြောပြနေသည်

(aplar.blogspot.com)

နှစ်တွေတော့ ကြာခဲ့ပါပြီ။
နာဂစ်ပြီးစ သတင်းစာထဲက သတင်း တစ်ပုဒ်ပါ။
ပြည်သူတွေ ရေဘေးမှ ခိုလှုံနိုင်ဖို့ ပေ (၂၀)၊ (၃၀) မြင့်တဲ့ လမ်းတွေ တည်ဆောက်မယ် ဆိုပဲ။
အဲသလောက် အမြင့်အထိ မြေသားတမံ ဖြစ်အောင် မြေဖို့ပြီး လမ်းတွေ ဖောက်မယ်လို့ သတင်းစာက ဆိုပါတယ်။
ခေတ်သမိုင်းကို ထင်ဟပ်တဲ့ သတင်းတစ်ပုဒ် ဖြစ်လို့ ဖော်ပြလိုက်ပါတယ်။

@O.H.N


Saturday, June 11, 2011

လျှပ်စစ်မီး သုံးစွဲခွင့်၊ ဘတ်စ်ကား ချောင်ချိစွာ စီးခွင့်၊ သန့်ရှင်းသော ငွေစက္ကူ အသုံးပြုခွင့်များကို အခြေခံ လူ့အခွင့်အရေး အဖြစ် ထည့်သွင်းမည်

ကုလသမဂ္ဂ၏ အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အင်တာနက်သုံးစွဲခွင့်ကို အခြေခံ လူ့အခွင့်အရေး အဖြစ် ထည့်သွင်းလိုက်ပြီဖြစ်သည် (ဒီမှာ ဖတ်ပါ)။ ယခု ဆက်လက်ပြီး မြန်မာပြည်သူ ပြည်သားများအတွက် လျှပ်စစ်မီး အပြည့်အ၀ သုံးစွဲခွင့်၊ ဘတ်စ်ကားများကို ချောင်ချိစွာ စီးနိုင်ခွင့်၊ သန့်ရှင်းသော ငွေစက္ကူများကို ကိုင်ဆောင်ခွင့်များကိုလည်း မြန်မာပြည်သူ့လူ့အခွင့်အရေး အဖြစ် ထည့်သွင်းရန် စီစဉ်နေပြီဟု သိရသည်။

ဖြောင့်တန်းစွာ စာမကျက်နိုင်ခြင်းသည်
အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်သည်
(Photo: aturnic.livejournal.com)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာထဲတွင် ကျောင်းသူ ကျောင်းသား ကလေးငယ်များ၏ စာကျက်မှတ်လေ့လာရန် အဓိက လိုအပ်ချက် ဖြစ်သော လျှပ်စစ်မီး မရရှိခြင်း၊ ပြည်သူ လူထု၏ နေ့စဉ် လူမှုဘ၀ အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီး မလာခြင်း၊ နေ့စဉ် သွားလာ လှုပ်ရှားရာတွင် လွတ်လပ်မှု မရှိဘဲ လူမတန်တဆ ပြည့်သိပ် ကျပ်ညပ်ကာ လူနှင့် မတူအောင် ဘတ်စ်ကား စီးရခြင်း၊ ညစ်ပတ်ပေရေပြီး ရောဂါပိုးမွှားများ တွယ်ကပ်နေနိုင်သော ငွေစက္ကူများကို နေ့စဉ်ကိုင်တွယ် သုံးစွဲရခြင်းများကို လူတစ်ဦးချင်း၏ လွတ်လပ် အဆင်ပြေမှု၊ ပညာရေး တိုးတက်မှုနှင့် ကျန်းမာရေး ရှုထောင့်များမှ ကြည့်လျှင် (လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ ဘတ်စ်ကား ကျပ်ညပ်စွာ စီးရခြင်း၊ ညစ်ပတ်ပေရေသော ငွေစက္ကူများကို သုံးစွဲရခြင်း များကို အဆင်ပြေအောင် စီစဉ် ဆောင်ရွက်မှု လုံးဝ မရှိခြင်း) သည် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည်လို့ အတိအလင်း ဖော်ပြထားပါသည်။

BSN သတင်းဌာနက မြန်မာနိုင်ငံမှ ပြည်သူများကို ၂၀၁၁ ခုနှစ် မတ်လအတွင်း စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၁၀၀ ရာခိုင်နှုန်းသော  ပြည်သူများက ဖော်ပြပါ အချက်များမှာ အခြေခံကျသော အခွင့်အရေးဖြစ်သည်ဟု ယူဆကြကြောင်း ဖော်ပြခဲ့ကြပါသည်။

ကျောင်းသူ ကျောင်းသားများ ပညာရည် မြင့်မားစေရန် အတွက် ညဘက်တွင် လျှပ်စစ်မီးဖြင့် စာကျက်မှတ် နိုင်ရေးသည် အလွန် အဓိကကျသည်။ ထို့ကြောင့် ကျောင်းသူ ကျောင်းသားများ ၏ တိုးတက်မှုကို ပိတ်ပင်သော လျှပ်စစ်မီး မရရှိခြင်းမှာ ကျောင်းသား လူငယ်များ၏ အဓိက လူ့ခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဘတ်စ်ကားများကို လူနှင့်မတူဘဲ အလွန်အမင်း ကျပ်သိပ်စွာ စီးနင်းခြင်းကြောင့်၊ ခရီးသည်များ အကြား၊ ကူးစက်ရောဂါများ လွန်ကူစွာ ပြန့်နှံ့နိုင်သည်။ ထိုနည်းတူ ချေးအထပ်ထပ်တက်ကာ ညစ်ပတ်ပေရေနေသော ငွေစက္ကူများကလည်း ရောဂါပိုးမွှားများကို ပြန့်ပွားစေနိုင်သည်။ အဆိုပါ အဖြစ်အပျက်များကို ကာကွယ်မှု မပြုဘဲ မျက်ကွယ် ပြုထားခြင်းသည် ပြည်သူ လူထု၏ အခြေခံ အခွင့်အရေး ဖြစ်သော ကျန်းမာရွှင်လန်းပိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။


မြန်မာ ဖြစ်ရသည်ကို ဂုဏ်ယူပါ

ဒီနေ့ ဂျပန်က CitiBank မှာ account ဖွင့်ဖို့ ဖုန်းဆက်ပြီးစုံစမ်းမေးမြန်းတော့
Visa ရှိတယ် နိုင်ငံခြားသားကဒ်ကလည်း သက်တမ်းရှိသေးတယ် ဒါပေမယ့်
နောက်ဆုံးတစ်ချက်မှာ ဖုန်းကိုအသာလေးပြန်ချလိုက်ရပါတယ်

"စီးပွားရေး၊နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာဆိုရင် CitiBank account ဖွင့်ဖို့ခွင့်မပြုပါဘူး " တဲ့

အရှက်ကွဲရပါတယ် ကိုယ့်လူရေ

တခြားနိုင်ငံက CitiBank တွေ ဘယ်လိုနေလဲတော့မသိဘူး


တာတေကြီး
ပရလောက


ဂျင်းဘောင်းဘီကို ပုဂံခေတ် ကတည်းက မြန်မာလူမျိုးများ ၀တ်ဆင်ခဲ့

(ဓာတ်ပုံ-ကျန်စစ်မင်း ဇာတ်ကားမှ)

မြန်မာလူမျိုးများသည် ပုဂံခေတ်ကတည်းကပင် ဂျင်းဘောင်းဘီနှင့် ဝေ့စကုတ် ကို ၀တ်ဆင်ခဲ့ကြသည်။ ထိုကဲ့သို့ ၀တ်ဆင်ကြောင်းကို ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီး၊ သူ၏ မိဖုရားများ နှင့် နောက်လိုက် နောက်ပါများ မြင်းရထား စီးပြီး ဘုရားဖူး ထွက်တော်မူသော မြင်ကွင်းတစ်ခုတွင် အထက်ပါအတိုင်း တွေ့ရသည်။
(မြင်းရထား နောက်ဘက် ခပ်လှမ်းလှမ်း၊ လမ်းဘေးမှ လူနှစ်ယောက်ကို ရှုပါ)။

လူမင်းရဲ့ ကျန်စစ်မင်း ဇာတ်ကား ကြည့်ရှုရန် ...




Thursday, June 9, 2011

ထိုင်းနိုင်ငံတွင်လူများသာမက တိရစ္ဆာန်များပါ ရွေးကောက်ပွဲဝင်လျက်ရှိ

အိမ်နီးချင်းထိုင်းနိုင်ငံတွင် မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ရာ ယခုနှစ်တွင် ထူးထူးခြားခြား လူများသာမက တိရစ္ဆာန်များပါ ပါဝင် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

လောလောဆယ်တွင် တိရိစ္ဆာန်များဖြစ်ကြသည့် ကျွဲ၊ ကျား၊ ခွေး၊ ဖွတ် နှင့် မျောက် များက ပါတီထောင်၍ ယှဉ်ပြိုင် နေသည်။

အဆိုပါ ပါတီအား သွားရောက် စုံစမ်း မေးမြန်းကြည့်ရာတွင် -
"ကျွန်တော်တို့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ကြံ နဲ့ ဖွတ် ပေါင်းပြီးတော့ ကြံဖွတ် ပါတီထောင်ပြီး တခြား လူသား ပါတီတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ယူနိုင်တာ မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ကျွန်တော်တို့လဲ ဒီလိုမဖြစ်ဘူးလို့မပြောနိုင်ဘူး" ဟုပါတီဝင်တစ်ဦးက ထူးဆန်းစွာဖြင့် လူလိုပြန်ဖြေခဲ့ပါသည်။

ယခု ပါဝင်ယှဉ်ပြိုင်သောဖွတ်မှာ မြန်မာနိုင်ငံ ကြံဖွတ်ပါတီမှ ဖွတ်သတ္တ၀ါနှင့် ဆွေမျိုး တစ်စုံတရာ တော်စပ်ပါသလား ဟု မေးမြန်းကြည့်ရာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သဖြင့် ဖြေကြားခွင့်မရှိဟု တုန့်ပြန်သည်။

(သတင်း၊ ဓာတ်ပုံ -ဘန်ကောက်မှလက်တို့သူ)







Wednesday, June 8, 2011

တို့နိုင်ငံက ၀န်ကြီးချုပ် (ယခု သမ္မတ) ထိုင်းဝန်ကြီးချုပ်ထက် ဘုန်းကံမြင့်မား

မြန်မာ ၀န်ကြီးချုပ် ဖြစ်ခဲ့သူ၊ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ၀ိဇ္ဇာဇီဝ ထက် ဘုန်းကံ မြင့်မားသည်ကို တွေ့ရသည်။

(Photo: AP)

သမ္မတကြီး ဦးသိန်းစိန်သည် ဘုန်းကံပါရမီနှင့် ပြည့်စုံသောကြောင့် လက်ဖက်ရည် ကော်ဖီတို့ကို ကိုယ်တိုင် ဖျော်သောက်စရာ မလိုဘဲ အသင့်ဖျော်ထားသည့် လက်ဖက်ရည်၊ ကော်ဖီကို ဇိမ်ကျကျ သောက်သုံးနိုင်သည်။

(Photo: Irrawaddy Blog)

သို့သော် လက်ရှိ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ၀ိဇ္ဇာဇီဝ မှာမူ ငယ်စဉ်က အလွန်ဆင်းရဲပြီး လက်ဖက်ရည်ဆိုင်တွင် ဖျော်ဆရာ အဖြစ် အမှုထမ်းခဲ့သူ ဖြစ်သဖြင့် ကော်ဖီကို ကိုယ်တိုင် ဖျော်သောက်ရရှာသည်။

ထိုနည်းတူ ၀န်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲ ၀င်မည့် သက်ဆင်၏ ညီမ ရင်လပ် ရှင်နာဝပ်မှာလည်း ကိုယ်တိုင် လက်ဖက်ရည် ဖျော်ရောင်းပြီး ဆင်းရဲသော သူမပါတီအတွက် ရန်ပုံငွေ ရှာဖွေပေးနေရသည်။



(သူမသာ ရွေးကောက်ပွဲ အနိုင်ရပါက ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာမည်ဟု သတင်းတစ်ပုဒ်က ဆိုထားသည်။ သူမ အနိုင်ရချိန်မှသာ ထိုင်းနိုင်ငံတွင် ပထမဆုံး ၀န်ကြီးချုပ် ရှိလာမည် ဖြစ်သဖြင့်- အဖိဆစ် ၀ိဇ္ဇာဇီဝမှာ ၀န်ကြီးချုပ် မဟုတ်ဘဲ
ဝန်ကလေးချုပ် ဖြစ်ပုံရသည်။ ထို့နည်းတူ ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် Phraya Manopakorn Nititada (၁၉၃၂-၁၉၃၃) မှာလည်း ပထမဆုံး ၀န်ကလေးချုပ် ဖြစ်ပုံရပါသည်။ :P စကားချပ်)

အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးစလုံးမှာ- ဦးသိန်းစိန်နှင့် နှိုင်းယှဉ်လျှင် ဘုန်းကံပါရမီ အလွန့် အလွန်ညံ့ဖျင်းသဖြင့် ယခုကဲ့သို့ လက်ဖက်ရည် ကော်ဖီကို ကိုယ်တိုင်ဖျော်ကာ၊ လမ်းဘေး ဈေးသည်ကဲ့သို့ ရောင်းချနေကြရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဝေဒသုတေသန အသင်း အမှုဆောင်တစ်ဦးက BSN သို့ ပြောပြသည်။

သူတို့ နှစ်ဦးတွင် တစ်ဦးဦး ရွေးကောက်ပွဲ ရှုံးနိမ့်သွားပါက လက်ဖက်ရည်ဆိုင်ဖွင့်ပြီး၊ နိုင်ငံရေးလောကမှ အနားယူကာ အေးအေးလူလူ နေထိုင်ကြမည်ဟု သိရှိရသည်။


Read Original News ...

အမြန်ဆုံး အင်တာနက် Speed ရှာဖွေတွေ့ရှိ

ကမ္ဘာပေါ်တွင် သာမက စကြာဝဠာတစ်ခွင်လုံးတွင် အမြန်ဆုံးဟု ယူဆရသော အင်တာနက် Speed ကို မြန်မာရုပ်ရှင်တစ်ခု တွင် အောက်ပါ အတိုင်း ထူးဆန်းစွာ ရှာဖွေ တွေ့ရှိရသည်။

(အချစ်နဲ့ အခြစ် ဇာတ်ကားမှ)

@သူတော်စင်-ဂါဗရိယေလ

အမြန်ဆုံး အင်တာနက် Speed ကို ရုပ်ရှင်တွင် ရှုစားရန် ...

Monday, June 6, 2011

ရန်ကုန်မြို့၊ ဘန်ကောက်နှင့် ထပ်တူထပ်မျှ တိုးတက်လျက်ရှိ

"Stealth" ရုပ်ရှင် ဇာတ်ကားတွင် လျှပ်စစ်မီးများ ထိန်ထိန် လင်းနေပြီး အလွန် ခေတ်မီ တိုးတက်နေသည့် ရန်ကုန်မြို့ကို တွေ့မြင် ရှုစားရသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာပြည်မှ ရန်ကုန်မြို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ထပ်တူထပ်မျှ တိုးတက် ခေတ်မီနေသည်။

ရန်ကုန်မြို့လည်တွင် အထပ်ပေါင်းများစွာ မြင့်မားသည့် ခေတ်မီ မိုးမျှော်တိုက်ကြီးပေါင်း များစွာကို တွေ့ရပြီး၊ မိုးပျံ အမြန်ကားလမ်းမကြီးလည်း ရှိသည်။ ဤမျှ ခေတ်မီဖွံ့ဖြိုးသည့် ရန်ကုန်မြို့တော်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရမှ ခေတ်မီစီမံကိန်းများဖြင့် တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း Stealth ရုပ်ရှင်ဇာတ်ကား အရ သိရှိရသည်။

Rangoon, Myanmar ကို ဗုံးကြဲမည်

ရန်ကုန်မြို့ပေါ်မှ ကားများ
ကားနံပါတ်- ၃၀/၁၃၄၀ နှင့် ငခ/၂၄၅၀

ဘန်ကောက်နှင့် ထပ်တူထပ်မျှ တိုးတက်နေသည့် ရန်ကုန်မြို့ကို ရုပ်ရှင်ထဲတွင် တွေ့ရသည်။

လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ ရန်ကုန်

ထိုင်းဘုန်းတော်ကြီးကျောင်းကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့ တည်ဆောက်ထားသည်

ရန်ကုန်မြို့မှ မိုးပျံ အမြန်ကားလမ်းမကြီးများကို ညအချိန်တွင် တွေ့မြင်ရပုံ

(ဓာတ်ပုံများကို Stealth ရုပ်ရှင်ကားမှ ရယူပါသည်။)


Saturday, June 4, 2011

မြန်မာနိုင်ငံမှာ- မီးအိမ်ထွန်းပြီး ရုပ်သံလွှင့်ပြီ

မြန်မာနိုင်ငံမှာ MRTV-4 ရုပ်မြင်သံကြား အစီအစဉ်မှ မီးအိမ်ထွန်းပြီး ရုပ်သံလွှင့်နေပါတယ် (Click Here)။

(Photo: Zarny Win)

တီဗီ ရိုက်နေတုန်း မီးပျက်သွားရင် အဲဒီ မီးအိမ်ထွန်းပြီး ရိုက်ဖို့ ချထားတာလဲ ဖြစ်နိုင်တယ်။ မြန်မာပြည် ဒေသအနှံ့အပြားမှာ လျှပ်စစ်မီး မရှိလို့ မီးအိမ်ထွန်းပြီး နေထိုင်ကြရတဲ့ ဘ၀တွေ ကို ပို့စ်မော်ဒန် နည်းနဲ့ တင်ပြတာလဲ ဖြစ်နိုင်ပါတယ်။ မီးအိမ်ရှင် ဒေါက်တာ နိုက်တင်ဂေးလ်လို့ မိမိကိုယ်မိမိ ဘွဲ့မည်ရည် တပ်ထားသူ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)က "ကျွန်မမှာ မီးအိမ် တစ်လုံး ရှိတယ်" လို့ ထီးပြင်၊ ဓာတ်မီးပြင်၊ မီးအိမ်ပြင်တဲ့ ကုလားတွေ သိအောင် ကြေညာမောင်း ခတ်တာလဲ ဖြစ်နိုင်ပါတယ်။

သတင်းများကို ရေနံဆီမှန်အိမ်ထွန်းပြီး ကြေညာပါတော့ မယ်ရှင်

နီပေါနိုင်ငံမှာတော့ နိုင်ငံအတွင်း လျှပ်စစ်မီးများ ပြတ်တောက်မှုတွေကို သက်သေပြတဲ့ အနေနဲ့ နီပေါ ထိပ်တန်း ကန်တီပူရ် ရုပ်မြင်သံကြား အသံလွှင့် ဌာနကနေပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက ညစဉ် သတင်းတွေကို မီရောင်မှိန်မှိန် ( မှောင်ရီဝိုးတစ်ဝါး ) အခြေအနေနဲ့ မီးအိမ်လေး ထွန်းပြီး ထုတ်လွှင့်  တင်ဆက်ခဲ့ဖူးတာကို တွေ့ရပါတယ်။




Thursday, June 2, 2011

ကလေးငယ် လမ်းဘေးခွေးများ ၀ိုင်းကိုက်ခံရပြီးနောက် ခွေးနှိမ်နှင်းရေးများ မော်လမြိုင်မြို့တွင် ပြုလုပ်

လွန်ခဲ့သည့် ၂ ပတ်ဝန်းကျင်က မော်လမြိုင်မြို့ တောင်ပေါ်တန်းရပ်တွင် ၄၊ ၅နှစ် အရွယ်ကလေးငယ်ကို လမ်းပေါ်တွင် ကျက်စားလေ့ရှိသည့် ခွေးအုပ်က ၀ိုင်းကိုက်ခဲ့သဖြင့် ကလေးငယ်မှာ ဆေးရုံရောက်သည်အထိ ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုအခါ မော်လမြိုင်မြို့၌ ခွေးနှိမ်နှင်းရေးများ ပြုလုပ်နေသည်ဟု မြို့ခံများကပြောသည်။

ထိုစဉ်က ကလေးငယ်မှာ အခြားကလေးဖေါ် တစ်ဦးနှင့်အတူ လမ်းလျှောက်လာစဉ် ခွေးအုပ်က ၀ိုင်းကိုက်သဖြင့် အသက် ၈ နှစ်ရွယ် ကလေးဖေါ်မှာ ထွက်ပြေးနိုင်သော်လည်း ၄၊ ၅ နှစ်ရွယ်ကလေးမှာ ကျောကုန်း၊ ရင်ပတ်နှင့် လက်များတွင် ခွေးကိုက်ဒဏ်ရာများရ ရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်နေထိုင်သူ တစ်ဦးက မိုးမခ သို့ပြောသည်။


ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် မော်လမြိုင်မြို့ စည်ပင်သာယာအဖွဲ့က အဆိပ်ထည့်ထားသည့် အသားတုံးဖြင့် လမ်းပေါ်ရှိ ခွေးများကို နှိမ်နှင်းလျက်ရှိပြီး လမ်းပေါ်မှ ပိုင်ရှင်မဲ့ခွေးများကို ကာကွယ်ပေးထားသူ၊ ဖွက်ထားသူရှိပါက အရေးယူခံရမည်ဟုလည်း အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်ဟု အဆိုပါရပ်ကွက်ခံက ပြောပြသည်။

မော်လမြိုင်မြို့တွင် လမ်းပေါ်တွင် ကျက်စားသည့် ပိုင်ရှင်မဲ့ ခွေးများပေါများလွန်းသဖြင့် ဆိုင်ကယ်စီးသူများ မကြာခဏ တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ကာ ဒဏ်ရာရလေ့ရှိသည့် အတွက်ဆိုင်ကယ်စီးရာတွင် ခွေးကို အလွန် သတိထားရသည် ဟု အသက် ၄၅ နှစ်အရွယ် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ မကြာမီရက်ပိုင်း ကပင် ဆိုင်ကယ်ဖြင့် သမီးကျောင်းကြိုပြန်လာသူတစ်ဦး ခွေးကို တိုက်မိပြီး တိမ်းမှောက်ကာ ပွန်းပဲဒဏ်ရာများရပြီး ရက်အနည်းငယ်အကြာတွင် ဦးနှောက် အတွင်း ထိခိုက်မှုရှိခဲ့သဖြင့် အကြောဆွဲသည့် လက္ခဏာများ ပြသလာပြီး ရန်ကုန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည့် အဖြစ်လည်း ရှိသည်ဟု ဆွေမျိုးသားချင်း တဦးကပြောပြသည်။

မော်လမြိုင်မြို့သာမက ရန်ကုန်မြို့တွင်လည်း ပိုင်ရှင်မဲ့ ခွေးပေါများလွန်းပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဆူညံမှု တို့ဖြစ်စေသည်ဟု ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ မကြာသေးမီက ၀က်ဆိုက် သတင်းဖေါ်ပြမှု တစ်ခုတွင် ရန်ကုန်မြို့တွင် ခွေးကောင်ရေ ၁ သိန်းရှိသည်ဟု ဖေါ်ပြထားပြီး လူဦးရေ ၆ သန်းနီးပါးရှိသည့် အတွက် လူ ၆၀ လျင် ပိုင်ရှင်မဲ့ ခွေးတကောင်နှုန်း ရှိသည့်သဘောလည်း ဖြစ်သည်။

မိုးမခ မှ တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။

Wednesday, June 1, 2011

ရတနာမိုင်ကို ဂျပန်အမျိုးသမီး အဆိုတော် ပန်ကြား

ဂျပန်အမျိုးသမီးအဆိုတော် Utada Hikaru ဟာ မအားလပ်တဲ့ကြားက တခုတ်တရ appointment ယူပြီးတော့ ပရလောကသားများကို ဆက်သွယ် ရင်ဖွင့်လာပါတယ်။

သူမ ပြောတာကတော့- ယနေ့ မြန်မာနိုင်ငံမှာရဲ့ဂီတပွဲတွေ၊ ဖက်ရှင်ရှိုးတွေမှာ ဂျပန်ဒီဇိုင်း ဖက်ရှင်တွေ ခေတ်စား လာတာနဲ့အမျှ သူမလည်း အားလပ်တဲ့ အချိန်တွေမှာ Myanmar Celebrity အပါအဝင်
အခြား စိတ်ဝင်စားဖွယ် website များကို ကြည့်ရှုမိကြောင်း၊ သူ့မရဲ့ First Love သီချင်းအား မြန်မာ အဆိုတော် ရတနာမိုင် ဆိုထားတာကို Myanmar Celebrity website မှာကြည့်လိုက်ရကြောင်း၊

ရတနာမိုင်ဟာ သူမရဲ့ သီချင်းကိုပြန်ဆိုထားရာမှာ သံစဉ်ကို ကော်ပီ ကူးထားတာမျိုး မဟုတ်ပဲ သီချင်းတစ်ပုဒ်လုံးကို ဂျပန် စာသား တွေကအစ အသံနေအသံထားပါ တထေရာတည်းဖြစ်အောင် သီဆိုနိုင်တဲ့အတွက် သူမ အပါအဝင် အိမ်သူအိမ်သား အိမ်ဖေါ်တွေကအစ သူမရဲ့ ဂီတ အသိုင်းအဝိုင်းကလည်း အံ့သြ ဝမ်းသာ လက်ဖျားခါခဲ့ရပါကြောင်း၊

သူမရဲ့ သီချင်းအားလုံးကို ရတနာမိုင်အား ဆိုခွင့်ပြုဖို့စဉ်းစား ထားပေမယ့် ရတနာမိုင်ကို တစ်ခုတော့ အနူးအညွတ် တောင်းပန်လိုပါကြောင်း၊


(Photo: MyanmarCelebrity)

အဲဒါကတော့ "သူမရဲ့သီချင်းကိုသီဆိုတဲ့အချိန်မှာ ဖင်ကိုကောက်ကောက်ပြီးမဆိုဖို့" ပဲဖြစ်ကြောင်း၊

ဂျပန်မှာ ကျင်းပတဲ့ မြန်မာရှိုးပွဲကို ရတနာမိုင် လာရောက် ဖျော်ဖြေမယ်ဆိုလို့ ရှိရင်လဲ၊ အတူတူ သီဆိုဖို့အတွက် " ဝ,ထ,က,လ,သ" သီချင်းကို လေ့ကျင့်နေကြောင်း ပြောကြားသွားပါတယ်။်

Utada Hikaru ရဲ့ First Love

ရတနာမိုင်ရဲ့ သီဆိုဟန်ကို ရှုစားရန် ...


@ပရလောကသားများ