Tuesday, July 26, 2011

ပေ ၈၀၀ မြင့်သော ဆေးခြောက်ပင်များ တွေ့ရှိ

ပေ ၈၀၀ မြင့်သော ဆေးခြောက်ပင်များ သတင်း (Click)

ကမ္ဘာ့ အမြင့်ဆုံး ဆေးခြောက်ပင်များဟု ယူဆရသည့် အမြင့် ပေ ၈၀၀ ရှိသော ဆေးခြောက်ပင်များကို မက္ကစီကိုနိုင်ငံအတွင်း မြန်မာဂျာနယ်လစ်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်တစ်ခုက ရေးသားသည်။

မူရင်း သတင်း (Click)

အဆိုပါ ဆေးခြောက်ပင်များမှာ ခရမ်းချဉ်သီးပင်များ အကြားတွင် စိုက်ပျိုးထားခြင်း ဖြစ်သော်လည်း မြန်မာဂျာနယ်လစ်များ မက္ကစီကိုနိုင်ငံသို့ သွားရောက် ကြည့်ရှု သည့်အခါ ခရမ်းချဉ်သီးမဟုတ်ဘဲ အာလူးများကိုသာ တွေ့ရှိခဲ့ကြသည် ဆို၏။

မြန်မာဂျာနယ်လစ်များက သူတို့ တွေ့ရှိသော Tomato (ခရမ်းချဉ်သီး) ကို "အာလူး" ဟု အထက်ပါ သတင်းတွင် မှတ်တမ်းတင်ကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မှတ်သားလိုက်သဖြင့် အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုရေး အဖွဲ့ဝင်များ အလုပ်ရှုတ်သွားကြသည်။ ဂျာနယ်လစ်များ အလိုအရ
 Tomato မှာ အာလူး ဖြစ်သွားသဖြင့် Potato ကို အဓိပ္ပါယ် ဖွင့်ဆိုရန် အခက်အခဲ ဖြစ်သွားကြောင်း အဘိဓာန် ပညာရှင်များက ပြောကြားသည်။

မည်သို့ပင် ဖြစ်စေ- ကြီးမားလှသည့် ဧရာမ ဆေးခြောက်ပင်ကြီးများကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့သည့် အဆိုပါ မြန်မာဂျာနယ်လစ်များအား မက္ကစီကိုနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ အထူး ဂုဏ်ပြုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

@KZT

5 comments:

  1. အလုပ်ရှုတ် မဟုတ်ပါ၊ အလုပ်ရှုပ် ဖြစ်ပါတယ်

    ReplyDelete
  2. စာလုံးပေါင်းသတ်ပုံ ပြုပြင်ပေးသဖြင့် ကျေးဇူးတင်ပါသည်။

    ReplyDelete
  3. Can't believed that the poor Burmese journalist are still lack of knowledge for the plants and animals.Since they can not differentiate the words between Potato and tomato. Inaccurate information for decimal numbers.Very badly,they have absolute no idea about Cannabis plants Which is spiritually and medically helpful to Human being since they have found many many years ago.without any considering that they just informed to cops to get arrest someone living just to be proud of themselves.If they have knowledge in international policy,history, science and culture they wouldn't informed to police to somebody lives imprisoning.In Latin america and Asia growth Sativa(cannabis)since thousand years ago and thy are usually 6ft-11ft tall.it is totally ridicules to press in public fake information or probably giving wrong education. Please don't be poisonous to our environment with the wrong information if you are living on Media.It's take many years to be make correction on someone mind to find truth.this is the matter of fact that the huge amount of people are sinking(our nationalities)once they copied the wrong thing.

    ReplyDelete
  4. မြန်မာဂျာနယ်လစ်တွေအရင်ကထက်ပိုတော်လာတဲ့သဘောပေါ့

    ReplyDelete
  5. ဘယ်ဂျာနယ် လဲဗျာ။ ရေးတဲ့သူကလဲ ချာတူးလန်။ အယ်ဒီတာကလဲ သူ့အလုပ်သူမလုပ်။ Journalist လို့ ခေါ်မနေပါနဲ့တော့။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။