Monday, January 2, 2012

လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း

ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတော်
Democratic Peoples' Republic of Koyokaya (DPRK)
(မြောက်ကိုးရိုးကားယား နိုင်ငံ- North Koyokaya)

အတုမရှိခေါင်းဆောင်ကြီးရုံး
ကြေညာချက်အမှတ် (၃/ချုချေ-၁၀၁)


အကြောင်းအရာ။     ။လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း

ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ (DPRK)အစိုးရ သည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဟူသော လောကပါလ ဒီမိုကရေစီ သဘောတရားနှင့် အညီ မြောက်ကိုးရိုးကားယား ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ သနားဂရုဏာ ရှေ့ထားပြီး စိုးမိုး အုပ်ချုပ်လျက်ရှိရာ- ကိုးရိုးကားယားနိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက် ကျူးလွန် ခြင်းကြောင့် ထောင်သွင်းအကျဉ်းကျခံနေရသော တိုင်းသူပြည်သားများကို ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ ကွယ်လွန်သူ ချစ်လှစွာသော ခေါင်းဆောင်ကြီး၏ အရိုက်အရာကို ရာသက်ပန် ဆက်ခံသော အတုမရှိခေါင်းဆောင်ကြီးက သနားကြင်နာခြင်းကြီးစွာဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

(၁) တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ထောင်ဒဏ် ထာဝရ ထက်ကျော်လွန် ကျခံနေရသူများကို ထောင်ဒဏ် ထာဝရ သို့လည်းကောင်း၊

(၂) ထောင်ဒဏ် နှစ် တစ်သောင်း ကျခံနေရသူများကို ထောင်ဒဏ် နှစ် ငါးထောင်သို့ လည်းကောင်း၊

(၃) ထောင်ဒဏ် နှစ်တစ်ထောင် ကျခံနေရသူများကို လေးပုံတစ်ပုံ လျှော့ရက်သတ်မှတ်ကာ ထောင်ဒဏ် နှစ်ခုနစ်ရာ့ ငါးဆယ်သို့လည်းကောင်း၊

အသီးသီး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
-
အထက်ဖော်ပြပါ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများ အနက်မှ ထောင်ဒဏ် အနည်းဆုံး နှစ်ပေါင်း ခုနစ်ရာ့ငါးဆယ် ကျခံထားပြီးသူများအား၊ ကွယ်လွန်သူ ချစ်သော ခေါင်းဆောင်ကြီး ဒေါ်ခင်ချိုအေး၏ ဖခင်ကြီး မွေးသက္ကရာဇ်ကို အခြေခံ တွက်ချက်ထားသော ကိုးရိုးကားယား ချုချေ-သက္ကရာဇ် ၁၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၃၂) ရက်နေ့မှ စတင်ကာ အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။   

(ပုံ)
ဒေါ်ခင်ချိုအုန်း
အတုမရှိခေါင်းဆောင်ကြီး
ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK)

2 comments:

  1. sinners are welcomed to my web site for self-correction.

    ReplyDelete
  2. အဟီး....ရေရေလယ်လယ်ရီသွားပါကြောင်း.....ခိခိခိ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။