Pages

Thursday, December 16, 2010

အနာဂတ် မြန်မာနိုင်ငံ သမ္မတ အမည် ကြိုတင်သတ်မှတ်

(Breaking News)

စင်ကာပူ ၀န်ကြီးချုပ်ဟောင်းနှင့် လက်ရှိ မင်းဆရာ-အမတ်ကြီး လီကွမ်ယူးက မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ဆက်ဆံရတာ "လူသေကောင်" တွေကို စကားပြောရသလိုပဲဟု ပြောဆိုချက် ပေါ်ထွက်ခဲ့ပြီးနောက် မြန်မာ ခေါင်းဆောင်များ အနေဖြင့် သူတို့သည် လီကွမ်ယူး ပြောသလို "လူသေကောင်" များ မဟုတ်ကြဘဲ "လူရှင်ကောင်" များဖြစ်ကြောင်း သက်သေပြရန် ကြိုးစားနေကြကြောင်း ယနေ့ ကြားဖြတ် သတင်းတစ်ပုဒ် ရရှိသည်။

ထို့ကြောင့် မြန်မာ့ ခေါင်းဆောင်သည် "လူရှင်ကောင်" ဖြစ်ကြောင်း တစ်ကမ္ဘာလုံးက သိစေရန်အတွက် လာမည့် နိုင်ငံတော် သမ္မတ အမည်အား "လောင်ရှင်ကူ" (Lao Xing Ku)- လူရှင်ကောင် ဟု အမည်ပေးရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရသည်။ (လောင်ရှင်ကူ သတင်း အကျယ်-ဖတ်ရန်)

ထိုသို့ မြန်မာနိုင်ငံ သမ္မတကြီးအား လောင်ရှင်ကူ ဟူသော တရုတ်အမည်ပေးလိုက်ခြင်းဖြင့် တရုတ်နှင့် မြန်မာပြည်တို့၏ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမို ခိုင်မာစေမည့် အပြင် မြန်မာပြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ခွဲခြား မရသော အစိတ်အပိုင်း ဖြစ်ကြောင်း သတ်မှတ်ချက်ကို ပိုမို ထင်သာမြင်သာ ရှိစေလိမ့်မည် ဖြစ်ကြောင်း မြန်မာအစိုးရ ထိပ်တန်း အရာရှိကြီး တစ်ဦးက ပြောကြားလိုက်သည်။

တရုတ်မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် မြန်မာတိုင်းရင်းသား တစ်မျိုးဖြစ်သည့် ချင်း (Chin) လူမျိုးများက တရုတ်ပြည် Chin မင်းဆက်ကို စတင်ထူထောင်ခဲ့သည့် ဘီစီ ၂၀၀ ကျော်ကပင် စတင်ခဲ့ကြောင်း သိရသည်။ (သတင်းဖော်ပြပြီး၊ ပြန်ဖတ်ရန်)

1 comment:

  1. တရုတ်ပြည်သူ့ သမတ မြန်မာနိုင်ငံတော်ကြီးရဲ့ ဒုတိယ သမတ တွေကတော့
    တရုတ်နိုဗဲဆုရှင် လူရှောင်ဘို၇ဲ့ ညီ လူရှောင်ကင် နဲ့ လောင်ရှုကင် တို့ ဖြစ်ကြပါတယ်။
    လူသေကောင် မဟုတ် လူရှင်ကောင်ဆိုတာ တွံ-အသင် လီကွမ်-အရူး သည် ဂဏှာဟိ မှတ်လေလော့။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။