ယခင် စစ်အစိုးရလက်ထက် ထုတ်ဝေခဲ့သော သတင်းစာများ အရ မြန်မာနိုင်ငံသည် အလွန်ချမ်းသာ ကြွယ်ဝကြောင်း သိရသည်။ မူလတန်း ကျောင်းသုံးစာအုပ်များ တွင်လည်း မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ အလွန်ပေါများကြောင်း ပြဌာန်းထားသည်။ သဘာဝ တွင်းထွက်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား ပေါကြွယ်ဝသော၊ ဆန်ရေစပါး သားငါး သီးနှံ ပေါများ ပြည့်လျှံသော မြန်မာပြည်မှာ အလွန်ပင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ကြောင်း သတင်းများတွင် ဖတ်ရှုရသည်။ သတင်းစာများအရ ဆိုလျှင် မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ ဖြစ်ဖို့ ဝေးစွ၊ ဖွံ့ဖြိုးဆဲ အဆင့်ကိုပင် ကျော်လွန်ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီ တိုးတက် ချမ်းသာသော မြန်မာနိုင်ငံတော်ကြီးသည် အရပ်သား အ၀တ်အစားကို ဆင်မြန်း ၀တ်ဆင်သည့် အစိုးရသစ် တက်လာပြီးနောက် နှစ်လအတွင်း ရုတ်ချည်း ဆင်းရဲသွားသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ယခုကဲ့သို့ ရုတ်တရက် ဆင်းရဲသွားသဖြင့် နေပြည်တော်တွင် "ဆင်းရဲမွဲတေမှု ဖိုရမ်" ကို ကျင်းပနေရကြောင်း သတင်းများတွင် တွေ့ရသည်။
@HN
News & News
ဒါတင်မကပါဘူး။ နအဖလက်ထက်တလျှောက်လုံး ချမ်းသာလာလိုက်တဲ့ မြန်မာနိုင်ငံ သမ္မတကြီး ကျမ်းကျိန်လိုက်တာနဲ့ ချက်ချင်း ဆင်းရဲသွားတာပဲ...
ReplyDelete