Pages

Monday, December 20, 2010

BS News သိုးဆောင်းဘာသာ စာမျက်နှာအား စက်ရုပ်များ တိုက်ခိုက်

မြန်မာ့ သတင်းများကို အသွင်သစ်ဖြင့် ဖော်ပြပေးနေသည့် Burma Strange News ၏ သိုးဆောင်းဘာသာ ဘလော့ စာမျက်နှာဖြစ်သည့် Strange Burma News http://strangeburmanews.blogspot.com/ အား အမည်မသိ မျက်နှာဖုံးစွပ် စက်ရုပ် စွမ်းအားရှင် သူရမ်းကား တစုက အသားလွတ် အကြမ်းဖက် တိုက်ခိုက် သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ၊ ဦးနှောက်ရော အသိဥာဏ်ပါ ကင်းမဲ့သည့် စက်ရုပ် "စွမ်းအားရှင်" သူရမ်းကားများ၏ စက်ရုပ်မဆန်စွာ (လူမဆန်စွာ မဟုတ်) အကြမ်းဖက် တိုက်ခိုက်မှုကြောင့် BSN သိုးဆောင်းဘာသာ စာမျက်နှာမှာ သတိလစ် မေ့မြောသွားခဲ့ပြီး ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ လူနာတင်ကားဖြင့် ပို့ဆောင်လိုက်ရကြောင်း၊ ယခု အချိန်အထိ သတိပြန်လည် ရရှိခြင်း မရှိသေးကြောင်း၊ နောက် ၄၈ နာရီအတွင်း သတိ ပြန်မလည်လာပါက ကိုကျော်သူ၏ နာရေး ကူညီမှု အသင်းနှင့် ဆက်သွယ်ရမည့် အနေအထားတွင် ရှိကြောင်း BSN ၏ တောက်တိုမယ်ရ တာဝန်ယူထားသည့် ဇီးကွက်မျက်ပြူးက ပြောကြားသည်။

ဂူဂယ်၏ စီအီးအိုချုပ်မှူးကြီး Eric Emerson Schmidt ကမူ သူ၏ စက်ရုပ် "စွမ်းအားရှင်" သူရမ်းကား အကြမ်းဖက် သမားများက ယခုကဲ့သို့ တိုက်ခိုက်သွားခြင်းအပေါ် တောင်းပန်ပါကြောင်း ဇီးကွက်မျက်ပြူးထံ ၀န်ချ တောင်းပန်စာ တစ်စောင် ပေးပို့ခဲ့သည်ဟု BS News မှ သတင်းရရှိသည်။

စက်ရုပ် "စွမ်းအားရှင် " အကြမ်းဖက်သမားများဖြင့် BSN ကို တိုက်ခိုက်သော
ဂူဂယ် စီအီးအိုချုပ်မှူးကြီး ၏ ဓာတ်ပုံ

အကယ်၍ သိုးဆောင်းဘာသာ စာမျက်နှာ နတ်ရွာစံသွားပါက ဂူဂယ် စီအီးအိုချုပ်မှူးကြီး အား မြန်မာပြည်လုပ် နောက်ဆုံးပေါ် Dirty ဗုံး (သတင်းဖော်ပြပြီး၊ Click) နှင့် ပစ်ပေါက်ရန် BSN သဘာပတိ များက စီစဉ်နေကြပြီး၊ ထိုသို့ မပြုလုပ်ကြရန် တောက်တိုမယ်ရ ဇီးကွက်မျက်ပြူးက အနူးအညွတ် ပန်ကြား ထားကြောင်းလည်း သတင်းရရှိသည်။

BSN သိုးဆောင်းစာမျက်နှာအား စက်ရုပ် "စွမ်းအားရှင် အကြမ်းဖက်သမား" သူရမ်းကားများ၏
တိုက်ခိုက်မှု မှတ်တမ်း နှင့် ဂူဂယ် စီအီးအို ချုပ်မှူးကြီး၏  ၀န်ချတောင်းပန်ချက် ကို တွေ့ရစဉ်

5 comments:

  1. BSN ဘလော့တိုက်ခိုက်ခံရတာကိုစိတ်မကောင်းဖြစ်မိပါကြောင်း၊စိတ်ပျက်မိပါကြောင်း၊ချက်ချင်းအပြောင်းအလဲမလုပ်ပေးနိုင်တာကိုလည်းအရမ်းစိတ်ပျက်ပါကြောင်း၊ကလုအပြင်ရေးမှူးချုပ် မစ္စတာဗွန်းကီမန်းကမနေ.ညမှာပြောကြားသွားပါသည်၊ဒီနေ ပြန်လည်ပြင်ဆင်မှုမရပါကကလုဆုံးရှံးရေးကောင်စီအမှိုက်ပုံအစည်းအဝေးထဲမှာ တင်ပြပါကြောင်းသိရှိရပါသည်။

    ReplyDelete
  2.ှိအင်းလျားကန်လူသတ်မှုကို အခက်အခဲမရှိ ဖော်ထုတ်နိုင်ခဲ့သော အူးခင်ရီ နဲ့သူရဲ့ လ္ဘက်ရည်ကြိုက်သော တပည့်များ ကို အကူအညီတောင်ခံကြည့် ရန် အကြံပေးတိုက်တွန်းအပ်ပါသည်။

    ReplyDelete
  3. အမြဲအားပေးလျှက်ပါ ဘယ်သူတွေတိုက်တိုက် အားမလျှော့ပါနဲ.
    ကျတော်တို.တွေက အမြဲအားပေးနေပါတယ် အမြဲလာရောက်ဖတ်ရှု.ပါတယ် ပြည်တွင်းက ညီကိုမောင်နှမတွေ
    လဲ အားပေးကြောင်း အမှာစကားပါးလိုက်ပါတယ်။

    ReplyDelete
  4. BSN..ကို.. ၁၀၇ % မဲပေးထောက်ခံပါတယ်...ဆက်လုပ်ပါ..

    ReplyDelete
  5. မောင်ဇောက်ထိုးDecember 21, 2010 at 11:25 PM

    BSN ကိုအားပေးနေပါတယ်ဗျို့။
    ဘာမှန်းညာမှန်းမသိ ထထဆဲနေတဲ့ပုဂ္ဂိုလ်တွေကို ဟာသလုပ်ပစ်တဲ့ Idea ကိုလည်း လေးစားပါတယ်။

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။