မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများကို ရိတ်သိမ်းမည် မဟုတ်ဟု ကျော်သူက ပြောဆိုကြောင်း မဇ္ဈိမ သတင်းဌာနက ယနေ့ ရေးသားဖော်ပြသည်။
သမ္မတ ဦးသိန်းစိန်က သူသည် ကျော်သူ့ ပရိသတ်ဖြစ်ပြီး၊ ရုပ်ရှင်မင်းသား ကျော်သူမှာ အလွန်ချော၊ အလွန်ခန့်ကာ သူအလွန် သဘောကျခဲ့ရသည့် မင်းသား ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုကြောင်း သိရသည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး၊ အသင်း အဖွဲ့အစည်းများနှင့်
“တွေ့ဆုံပွဲ” တွင် အကယ်ဒမီကျော်သူ၏ ဇနီး ရွှေဇီးကွက်နှင့် နှုတ်ဆက်စဉ် သမ္မတကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က ကျော်သူ့ အနေဖြင့် ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွေးများကို ရိတ်ပြီး မင်းသားပုံစံဖြင့် နေစေချင်ကြောင်း ကိုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
သို့သော် ကျော်သူက မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးများကို ရိတ်ကာ လှလှပပ ပြုပြင် နေထိုင်ဘို့ အတွက် စိတ်ဆန္ဒ မရှိတော့ဟု ပြောဆိုလိုက်သည်။
(မဇ္ဈိမ သတင်းဌာန၏ ရေးသားချက်မှ ကောက်နုတ်ဖော်ပြပါသည်)
သတင်း အသေးစိတ် ဖတ်ရှုရန် ...
Showing posts with label Joke မဟုတ်ပါ. Show all posts
Showing posts with label Joke မဟုတ်ပါ. Show all posts
Thursday, August 18, 2011
Monday, March 21, 2011
သတင်း ခေါင်းစဉ်
ငလျင်ငယ်များ လှုပ်ခတ်နေဆဲ
Fukushima နျူကလီးယား ဓာတ်အားပေးစက်ရုံကိုထိန်းထားနိုင်စပြု
နျူကလီးယား ဓာတ်ရောင်ခြည်လျော့ကျလာ
လျှပ်စစ်မီးကို နေရာအနှံ့အပြားမှာချွေတာ
ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာများ စတင်ဖြန့်ဝေ
လမ်းဘေးဖုန်းများမှ ပြည်တွင်းပြည်ပအခမဲ့ခေါ်ဆိုနိုင်မှုအစီအစဉ်ရပ်ဆိုင်း
နိုင်ငံခြားသားများ အမိမြေသိုပြန်ကြ၍ အလုပ်သမားမလုံလောက်မှုဖြစ်ပေါ်နေ
(ပေးပို့သူ- ပရလောကသားများ)

Wednesday, March 16, 2011
Breaking News
မတ် ၁၆ ည ၁၀:၃၆
Ibaraki ခရိုင်ကိုဗဟိုပြု၍ငလျင်လှုပ်ပါတယ်။ ပြင်းအား ၅
( Ibaraki ခရိုင်ဟာ နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာဖြစ်ပါတယ် )
တိုကျိုမှာတော့ ပြင်းအား ၃ နဲ့လှုပ်သွားပါတယ်
၁၀:၅၈ အထိ ငလျင်ငယ်များဆက်လက်ဖြစ်ပွါးပါတယ်
@ပရလောက

သတင်း မျှဝေပါသည်
မနေ့ည ၁၀:၃၁ Shizuoka ခရိုင်မှာလှုပ်ခဲ့သောငလျင်နှင့်ပါတ်သက်၍
Shizuoka မှာ မြန်မာအများအပြားရှိနေလို့ မိဘဆွေမျိုးတွေလည်းစိတ်ပူနေမယ်လို့ထင်ပါတယ်
မြန်မာအများစုရှိတဲ့နေရာက Shizuoka ခရိုင်ရဲ့အလယ်ပိုင်းဖြစ်နေတဲ့အတွက် ပြင်းအား ၄ သာရှိတယ်လို့သိရပါတယ်
TV သတင်းမှာတော့ သေဆုံးသူမရှိ၊ ထိခိုက်ဒဏ်ရာရသူများသာရှိသည်လို့ သိရပါတယ်။
မိမိတို့ရဲ့ အခြေအနေကို မြန်မာပြည်မှ မိဘဆွေမျိုးများ သိစေဖို့
ဂျပန်နိုင်ငံ လမ်းဘေးဖုန်းများမှ ဖုန်းအခမဲ့ခေါ်ဆိုနိုင်ပါတယ်။ ပြည်တွင်းသာမက ပြည်ပသို့လည်း အခမဲ့ပါ။
အကြွေစေ့/ဖုန်းကဒ် ထည့်စရာမလိုပါ 24 hours free
ဖုန်းခေါ်ဆိုနည်း 00 10 10 95 + area code + destination number
ယနေ့ နေ့လည် ၁၂:၃၂
Chiba ခရိုင်အရှေ့မြောက်ပိုင်း
ပြင်းအား ၅ ၊ ဆူနာမီအတွက်တော့ ပူပန်စရာမရှိဟု သိရ။
တိုကျို ပြင်းအား ၃
Chiba ဟာ တိုကျိုကနေ ရိုးရိုးရထား စီးသွားရင် တစ်နာရီသာသာ
@ပရလောကသားများ
---
ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က Fukushima စက်ရုံမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။
Fukushima စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် စောစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။
စွန့်စား လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ခဲ့သော်လည်း ယနေ့ (၁၆ မတ်) နံနက် ၆ နာရီတွင် အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးများ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီဟု ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။ အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲနိုင်ချေရှိသည်။
မှတ်ချက်။ ။ ဒီရေဒီယိုသတ္တိကြွမှုနှဲ့ ပါတ်သက်လို့
Fukushima ကနေ အနောက် ( သို့ ) အနောက်တောင်ကို လေတိုက်ပြီဆိုရင်တော့ တိုကျိုမြို့လည်း အခြေအနေ မကောင်းနိုင်ဘူးလို့ ဆိုပါတယ်။
အခုအချိန်အထိကတော့ Fukushima က အရှေ့ကို ဦးတည်တဲ့လေပဲတိုက်နေတာမို့ လေကြောင်းက ပင်လယ်ဘက်ကိုပဲ ဦးတည်နေပါတယ်။
တိုကျိုမြို့မှာ ရေဒီယိုသတ္တိကြွမှုကို တိုင်းတာနေပေမဲ့ အခုအထိတော့ ထူးခြားမှုတစုံတရာမတွေ့ရသေးပါဘူး။
@ပရ
Radiation fears grow after blasts

Source of worry: This satellite image provided by the U.S. Institute for Science and International Security on Monday shows the stricken Fukushima No. 1 nuclear power plant and damage to the No. 1 and No. 3 reactors.
ISIS/KYODO PHOTO
Radiation fears grow after blasts
Tuesday, March 15, 2011
Breaking News
အခု Tuesday ည ၁၀:၃၁ Shizuoka ခရိုင်မှာငလျင်လှုပ်ပါတယ်
ပြင်းအား ၆ ၊ လှုပ်ချိန်ကြာတယ်
Shizuoka ကိုဖုန်းခေါ်လို့မရသေး၊
တိုကျိုမှာလည်းနည်းနည်းကြမ်းသွားတယ်
Shizuoka ဟာ ကျည်ဆန်ရထားနဲ့သွားရင်
တိုကျိုကနေ တစ်နာရီပဲကြာပါတယ်
@ပရလောကသားများ
ပြင်းအား ၆ ၊ လှုပ်ချိန်ကြာတယ်
Shizuoka ကိုဖုန်းခေါ်လို့မရသေး၊
တိုကျိုမှာလည်းနည်းနည်းကြမ်းသွားတယ်
Shizuoka ဟာ ကျည်ဆန်ရထားနဲ့သွားရင်
တိုကျိုကနေ တစ်နာရီပဲကြာပါတယ်
@ပရလောကသားများ
အဖြစ်မှန်အတိုင်း သိဖို့ အမှန်တကယ် လိုအပ်တဲ့ ကောလဟာလတခု
ဒီကောလဟာလသတင်းဟာ လူတွေကို သန်းနဲ့ချီပြီး အထိတ်တလန့် ဖြစ်စေနိုင်တဲ့ ကောလဟာလ ဖြစ်ပါတယ်။
မနေ့က စလို့ SMS နဲ့ရော အီးမေးလ်နဲ့ပါ ပြန့်တာ တွေ့ပါတယ်။
ကောလဟာလ မူရင်းက အောက်ပါအတိုင်းပါ။
BBC Flash news : Japan Government confirms radiation leak at Fukushima nuclear plants. Asian countries should take necessary precautions.
If rain comes, remain indoors first 24 hours. Close doors and windows. Swab neck skin with betadine where thyroid area is, radiation hits thyroid first. Take extra precautions.
Radiation may hit Philippine at around 4 pm today.
If it rains today or in the next few days in Hong Kong. Do not go under the rain. If you get caught out, use an umbrella or raincoat, even if it is only a drizzle. Radioactive particles, which may cause burns, alopecia or even cancer, may be in the rain.
အရေးမကြီးတဲ့ ကောလဟာလ တွေထက် ...
လူသား သန်းပေါင်းများစွာကို ထိတ်လန့်အောင်လုပ်တဲ့ ကောလဟာလ သတင်းကိုသာ ပြည်သူတွေ အမှန်အတိုင်း သိအောင် ဖြေရှင်းပေးဖို့ အရေးတကြီး လိုအပ်နေပါတယ် ဟု ရိုးသားစွာ ထင်မြင်မိပါတယ် ခင်ဗျာ။
'Radiation' text message is fake
A fake text message warning people that radiation from the Fukushima nuclear plant has leaked beyond Japan has been panicking people across Asia.
The SMS message, purporting to come from the BBC, has been circulating around Asian countries since Monday.
It warns people to take necessary precautions against possible effects of radiation.
The BBC has issued no such flash but the hoax has caused particular panic in the Philippines.
Some media reports suggest that workers and school children there were sent home after the rumours began to spread, prompting the Philippines government to issue an official denial.
Disasters such as that currently unfolding in Japan often trigger a rise in scam texts and e-mails intended to fool users into downloading malware or simply to spread panic.
The US Computer Emergency Readiness Team (US-CERT) has told computer users to be wary of potential e-mail scams, as well as fake anti-virus and phishing attacks regarding the Japan earthquake and the tsunami disasters.
"Such scams may contain links or attachments which direct users to phishing or malware-laden sites," it said.
In the Philippines, the Department of Science and Technology has held a press conference to reassure the public that they are safe even if radiation levels in Japan continue to rise.
On Tuesday morning, reactor 2 at the Fukushima Dai-ichi nuclear plant became the third to explode in four days.
Radiation has reached harmful levels but there is no suggestion that it is affecting anything other than the immediate area.
Officials have extended the danger zone, warning residents within 30km (18 miles) to evacuate or stay indoors.
'Radiation' text message is fake (Click Here to Read)
Sunday, March 13, 2011
ပန်ကြားချက်
ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ လူမျိုးများသည် ဆူနာမီအန္တရာယ်၊ ငလျင်ဒဏ်ကို ခံစားနေကြရပါသည်။ အဆိုပါ မြန်မာလူမျိုးနှင့် ဆက်စပ်သော အခြားနိုင်ငံပေါင်းစုံမှ မိသားစုဝင်များ၊ မိတ်ဆွေများမှ လည်း စိတ်ပူလျက်ရှိပါသည်။ အခြား မည်သည့်နိုင်ငံများသို့ ဆူနာမီ ဂယက် ဆက်လက် ဂယက်ရိုက်ဦးမည် မသိနိုင် သေးပါ။
သို့ဖြစ်ရာ ဆူနာမီအန္တရာယ် ကျရောက်ထားသော ဒေသမှ မိမိတို့၏ မိတ်ဆွေများ၊ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အခြေအနေကို ဆက်သွယ်၍ ရနိုင်သော နည်းလမ်းများဖြင့် စုံစမ်းခြင်း၊ ပြည်တွင်း မိသားစုသို့ အကြောင်းကြားရန် လို အပ်သော အခြေအနေများရှိပါက ကောင်းသတင်း၊ ဆိုးသတင်းကို အကြောင်းကြားပေးခြင်း၊ မိမိတို့ အစုအဖွဲ့အလိုက် အရေးပေါ်ကူညီရန် ရံပုံငွေ ကောက်ခံထားရှိခြင်း၊ အားပေးစကားပြောကြားခြင်း၊ မတော်တဆ အနုမြူယိုစိမ့်မှု အန္တရာယ် ဖြစ်ပွားလာပါက မိမိနှင့် နီးစပ်သူများ အန္တရာယ်ကင်းလွတ်ရာသို့ ရောက်ရှိစေ ရန် လိုအပ်သည်များ ကူညီပေးခြင်း၊ စသည်တို့ဖြင့် ပြည်ပရောက် မြန်မာလူမျိုးများ အချင်းချင်း နီးစပ်ရာ အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။
နေ့သစ် မှ တိုက်ရိုက် ထုတ်နှုတ်ဖော်ပြပါသည်။

Friday, March 11, 2011
ဂျပန်မှာ အင်အားပြင်း ငလျင်လှုပ်
ပျက်စီးဆုံးရှုံးမှုများတဲ့ ဒီသဘာဝ ဘေးဒဏ်သတင်း မူရင်းတွေကို တင်ပေးလိုက်ပါတယ်။ သတင်းဌာနတွေက ပြင်းအား 8.9 လို့ရေးကြပေမဲ့ ဂျပန်သတင်းတပုဒ်မှာတော့ 7.9 လို့ရေးပါတယ်။
Sunday, March 6, 2011
မြန်မာနိုင်ငံ မှ မီးသတ်ကားများ အကြောင်း
ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ယခင်နှစ်များက နေအိမ်များ မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်းများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သို့သော် မီးသတ်ဌာနမှ မီးသတ်သမားများနှင့် မီးသတ်ကားတို့သည် မီးလောင်သည့် နေရာသို့ အချိန်မှီ လာရောက်ငြိမ်းသတ်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း မြို့ခံတို့က ဆိုသည်။ ယခုလည်း နွေရာသီ ရောက်ခါနီးပြီ ဖြစ်၍ ခါတိုင်းနှစ်များကဲ့သို့ မီးသတ်ဌာနမှ မီးသတိပြုရန် အသိပေးနိုးဆောင်မှုများ ပြုလုပ်နေကြသည်။
“နွေရာသီ ရောက်ပြီမို့ မီးသတိပြုဖို့တဲ့။ လွိုင်ကော် မီးသတ်ဌာနမှ မီးသတ်ကားတွေဟာ ဟောင်းနွမ်းနေပြီး ခေတ်နဲ့ မညီတော့ဘူး။ တကယ်လို့ မီးလောင်မှု ဖြစ်ခဲ့ရင် မတွေးဝံ့စရာပဲ။ ကားက နိုးလို့မှ မရတာ။ လက်ရှိ အခြေအနေမှာ ကြုံတွေ့နေရပါတယ်” ဟု လွိုင်ကော်မြို့မှ မီးသတ်ဌာနနှင့် နီးစပ်သူ တဦးက ပြောသည်။
မီးသတ်ဌာနမှ အသုံးပြုနေသော မီးသတ်ကားများသည် ဟောင်းနွမ်း၍ ကြာမြင့်နေကြပြီ ဖြစ်သော်လည်း ကားများ ပြုပြင်ထားခြင်း၊ ဆီများ ဖြည့်ထည့်ထားခြင်းတို့ကို အဆင်သင့် မလုပ်ထားပေးနိုင်ကြောင်း ၎င်းက ဆိုသည်။
လွိုင်ကော်မြို့မှ အမျိုးသမီးတစ်ဦးက “မီးလောင်ပြီဆိုရင် မီးသတ်ကားတွေက မမှီတာ များတယ်။ ဘယ်လိုဖြစ်လဲ မသိဘူး။ အဆင်သင့် မရှိတာရယ်။ အထက်အရာရှိတွေကို စောင့်ရခွင့် ပြုချက်တွေ စောင့်ရအုံးမှာပေါ့” ဟု ပြောပါသည်။
လွိုင်ကော်မြို့မှ မီးသတ်ကားများ ပုံမှန် လုပ်ငန်းလည်ပတ်ရန်နှင့် ယခုလို နွေရာသီ အချိန်မျိုး၌ လုပ်ငန်းများ အသင့်ပြင်ဆင်ထားနိုင်ရန် အထက်မှ တစ်လလျှင် ဆီ ၂၄ ဂါလံနှင့် ကားပြုပြင်ရန် အသုံးစရိတ်ငွေများ ပုံမှန် ထုတ်ထားသည်ကို မြို့နေဒေသခံတို့က သိရှိထားကြသည်။
သို့သော် မီးသတ်ဌာနနှင့် နီးစပ်သူက “ဒီမီးသတ်ကားတွေဟာ တစ်လဆို ဆီဂါလံ 21 ဂါလံ ရပေမယ့် ကားထဲ မရောက်ပဲ မြို့နယ်xxxxx (အရာရှိ)က အပြင်မှာ လတိုင်း ရောင်းစားနေတယ်။ ကားပြင်စရိတ်တွေကိုလည်း မြို့နယ်xxxxx က ကားတွေ မပြင်ပဲ ငွေပဲ ထုတ်စားနေတယ်” ဟု ပြောသွားပါသည်။
ကန္တာရ၀တီတိုင်းမ် မှ တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။

မြန်မာနိုင်ငံမှ စပါယ်ရှယ် မီးသတ်ကားတစီး
(မြန်မာနိုင်ငံသားတဦး BSN သို့ ပေးပို့သည့်ဓာတ်ပုံဖြစ်ပါသည်)
မီးသတ်ဌာနမှ အသုံးပြုနေသော မီးသတ်ကားများသည် ဟောင်းနွမ်း၍ ကြာမြင့်နေကြပြီ ဖြစ်သော်လည်း ကားများ ပြုပြင်ထားခြင်း၊ ဆီများ ဖြည့်ထည့်ထားခြင်းတို့ကို အဆင်သင့် မလုပ်ထားပေးနိုင်ကြောင်း ၎င်းက ဆိုသည်။
လွိုင်ကော်မြို့မှ အမျိုးသမီးတစ်ဦးက “မီးလောင်ပြီဆိုရင် မီးသတ်ကားတွေက မမှီတာ များတယ်။ ဘယ်လိုဖြစ်လဲ မသိဘူး။ အဆင်သင့် မရှိတာရယ်။ အထက်အရာရှိတွေကို စောင့်ရခွင့် ပြုချက်တွေ စောင့်ရအုံးမှာပေါ့” ဟု ပြောပါသည်။
လွိုင်ကော်မြို့မှ မီးသတ်ကားများ ပုံမှန် လုပ်ငန်းလည်ပတ်ရန်နှင့် ယခုလို နွေရာသီ အချိန်မျိုး၌ လုပ်ငန်းများ အသင့်ပြင်ဆင်ထားနိုင်ရန် အထက်မှ တစ်လလျှင် ဆီ ၂၄ ဂါလံနှင့် ကားပြုပြင်ရန် အသုံးစရိတ်ငွေများ ပုံမှန် ထုတ်ထားသည်ကို မြို့နေဒေသခံတို့က သိရှိထားကြသည်။
သို့သော် မီးသတ်ဌာနနှင့် နီးစပ်သူက “ဒီမီးသတ်ကားတွေဟာ တစ်လဆို ဆီဂါလံ 21 ဂါလံ ရပေမယ့် ကားထဲ မရောက်ပဲ မြို့နယ်xxxxx (အရာရှိ)က အပြင်မှာ လတိုင်း ရောင်းစားနေတယ်။ ကားပြင်စရိတ်တွေကိုလည်း မြို့နယ်xxxxx က ကားတွေ မပြင်ပဲ ငွေပဲ ထုတ်စားနေတယ်” ဟု ပြောသွားပါသည်။
ကန္တာရ၀တီတိုင်းမ် မှ တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။
Subscribe to:
Posts (Atom)