ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်သည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့်ရရှိစေရေး အတွက် လည်းကောင်း၊ ရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးတွင် ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် နိုင်ငံရေးအကျဉ်းသား အများစုကို၊ ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အတွက် ၀မ်းသာမဆုံး ဖြစ်ကြရသည့် မြန်မာပြည်သူ များစွာတို့က- သမ္မတကြီးအား "အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဘကြီးစိန်" ဘွဲ့ဖြင့် အပ်နှင်း ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း သိရသည်။
ယခုအခါ ပြည်သူများ အနေဖြင့် ယခင် ခေါ်ဝေါ် သုံးစွဲနေသော "ပြောင်ကြီး" အမည်ကို လျှော့ချ အသုံးပြုလျက် ရှိကြပြီး၊ သမ္မတကြီးအား "ဘကြီးစိန်"ဟု ခေါ်ဝေါ်လျက် ရှိကြကြောင်း သတင်းရရှိသည်။
http://paephuhlwarmagazine.asia/index.php?option=com_content&view=article&id=708:celebrity-&catid=45:2009-06-29-10-46-56&Itemid=54 ဘာမှားနေလဲ ဖတ်ကြည့်ပါဦး..ကုန်ကြမ်းဖြစ်မှာပါ
ReplyDeleteဘယ်သူတွေ၊ ဘယ်တုံးက ပေးလိုက်သလဲ မသိလိုက်ရပါလား၊
ReplyDeleteနည်းနည်း စောင့်ကြည့်ဖို့လိုအုံးမယ်နော်..
သူလည်း စစ်ဗိုလ်ချုပ်တစ်ယောက်ဆိုတာ မမေ့နဲ့အုံးနော်၊ စစ်မှန်တဲ့ ပြည်သူမဲတွေနဲ့ တက်လာတာ မဟုတ်ဘူးနော်.....