ယခု မိုးရာသီ ရောက်တော့မှာ ဖြစ်ပြီး မိုးတွေရွာလို့ ရေအားလျှပ်စစ်တွေ ပိုမို ထွက်ရှိနေပြီလို့ သတင်းတစ်ပုဒ်က ဆိုပါတယ်။ အဲဒီသတင်းထဲမှာပဲ မြန်မာနိုင်ငံမှာ ပေးဝေနေတဲ့ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေတယ်လို့ အောက်ပါ အတိုင်း ရေးထားတာ တွေ့ရတယ်။
"ယခု လက်ရှိ တစ်နိုင်ငံလုံးကို ဓါတ်အား ပို့လွှတ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း ၃၂ ခုရှီပြီး တပ်ဆင့်ဝင်အား စုစုပေါင်း ၃၀၄၅.၄၀ မဂ္ဂါဝပ်နဲ့ ထုတ်လွှတ် နေတယ်လို့ သိရတယ်။ တစ်နိုင်ငံလုံး အသုံးပြုနေတဲ့ ဓါတ်အား ပမာဏက ၁၇၀၀ မဂ္ဂါဝပ်ရှိတယ်လို့ သိရကြောင်း ၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြ ထားပါတယ်။"
ဒီတော့ လျှပ်စစ်ဓာတ်အား ပမာဏ ၁၃၄၅.၄၀ မဂ္ဂါဝပ်တောင် ပိုလျှံအောင် ထွက်ရှိ နေတဲ့ အတွက် အများပြည်သူ အနေနဲ့ ဓာတ်လိုက်ခံရမှာကို အရမ်း စိုးရိမ် ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်သူ အများစုဟာ ဓာတ်လိုက်ခြင်း ကင်းဝေးစေဖို့ အတွက် လျှပ်စစ်ဓာတ်အားနဲ့ ခပ်ဝေးဝေးမှာပဲ နေထိုင်ကြတယ်လို့ သိရပါတယ်။ အဲသလို နေထိုင်ကြတဲ့ အတွက် ပိုလျှံတဲ့ လျှပ်စစ်တွေဟာ ပြည်သူလူထုဆီကို ရောက်မလာဘဲ လမ်းခုလတ်မှာ ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။
@ကေဇီ-Clean
Read More ...
..
ReplyDeleteဟုတ်တယ် ... မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားတွေ ပိုလျှံနေတာ အမှန်ပဲ နေပြည်တော်မှာ ညသန်းခေါင်တောင်မှ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေလို့ ရန်ကုန်မှာ ညဆိုရင် ဖယောင်းတိုင်ရောင်းတဲ့ဆိုင်တွေ စီးပွားဖြစ်နေတာ ..။မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းဆိုရင် သတင်းစာတောင်မဖတ်ရဲဘူး.. သတင်းစာဖတ်ရင် ဓါတ်လိုက်မှာဆိုးလို့ ..။
ReplyDelete