မကြာသေးမီက ထုတ်ဝေသော ဂျာနယ်တစောင်ရှိ ကျန်းမာရေးဆိုင်ရာ ကြော်ငြာတခုကို အငွေ့တလူလူထနေသော ခြင်ဆေးခွေပုံဖြင့် သရုပ်ဖော်ထားသည်ကို တွေ့ရသည်။
သင့်ကျန်းမာရေးအတွက် ယုံကြည် စိတ်ချရသည်ဟု ကြော်ငြာက ရဲရဲဝံ့ဝံ့ ဆိုလေသည်။
မြန်မာ့တပ်မတော်အတွက် နိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ် ချွေတာရသောကြောင့် မြန်မာပြည်သားများ ကျန်းမာရေး စိုးရိမ်နေရချိန်တွင် ဤသို့ သော ခြင်ဆေးခွေ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤသို့ တီထွင်နိုင်သဖြင့် အသစ်စက်စက် အရပ်သားအစိုးရက ကျေနပ်အားရနေသည်ဟု သိရသည်။
တီထွင်သူကို လွှတ်တော်များ ပြန်လည် ခေါ်ယူသည့်အခါ ဂုဏ်ထူးဆောင် ရွှေကြံ့ဆု ပေးအပ်မည် ဖြစ်ပြီး ရွှေရောင်ွကြံ့ရုပ်လေး တခုပင် အသင့် ဖြစ်နေပြီဟု နေပြည်တော်ရှိ ကျွန်ုပ်တို့၏ သတင်းထောက်က လှမ်းပြောသည်။
ဤအတောအတွင်း အနှိပ်ခန်းရောက် အမတ်မင်းများက "ကျန်းမာရွှင်လန်းအောင် ခြင်ဆေးခွေဆောင် ဟူသော ဆိုင်းဘုတ်များကို နိုင်ငံအနှံ့ လမ်းဆုံလမ်းခွများတွင် စိုက်ထူကြရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းမည်" ဟု လူသိရှင်ကြား ပြောသည်။
ဤခြင်ဆေးခွေ တီထွင်မှုက အနောက်နိုင်ငံများကို သေချာပေါက် အထိနာစေမည်ဟု ရွေးကောက်ပွဲမ၀င်ဘဲ လွှတ်တော်ထဲသို့ ရောက်သွားသူ စစ်ဗိုလ်အမတ်တဦးက သုံးသပ်သည်။
"ငါတို့ ကို စီးပွားရေး ပိတ်ဆို့ တဲ့ နိုင်ငံတွေ အခုတော့ ထိပြီဟေ့။ တို့ဆီက ထုတ်တဲ့ ပစ္စည်း သူတို့  အသွင်းမခံဘူး ဆိုတော့ သူတို့ ပဲ ကျန်းမာရေး ထိခိုက်မှာပေါ့ကွ၊ ဟားဟားဟား" ဟု မိုးကျရွှေကိုယ် အမတ်မင်းစစ်ဗိုလ်က မီးညှိထားသည့် ခြင်ဆေးခွေမှ အငွေ့များကို ရှူရှိုက်ပြီး ဂုဏ်ယူစွာ ပြောဆိုလေသည်။
©ဇာနည်ဝင်း
ရွေရောင် ကြံရုပ်တော့ မပေးနဲ့ဗျာ
ReplyDeleteခွေးချေး နဲ့လုပ်ထားတဲ့ ကြံကိုယ်လုံး နှင့် ဖွတ်ခေါင်း အရုပ်သာပေးသင့်ပါတယ်။
မှတ်ချက်--ကြံကိုယ်လုံး နှင့် ဖွတ်ခေါင်း ဆိုသည်မှာ ယခု တက်လာသော ဘောင်းဘီမဝတ်(လံကွတ်တီ=အရှက်မရှိ) အစိုးရ အသစ်၏ ပါတီအား ဂုဏ်ပြုသောအားဖြင့် ကျွန်တော် က မြန်မာပြည်သူလူထုကိုယ်စား ပေးထားသောနာမည်ဖြစ်ပါကြောင်း။