နန်းဆုရတီစိုးနှင့် သူမ၏ အမြွာညီမ ဖြစ်သူ နန်းစုရတီစိုး တို့၏ ဓာတ်ပုံများကို လျှပ်တပြက် ဂျာနယ်က ယှဉ်တွဲ ဖော်ပြလိုက်သည်။ ဂျာနယ်၏ ထိပ်ဆုံးပုံတွင် အစ်မဖြစ်သူ နန်းဆု၏ ပုံကို ဖော်ပြထားပြီး၊ ၄င်းပုံ အောက်တွင် ညီမဖြစ်သူ နန်းစု၏ ဓာတ်ပုံကို တွေ့ရသည်။
နန်းဆု တွင် သူမနှင့် ရုပ်ရည် ခွဲမရအောင် တူသည့် အမြွှာညီမငယ် နန်းစု ရှိနေသည်ကို သိရှိသူ နည်းပါးသည်။
ယခင်က ညီမဖြစ်သူ နန်းစုရတီစိုး၏ အကြောင်းကို ဓာတ်ပုံနှင့် ဂျာနယ်အချို့တွင် ဖော်ပြဖူးသော်လည်း (True News ဂျာနယ်ဖော်ပြချက်၊ ဒီမှာကြည့်ပါ) ညီအစ်မ နှစ်ဦးစလုံးအား အတူတကွ ယှဉ်တွဲ ဖော်ပြသည်ကို တွေ့ရလေ့ မရှိပေ။
သတင်းများအရ နန်းဆုရတီစိုး၏ ညီမဖြစ်သူ နန်းစုရတီစိုးသည် အစ်မ ဖြစ်သူ ပြုမူ လှုပ်ရှား သမျှကို တခုမကျန် လိုက်လုပ်နေကြောင်း သိရသည်။ သို့သော် ညီအစ်မ နှစ်ယောက်စလုံးကို ပြင်ပတွင် တပြိုင်တည်း တွေ့ဖူးသူ တယောက်မျှ မရှိသေးပေ။
(လက်တို့သူ-ဇာနည်ဝင်း)
ညီအစ်မနှစ်ဦးပုံကို လျှပ်တပြက်တွင် ရှုစားရန်
အတော် တတ်နိုင်တဲ့သူတွေ။ မြင်လဲမြင်တတ်ပါပေတယ်။ အရေးအသားရော၊ အိုင်ဒီယာရော သဘောကျတယ်။
ReplyDeleteဂျာနယ်တွေအနေနဲ့ လူတစ်ယောက်၇ဲ့နာမည်ကို သေချာစာလုံးပေါင်းသင့်ပါတယ်။ နန်းဆုလို့ပေါင်းလိုက်.. တော်ကြာနန်းစုလို့ ပေါင်းလိုက်.....
ReplyDeleteဆေးဝါး တက်တာ ဘယ်နန်းစု/ဆု လဲ
ReplyDelete