မကြာသေးမီက ထွက်ပေါ်လာသည့် ၀ီကီလိခ် ကြေးနန်းတစ်စောင်တွင် ဖော်ပြချက်အရ မြန်မာစစ်တပ်သည် ဇီဝလက်နက်များ ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။
ပေါက်ကြားလာသည့် လျှို့ဝှက် ကြေးနန်းစာ အရ ယမန်နှစ်အတွင်း မြန်မာ တပ်ရင်း တပ်ဖွဲ့ အသီးသီးရှိ စစ်သည်များကို လျက်ဆား တစ်ပုလင်းစီ ဖြန့်ဝေခဲ့သည်ကို တွေ့ရကြောင်း၊ လျက်ဆားစားပြီး လေလည်ပါက ဇီဝဓာတ်ငွေ့များ ထွက်ပေါ်လာမည်ဖြစ်ပြီး၊ အဆိုပါ ဇီဝဓာတ်ငွေ့မှ ဇီဝလက်နက် ထုတ်လုပ်နိုင်ရန် စီစဉ်နေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ၀ီကီလိခ်က ဖော်ပြသည်။
(ကန့်ကော် သတင်းပေးပို့သည်)
ဒီတချက်ထဲနဲ့တင် WikiLeaks ကိုလေးစားသွားပြီ... တပ်မတော်အရာရှိတစ်ဦး ၀န်ခံခဲ့ဖူးတယ် ဒီဇီဝလက်နက်တွေ တပ်ထဲမှာ ကျိတ်ပြီးတီထွင်နေတာ...ကြာပြီ... အရင် ကအသုံးပြုခဲ့တဲ့ technique တွေ ဥပမာ - KA LA PA (ကလပ - ကလပဲ) လို technique, နောက်ပြီး Boot Air (ဘု အဲ) လို အဲဒါမျိုးတွေ... အရမ်း အကုန်အကျ များ လို့ ခု ဒီ technique ကိုပြောင်းသုံးနေတာ ပါတဲ့
ReplyDelete