(နှစ်သစ်ကူး လက်ဆောင် ကဗျာ)
ငပိတုံးတွေ ဖိညှပ်မှု အကြား
ကျပ်တည်းစွာ ခံစားရင်း
အဲယားမွန်း ဘတ်စ် အတွင်း
ခရီးဆုံးအောင် စီးနင်းခဲ့။
ဘတ်စ်ပေါ်က တိုးဝှေ့အဆင်း
တိုက်ခတ်သူ လေပြည်ညင်းကြောင့်
ဆင်းရဲခြင်း လွတ်ကင်းသွားသလို
တဒင်္ဂခံစား
အတွေးနယ်များ ပွားမိ ...
"ငါ.. အခု ငပိ မဟုတ်တော့ဘူး"
ဒီလိုနဲ့
လေကလေး တဖြူးဖြူး
မြူးထူးစွာ လမ်းလျှောက်
ငါ ..
"ခိုအိမ်" အောက် ရောက်ပြီလေ။
လှေကားထစ်တွေထက်
ခြေအညောင်းခံ တက်ရင်းနဲ့
ခြောက်လွှာမြောက် "ခိုအိမ်" ရဲ့
ကာရန်မဲ့ တံခါးပေါက်ထဲ
ငါ ၀င်ရောက်လိုက်တော့ ..
ဟိုက်-
"ဒီနေ့ မီးပျက်နေပါလား" ..
မီးမလာတော့
ရေမော်တာ လည်လို့မရ
အစကတည်းက ချိုးစရာ ရေမရှိ
ငါ ..
ငပိ ပြန်ဖြစ်သွား။
(ဇီးကွက်-မျက်ပြူး)
ဇီးကွက်မျက်ပြူး ကဗျာရေးလေ၏
ReplyDeleteကဗျာနှင့် မတူပါ
ကာတွန်းနှင့် တူပါသည်