မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများအား မေဂျာအလိုက် စာတမ်းငယ် (Term Paper) ပြုစုရာတွင် ကိုယ်တိုင် လေ့လာ ရေးသားခြင်းမပြုကြပဲ အင်တာနက်တွင် ရှာဖွေပြီး ဖြတ်ညှပ်ကပ် ရေးသားကြရန် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
သို့သော် အတွေ့အကြုံမရှိသည့် ကျောင်းသားများအတွက် အင်တာနက်တွင် ပထမဦးဆုံး ရှာဖွေရသည့်အခါ မည်သို့ မည်ပုံ လုပ်ကိုင်ရမည်ကို မသိသည့်အပြင်၊ လိုင်းမကောင်းသည့်အတွက် ကွန်နက်ရှင်ခဏခဏကျခြင်းကြောင့် ဘာမှ အင်တာနက်တွင် ရှာလို့မရကြောင်း တတိယနှစ် ဓာတုဗေဒ ကျောင်းသားတစ်ဦးက ဆိုသည်။
“ဆရာမပေးတဲ့ ခေါင်းစဉ်ကို ရိုက်ထည့်လိုက်တော့ အများကြီးပေါ်လာတယ်၊ ဘယ်ဟာယူလို့ ယူရမှန်းလည်း မသိဘူး၊ တချို့ဟာတွေက ကျွန်တော်တို့လည်း နားမလည်ဘူး၊ ရှာနေတုန်း အင်တာနက်ကျသွားတာလည်းရှိတယ်၊ ဘာမှ လုပ်လို့မရတဲ့ အဆုံး အင်တာနက်ဆိုင်က ထည့်ပေးထားတဲ့ ဂိမ်းဆော့ပြီး ပြန်လာတယ်” ဟု အဆိုပါ ဓာတုဗေဒကျောင်းသားက ပြောသည်။
“အင်တာနက်က ရှာပြီးရေးမယ်ဆိုရင် ဒီလို မော်လမြိုင် ကွန်နက်ရှင်မျိုးနဲ့ စာဆယ်လုံးတောင် ရမှာ မဟုတ်ဘူး။ ဒီတော့ မနှစ်က ကျွန်တော့် အစ်ကို ရေးတဲ့ Term-Paper ကို အစအဆုံး မိတ္တူကူးပြီးတော့ ကျွန်တော့်နာမည် တပ်ပြီး တင်လိုက်တယ်” ဟု အဆိုပါ ကျောင်းသားက ပြောကြားသွားသည်။
©ကျလွန်းထော
မွန်သတင်း အေဂျင်စီ
very good!
ReplyDeleteကျောင်းသားတွေ တော်ပြီးရင်းကိုတော်နေ ကြပါလား :D
ReplyDeleteကောင်းပါတယ် ကောင်းပါတယ်။ တော်တော်လေးကိုကောင်းပါတယ်။
ReplyDelete