Pages

Wednesday, December 1, 2010

နေပြည်တော်-တိရစ္ဆာန်ရုံ ဥယျာဉ် မှ ကြံ့ ၂ ကောင် လွတ်နေ

နေပြည်တော်-တိရစ္ဆာန်ရုံ အတွင်းရှိ ကြံ့ဖြူတော် ၂ ကောင် ယမန်နေ့ ည ၁၀ နာရီခန့်က လှောင်အိမ်အတွင်းမှ လွတ်မြောက် သွားကြောင်း စုံစမ်း သိရှိရသည်။

စစ်သူကြီးတို့၏ ချပ်ဝတ်တန်ဆာဖြင့် တွေ့ရသော ကြံ့ဖြူတော်

အဆိုပါ ကြံ့ဖြူတော် ၂ ကောင်သည် ၎င်းတို့ကို ကာရံထားသော လျှပ်စစ်လွှတ်ထားသည့် သံဆူးကြိုးများအား ကျော်ဖြတ်၍ ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်ကြောင်း နေပြည်တော်-တိရစ္ဆာန်ရုံမှ ၀န်ထမ်း တဦးကပြောသည်။

၎င်းကြံ့ဖြူတော်များသည် အသစ်တိုးချဲ့ထားသော နေပြည်တော်-တိရစ္ဆာန်ရုံဥယျာဉ် သို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောက်ရှိခဲ့သည့် တိရစ္ဆာန် အကောင်ပေါင်းများစွာထဲတွင် အပါအဝင်ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်သွားသော ကြံ့ဖြူတော် ၂ ကောင်သည် အာဒါလွတ် မြို့စားကြီး၏ "အာဒါ လွတ်တော"ထဲသို့
ဝင်ပြေးသွားပြီး ၄င်းတို့၏ ဆွေမျိုး မိတ်သင်္ဂဟများ ဖြစ်ကြသော ကြံ့များ၊ မိကျောင်းများ၊ ပုတ်သင်ညိုများ၊ ပဒတ်များ၊ ကင်းလိပ်ချောများ၊ ဖွတ်များနှင့် သွားရောက် တွေ့ဆုံနေသဖြင့် နေပြည်တော်-တိရစ္ဆာန်ရုံသို့ ပြန်လည် ရောက်ရှိခြင်း မရှိသေးကြောင်း၊ အဆိုပါ ကြံ့ဖြူတော်များကို အထူး ပြန်လည် ရှာဖွေရန် ကြိုးပမ်းနေကြောင်း နေပြည်တော်-တိရစ္ဆာန်ရုံ ဥယျာဉ်မှ ၀န်ထမ်းက ပြောသည်။

သတင်းအသေးစိတ်ဖတ်ရှုရန်

1 comment:

  1. they are not run away.they going to see leader of their party.so easy to find then( two of rhino)ask THAN SHWE,( leader of animals rhino)

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။