Sunday, October 9, 2011

NLD ပါတီ အမည်ပြောင်းပြီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် National League for Democracy (NLD) ပါတီကို အမည်ပြောင်းလိုက်ကြောင်း သတင်းရရှိသည်။

NLD ပါတီကို မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟု ခေါ်တွင်ခဲ့သော်လည်း ယခု အချိန်မှ စ၍ "အမျုးသား ဒီမိုကရေစီ အဖွဲ့ချုပ်" ဟု အမည်ပြောင်းလိုက်ပြီဖြစ်သည်။ ယခုအခါ "အမျုးသား" ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို မြန်မာ အဘိဓာန် ပညာရှင်များက အဓိပ္ပါယ် ဖွင့်ဆိုရန် ပြင်ဆင်နေကြကြောင်း သိရသည်။




NLD ပါတီ၏ အမည်သစ်ကို ဒါရိုက်တာ Luc Besson ရိုက်ကူးသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရုပ်ရှင် The Lady ဇာတ်ဝင်ခန်း တစ်ခုတွင် တွေ့ရသည်။

Saturday, October 8, 2011

အိန္ဒိယနဲ့ မြန်မာ ပူပေါင်းတွေကို တိုက်ဖျက်မည်

အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ ကလေးသူငယ်များ ဖြစ်ကြတဲ့ အတိုင်း "ပူပေါင်း" တွေနဲ့ ဆော့ကစားကြပြီး နောက်ဆုံးမှာတော့ "ပူပေါင်း" တွေကို ဘောင်း လို့ အသံမြည်အောင် တိုက်ခိုက် ဖျက်ဆီးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။


@TMM
read more

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း (သတင်းအတုတစ်ပုဒ်အကြောင်း)

(သတင်းက ဒီလိုပါ)

ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင် ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။

၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်းတစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များပြောသည်။


ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းထဲ အရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့တဲ့ ဧရာမမြွေကြီးအား မြေတူးစက်လက်ဖြင့် ချီမြှေက်ထားပုံ။

တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟုမျက်မြင် များပြောပါသည်။

CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။

ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။

မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ၎င်းတို့အစိုးရလက်ထက်တွင်ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။

ဒီသတင်းက fwd မေးလ်ထဲမှာ ပြန့်နေပြီး အချို့သော ဘလော့တွေနဲ့ ဖိုရမ်ဆိုက်တွေမှာလည်း ယခုလို ထူးဆန်း အံ့သြဖွယ် ကောင်းလှတဲ့ သတင်းကို ထပ်ဆင့် တင်ထားကြတာ တွေ့နေရပါတယ်။ ဒီသတင်းကို စပြီးတင်ခဲ့တဲ့ မူလ သတင်းဆိုက်မှာတော့ မတွေ့ရတော့ပါ။

ဒါပေမဲ့ သတင်းဆိုက်ပေါင်းများစွာကို စုစည်းပေးထားတဲ့ အင်တာနက် စာမျက်နှာ တစ်ခု မှာတော့ တွေ့ရပါသေးတယ်။

တစ်ကယ်တော့ ဒီသတင်းက သတင်းအတု ပါ။

အခု လင့်ခ် ကို သွားကြည့်ရင် အထက်က ဓာတ်ပုံနဲ့ ထပ်တူထပ်မျှ ဖြစ်တဲ့ ဓာတ်ပုံကို တွေ့ရမှာ ဖြစ်သလို
၂၀၀၉ ခုနှစ်တုန်းက တရုတ်ပြည်မှာ တွေ့ခဲ့တယ်လို့  ဆိုတဲ့ မြွေကြီး ဖြစ်နေတာ တွေ့ရမှာပါ (အကြောင်းအရာနဲ့ ဓာတ်ပုံက လုံးဝ နီးပါး သေချာသလောက် အတု ဖြစ်ပါသတဲ့ the story and photograph are almost certainly a hoax)။ သေချာတာကတော့ ကချင်ပြည်နယ် မြစ်ဆုံအနီးက မြွေကြီး မဟုတ်ဘူးပေါ့ဗျာ။

-

Photo of Huge (55ft) snake shocks World

Posted on 13 November 2009
-


A photograph purporting to show a 55ft snake found in a forest in China has become an internet sensation.

It was originally posted in a thread on the website of the People’s Daily, the official Communist Party newspaper in China.

The thread claimed the snake was one of two enormous boas found by workers clearing forest for a new road outside Guping city, Jiangxi province.

They apparently woke up the sleeping snakes during attempts to bulldoze a huge mound of earth.

“On the third dig, the operator found there was blood amongst the soil, and with a further dig, a dying snake appeared,” said the post.

“At the same time, another gold coloured giant boa appeared with its mouth wide open. The driver was paralysed with fear, while the other workers ran for their lives.

“By the time the workers came back, the wounded boa had died, while the other snake had disappeared. The bulldozer operator was so sick that he couldn’t even stand up.”

The post claimed that the digger driver was so traumatised that he suffered a heart attack on his way to hospital and later died.

The dead snake was 55ft (16.7m) long, weighed 300kg and was estimated to be 140 years old, according to the post.

However, local government officials in Guiping say the story and photograph are almost certainly a hoax as giant boas are not native to the area
-
http://zuzutop.com/2009/11/photo-of-huge-55ft-snake-shocks-world/

Friday, October 7, 2011

Nobel ငြိမ်းချမ်းရေးဆုကြေညာချက် Burma Strange News မှ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါသည်



Nobel ငြိမ်းချမ်းရေးဆုကြေညာသည်ကို ယနေ့ အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် ညနေ သုံးနာရီခွဲမှ စတင်ပြီး Burma Strange News မှ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါသည်

2011 Nobel Peace Prize

The 2011 Nobel Peace Prize is awarded jointly to Ellen Johnson Sirleaf, Leymah Gbowee and Tawakkul Karman "for their non-violent struggle for the safety of women and for women’s rights to full participation in peace-building work".


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားလိုက်ပါတယ်။


ယခု ကြေညာမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထားခံရတဲ့သူ ကိုးဦး စာရင်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။

ဒီနှစ်အတွက် လျာထားခံရသူတွေထဲ အာရပ်ကမ္ဘာ လူထုအုံကြွမှုမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့ လူမှုရေး မီဒီယာကနေ ရေးသားတဲ့သူတွေ၊ အမေရိကန် သံရုံးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချလိုက်တဲ့ WikiLeaks အယ်ဒီတာချုပ် Julian Paul Assange ၊ ရုရှားနိုင်ငံက Memorial ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့၊ ဘာလင်တံတိုင်း ဖြိုချိန်က ဂျာမနီဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ Helmut Kohl စသူတွေ ပါဝင်ပါတယ်။

နော်ဝေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဟာ မနှစ်တုန်းကတော့ တရုတ် အတိုက်အခံ Lui Xiaobo ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ အမေရိကန် သမ္မတ Barack Obama ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက အာဖဂန်နဲ့ အီရတ်မှာ စစ်တိုက်နေတဲ့ နိုင်ငံက သမ္မတကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ အာရပ်ကမ္ဘာက လူထုအုံကြွမှုမှာ စွမ်းစွမ်းတမံ ပါဝင်သူတွေကို အမည်စာရင်း တင်နိုင်တဲ့ အတွက်၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားရမယ့်လူ မရှားပါးဘဲ ကာလ အတော်ကြာကပဲ လျာထားခံရပေမဲ့ ဆုမရသေးတဲ့ ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl လည်း ပါရှိပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ထပ်ပြီး အမည်စာရင်း တင်တာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကာလနဲ့ တိုင်ဆိုင်နေတယ်လို့ တချို့က သုံးသပ်ပါတယ်။


Source: http://www.rfa.org/burmese/news/nobel-peace-prize-assk-10062011091946.html

Thursday, October 6, 2011

သမ၀ါယမအသင်း ၀င်ကြမလား၊ ၁၈၉၀ ကျပ် အမြတ်ရဖို့ ၇ နှစ် စောင့်ရမည်


အကောင်းဆုံး အမြတ်အစွန်းရရှိမည့် နေရာတခုက သင့်အား ကြိုဆိုနေပါသည်။

သမ၀ါယမ အသင်းသို့ ၀င်လိုက်ပါ။

၇ နှစ်တိတိ စိတ်ရှည်စွာ စောင့်ပါက အမြတ်ငွေ ၁၈၉၀ ကျပ်ကြီးများတောင် ရရှိမှာ ဖြစ်သည်။


Read More ...

ပန်းသီး ဖခင်ကြီး ကွယ်လွန်

ပန်းသီး ကွန်ပြူတာကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူ အမှုဆောင် အရာရှိချုပ်ဟောင်း Steve Jobs ဟာ အချိန်အတော်ကြာအောင် ခံစားနေခဲ့ရတဲ့ ပန်ခရိယ ကင်ဆာရောဂါနဲ့ မနေ့ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ် ရှိပါပြီ။

Steve Jobs ကို ၁၉၅၅ မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပန်းသီး ကုမ္ပဏီကိုတော့ သူ့ရဲ့ အတိတ်ဘ၀ ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူ ပူးတွဲ တည်ထောင်တဲ့ ပန်းသီး ကုမ္ပဏီဟာ သူမမွေးဖွားမီ နှစ်ပေါင်း ၅၅ နှစ် အလိုမှာ ဒေ၀ါလီ ခံရမတတ် စီးပွားရေး ကျဆင်းခဲ့တယ်လို့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။



Read More ...

@KZT

မြန်မာသမ္မတ ဦးသိန်းစိန်နေရာတွင် တရုတ်ကြီး ၀ူတိန့်ရှိန်က သမ္မတအဖြစ် တာဝန်ယူ


ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းရန် မြန်မာ သမ္မတကြီး ၀ူတိန့်ရှိန် (Wu Dengsheng) က ဆုံးဖြတ်ချက် ချမှတ် ကြေညာလိုက်သည်ဟု တရုတ် ရုပ်မြင်သံကြားဌာနတစ်ခုက ထုတ်လွှင့်သွားသည်။

သမ္မတ ဦးသိန်းစိန်သည် အင်အားကြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ကြောက်ရွံ့သဖြင့် မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းကြောင်းကို တရုတ်လူမျိုး ၀ူတိန့်ရှိန် Wu Dengsheng အား မြန်မာ သမ္မတ အဖြစ် ယာယီ ခန့်အပ်ကာ ယခုကဲ့သို့ ဆုံးဖြတ်စေခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းထဲတွင် မြန်မာသမ္မတကြီး မစ္စတာ "၀ူ" (Wu) က မည်သို့ မည်ပုံ ပြောဆိုကြောင်းများကိုလည်း ထုတ်လွှင့်သွားသည်။


Friday, September 30, 2011

မြန်မာ ဝေါဟာရကို ဧ၀ရက် တောင်ထိပ်တွင် ရေးသားနိုင်ရေး လွှတ်တော်က ဆွေးနွေးအတည်ပြု

မြန်မာ ဝေါဟာရကို မသင့်တော်သော နေရာများတွင် မရေးသားရေး အဆိုပြုချက် ရှုံးနိမ့်သွားပြီးနောက် "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန်" အဆိုကို ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂)က ထပ်မံ တင်သွင်းရာ လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

မြင့်သည့်နေရာ မြတ်သည့် နေရာများတွင် မြန်မာအမည် အသုံးပြုရေး ဆွေးနွေးကြရာတွင်- မြင့်သည့် နေရာနှင့် ပတ်သက်၍ ကမ္ဘာ့ အမြင့်ဆုံးတောင်ထိပ် ဖြစ်သော ဧ၀ရက် တောင်ထိပ်တွင် မြန်မာ ဝေါဟာရ ရေးထိုးပါက မြန်မာသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းတွင်မူ ခါကာဘိုရာဇီ တောင်ထိပ်တွင် ရေးသား အသုံးပြုရမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေး တာဝါတိုင်များတွင် မြန်မာဟု စာရေးသား အသုံးပြု ရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြသည်ဟု သိရပြီး၊ မြတ်သော နေရာများတွင် အသုံးပြုရေး နှင့် စပ်လျဉ်း၍ အမြတ်ကြီးစား လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းများနှင့် တကွ အခြား အမြတ်အစွန်းရသော လုပ်ငန်းများ ဟူသမျှတွင် မြန်မာ အမည်ကို အသုံးပြုသင့်ကြောင့် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြသည်ဟု သတင်းရရှိသည်။


Read More ...

မြန်မာ ဝေါဟာရကို အိမ်သာများ၊ အနှိပ်ခန်းများ နှင့် ပျော်တော်ဆက်များတွင် ရေးသားအသုံးပြုနိုင်

တပ်မတော်သား လွှတ်တော်အမတ် ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂)က 'မြန်မာ ကာရာအိုကေ၊ မြန်မာ အနှိပ်ခန်း၊ မြန်မာ ပျော်တော်ဆက်' စသည့်နေရာများတွင် မြန်မာ ဟူသည့် အသုံးနှုန်း သုံးစွဲလာကြမည်မှာ မသင့်တော်ကြောင်း၊ ထို့ပြင် မြန်မာ ဟူသော ဝေါဟာရကို သန့်စင်ခန်းများတွင်လည်း ရေးသားခြင်း မပြုသင့်ကြောင်း လွှတ်တော်တွင် တင်ပြရာ ၊ ထိုအဆိုမှာ ကန့်ကွက်မဲ ၂၅ဝ၊ ထောက်ခံမဲ ၁၃၃ နှင့် ကြားနေမဲ ၁၃ မဲဖြင့် ရှုံးနိမ့် သွားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာဟူသော ဝေါဟာရကို မသင့်တော်သော နေရာများ၊ အိမ်သာများတွင်  အသုံးပြုနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ် အများစုက ရှုမြင်ကြောင်း သတင်းရရှိသည်။


Read More ...

Tuesday, September 27, 2011

ရန်ကုန်တွင် အ၀ါရောင်များ ဆုတောင်းမှုကြောင့် ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လှ ကြောက်ရွံ့လျက်ရှိ

(Photo: the Voice weekly)

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လက် မတည်ဆောက်ရေး၊ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသား ရင်ကြားစေ့မှု ဖြစ်ပေါ်ရေး၊ ရွှေဝါရောင် တော်လှန်ရေးတွင် ကွယ်လွန်သွားသည့်သူများ အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့တွင် အ၀ါရောင် ၀တ်ဆင်သူများက ဆုတောင်းပွဲ ပြုလုပ်သဖြင့်၊ အ၀ါရောင် ၀တ်သူများ၏ ဆန့်ကျင်ဖက် အနီရောင် အုပ်စုမှ ထိုင်းဝန်ကြီးချုပ် ကြောက်လန့်လျက် ရှိသည်။

အ၀ါရောင်ဝတ်ဆင်သူတို့၏ လှုပ်ရှားမှုများ မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ ကူးစက်လာမည်ကို ကြောက်ရွံ့ စိုးရိမ်သဖြင့် ထိုင်းဝန်ကြီးချုပ် မစ္စဒေါ်ရင်လှ မြန်မာပြည်သို့ လာရောက်ကာ မြန်မာအစိုးရနှင့် တွေ့ဆုံရန် စီစဉ်နေသည်။ (Read Here)။

အ၀ါရောင်များကို မြန်မာအစိုးရ အနေဖြင့် နှိမ်နင်းလိုပါက ထိုင်းနိုင်ငံမှ အနီဝတ်များကို စေလွှတ်ပေးမည် ဟုလည်း မစ္စဒေါ်ရင်လှက ပြောဆိုကြောင်း ထိုင်းသတင်းရပ်ကွက်က ဆိုသည်။ ဒေါ်ရင်လှ အနေဖြင့် မြန်မာအစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွတ်များနှင့် စွမ်းအားရှင်များကို အနီဝတ်များအဖြစ် အသွင်ပြောင်းကာ အ၀ါများကို နှိမ်နင်းနိုင်ရေး ဆွေးနွေး သွားမည်ဟုလည်း ထိုင်းသတင်းရပ်ကွက် အရ သိရသည်။


အနီရောင်များ စေလွှတ်မည်

လွန်ခဲ့သော နှစ်အနည်းအတွင်း အ၀ါရောင် ၀တ်ဆင်သူများ၏ သုဝဏ္ဏဘူမိ လေဆိပ်ပိတ်ဆို့ ဆန္ဒပြသည့် လှုပ်ရှားမှုကြောင့် အနီရောင်များ ထောက်ခံသည့် ထိုင်းအစိုးရ ပြုတ်ကျခဲ့ဖူးရာ မစ္စ ရင်လှ အနေဖြင့် အ၀ါရောင်များကို ကြောက်ရွံ့လျက် ရှိသည်ဟု ဆိုသည်။

ရာဇ၀င်များရဲ့ သတို့သမီး သီချင်း အမည်ပြောင်းပြီ


ရာဇ၀င်များရဲ့ သတို့သမီး သီချင်းကို အမည် ပြောင်းလိုက်ပြီဖြစ်သည်။

အမည်သစ်မှာ ဧရာဝတီ ဖြစ်သည်။

အဆိုတော် ထူးအိမ်သင် မှာလည်း ဘ၀တပါးမှ နေ၍ အမည်ပြောင်းလိုက်သည်။

အမည်သစ်မှာ ထူးအိမ်သင်း ဖြစ်သည်။

@ကိုဖြိုး


သီချင်း အသစ်၊ အဆိုတော် အသစ် (နားဆင်ရန်) ...

Sunday, September 25, 2011

စိုင်းတင် ရေတံခွန် ခွန်အားဗလကြီးမားကာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဖြစ်လာ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စိုင်းတင် ရေတံခွန်သည် ခွန်အားဗလ အလွန် ကြီးထွားလာကြောင်း သတင်းရရှိသည်။ ခွန်အားဗလ ကြီးမားလာသဖြင့် အရွယ် အစားလည်း အဆမတန် ကြီးမားလာကာ ယခုအခါ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ရေတံခွန် ဖြစ်လာကြောင်း သတင်းတပုဒ်တွင် တွေ့ရသည်။။

-
ထို့ကြောင့် အောက်ပါ စာရင်းတွင် ဖော်ပြထားသည့် ကမ္ဘာ့ အကြီးဆုံး၊ ကမ္ဘာ့အမြင့်ဆုံး နှင့် ကမ္ဘာ့ ရေစီးနှုန်း အများဆုံး စာရင်းများ မှားယွင်းသွားသည်။
-
-
-

Saturday, September 24, 2011

မြန်မာငွေ ၃၀ ကျပ်ဖြင့် ထမင်း အ၀စားနိုင်ပြီ


နိုင်ငံတစ်ဝန်းရှိ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့အချုပ်ခန်းအသီးသီးတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီး ချုပ်နှောင်ခံနေရသော အချုပ်သားများအတွက် ထမင်းကျွေး စရိတ်ကို ၃ဝ ကျပ်နှုန်း ခွင့်ပြုထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် အချုပ်တရားခံများကို နိုင်ငံ တော်မှ ခွဲဝေချထားပေးသည့် အချုပ်တရားခံ ထမင်းကျွေးစရိတ် ရန်ပုံငွေ တစ်ကျပ်နှင့် ကျွေးမွေးခဲ့ ကြောင်း၊ ၁၉၇၃ ခုနှစ် နောက်ပိုင်း ကာလတွင် ကုန်ဈေးနှုန်း ပမာဏ တိုးမြင့်လာသည်နှင့်အမျှ ရန်ပုံငွေကို တိုးမြှင့်တောင်းခံမှုများ ပြုခဲ့ရာ နိုင်ငံ တော်မှ ၁-၅-၁၉၇၃ မှ ၃၁-၃-၁၉၇၇ ထိ ၁ ကျပ် ၅ဝ ပြားနှုန်း၊ (ငါးမူး ထပ်တိုးသည်) ၁-၄-၁၉၇၇ မှ ၁၄-၇-၁၉၈၇ ထိ ၂ ကျပ် ၅ဝ ပြားနှုန်း၊ (တစ်ကျပ် ထပ်တိုးသည်)။ ၁၅-၇-၁၉၈၉ မှ ၃၁-၃-၂ဝဝ၄ ထိ ၅ ကျပ်နှုန်း၊ (နှစ်ဆ တိုးလာသည်)။ ၁-၄-၂ဝဝ၄ မှ ယနေ့ ထိ ၃ဝ ကျပ်နှုန်း (ခြောက်ဆ တိုးလာသည်) ခွင့်ပြုတိုးမြှင့်ပေးခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။

ထမင်းစရိတ် ငါးကျပ်မှ ၃၀ ကျပ် သို့ တိုးရန် ဆယ့်ငါးနှစ် ကြာစောင့်ရပြီး ခြောက်ဆ တိုးမြှင့်ပေးခဲ့သည် ကို တွေ့ရမှာ ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ နှုန်းထားကျင့်သုံးမှုမှာ ၇ နှစ် ကြာမြင့် ခဲ့ပြီဖြစ်သဖြင့် တိုးမြှင့်ပေးတော့မည် ဖြစ်ကြောင်း၊ အဆ မည်မျှ ထပ်တိုးမည်ကို မူ  မသိသေးကြောင်း၊ ဒုဝန်ကြီးက ပြောသည်။

”ငွေ ၃၀ ကျပ် ဆိုတာ အလွန် များပြားလွန်းတဲ့ အတွက် ဒီကိစ္စကို ကျွန်တော်တို့က နိုင်ငံတော် သမ္မတဆီ တင်ပြရပါတယ်။ အခု- နိုင်ငံတော် သမ္မတရုံး ရဲ့ ခွင့်ပြုချက်အရ သြဂုတ်လ ၁၄ ရက်နေ့မှာခန့်မှန်း ကုန်ကျစရိတ်လျာထား တွက်ချက်မှုနဲ့အတူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ ပေးပို့ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၄င်းက ပြော သည်။

၎င်းအပြင် ထမင်းကျွေးစရိတ် ၃ဝ ကျပ်နှုန်းဖြင့် ကျွေးမွေးနေရမှု သည် ယနေ့ ကုန်ဈေးနှုန်းအရ လုံ လောက်မှု မရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့ များ၏ အစီအစဉ်ဖြင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရ ရှိသောကြောင့် ထမင်းတစ်နပ်ကို ၃၀ ကျပ်နှုန်းဖြင့် ယခုကဲ့သို့ ကျွေးမွေးနိုင်ခြင်း ဖြစ်ကြောင်း၊ ဆန်တစ်ပြည်ကို တစ်ကျပ်၊ ၀က်သား အမဲသား တစ်ပိဿာကို သုံးကျပ်၊ ငါးတစ်ပိဿာကို နှစ်ကျပ်၊ ဟင်းသီးဟင်းရွက် တစ်စည်းလျှင် နှစ်ဆယ့်ငါးပြား စသည့် အထူးဈေးနှုန်းဖြင့် ရဲတပ်ဖွဲ့များက ၀ယ်ယူ ရရှိနေသည့် အတွက် ယခုကဲ့သို့ ထမင်းတစ်နပ်လျှင် ၃၀ ကျပ်နှုန်းဖြင့် အတတ်နိုင်ဆုံး ကောင်းမွန်စွာ စားသောက်နိုင်အောင် ဆောင်ရွက်ပေး နိုင်ခြင်း ဖြစ်ကြောင်း ၄င်း က ထပ်လောင်းဆိုသည်။


Read More ....

Friday, September 23, 2011

ဘောလုံးသမားမပါဘဲ နည်းပြများဖြင့်သာ ကစားမည့် ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ် ပေါ်ထွက်လာ


စက်တင်ဘာ ၁၉-၂၅ ရက်ထုတ် The Voice Weekly ဂျာနယ်ပါ သတင်းတစ်ခုအရ MNL ပြိုင်ပွဲဝင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရက္ခပူရ ဘောလုံးကလပ်တွင် ဘောလုံးသမားများကို အသုံးမပြုဘဲ နည်းပြများဖြင့်သာ ဘောလုံး ဆက်လက်ကစားမည်ဟု ရေးသားဖော်ပြထားသည်။

အဆိုပါသတင်းအရ ရခိုင်ကလပ်(ရက္ခပူရ) နည်းပြ မင်ကော့စကီးသည် ရက္ခပူရတွင် ရက်အတန်ကြာ ပူပန်နေခဲ့ရသည့်အတွက် နေပြည်တော်လွှတ်တော်ကလပ်တွင် အငှားဖြင့် သွားရောက်ကစားနေကြောင်း၊ မင်ကော့မရှိတော့သည့်အတွက် ရက္ခပူရအသင်းအနေဖြင့် ပွဲကျန်များကို လက်ကျန်နည်းပြများဖြင့်သာ ဆက်လက်ကစားသွားရမည်ဟုဆိုလေရာ ရက္ခပူရဘောလုံးအသင်းမှာ နည်းပြများဖြင့်သာ ဘောလုံးကစားမည့် ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ်အသင်းတစ်ခုဖြစ်လာဖွယ်ရှိနေပေသည်။


(ချောင်းဖြူ)

Wednesday, September 21, 2011

သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်းအဖြစ်ပြောင်းလဲပြီး စပါးစိုက်တော့မည်

စပါးစိုက်ပျိုးရန် အသင့်ဖြစ်နေသော ထွန်ယက်ပြီး သုဝဏ္ဏလယ်ကွင်း (ဓာတ်ပုံ- the Voice weekly)

သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်း အဖြစ် ပြောင်းလဲ တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က ပြောဆိုလိုက်သည်။

နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် လယ်ယာထွန်ယက်ပြီး ကောက်စိုက်နေသည်ကို (Read Here) ထောက်ခံ အားပေးသည့် အနေဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ခေတ်မီဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး ဟူသော စီးပွားရေး ဦးတည်ချက်ကို အကောင်အထည် ဖော်သည့် အနေဖြင့် လည်းကောင်း ယခုကဲ့သို့ သုဝဏ္ဏဘောလုံးကွင်းကို လယ်ကွင်းအဖြစ် ပြောင်းလဲကာ စပါး စိုက်ပျိုးတော့မည် ဖြစ်ကြောင်း ဦးဇော်ဇော်က ပြောသည်။


လယ်ကွင်းအတွင်း ဘောလုံးတစ်လုံးဖြင့် ပြေးလွှားနေကြစဉ် (ဓာတ်ပုံ- the Voice weekly)

Monday, September 19, 2011

အင်ဂျင်လုံးဝ မလိုသည့်ကား၊ ချင်းပြည်နယ်မှ ထုတ်လုပ်

လောင်စာ စွမ်းအင် အသုံးပြုရန် လုံးဝ မလိုအပ်သော အင်ဂျင်မဲ့ ကားများကို ချင်းပြည်နယ်အတွင်း ထုတ်လုပ် အသုံးပြုနေကြောင်း သတင်းရရှိသည်။

မည်သည့် လောင်စာမှ အသုံးပြုရန် မလိုသဖြင့် လေထုညစ်ညမ်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းများကို ဖြစ်ပေါ်စေခြင်း မရှိပေ။

သို့သော် အဆိုပါ ကားများမှာ တောင်ပေါ်မှ တောင်အောက်သို့သာ မောင်းနှင် နိုင်ကြောင်း သိရသည်။


(မြန်မာကျုပစ်ဖိုရမ်မှ)

ပထမဦးစွာ ကားများကို တောင်ပေါ်ရောက်အောင် တွန်းတင်ကြရကြောင်း၊ (သို့မဟုတ်) ကြိုးဖြင့် ဆွဲတင်ကြရကြောင်း၊ တောင်ပေါ်ရောက်လျှင် ယာဉ်မောင်းသူက ကား၏ စတီယာရင်နှင့် ဘရိတ်ကို ထိန်းပြီး တောင်အောက်သို့ မောင်းနှင်လေ့ ရှိကြောင်း သိရသည်။

ယခုအခါ စက်ဖြင့် မောင်းနှင်မရဘဲ လူများက တွန်းပို့ရသည့် ကားများကို အပ်နှံပြီး၊ နိုင်ငံခြားမှ မော်ဒယ်မြင့် ကားသစ်များကို တင်သွင်းခွင့်ပြုထားသည်။ သို့သော် ချင်းပြည်နယ်မှ ထုတ်လုပ်သော ကားများမှာ ဖော်ပြပါ ကားများနှင့် သဘာဝချင်း တူညီသော်လည်း၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အလို့ငှာ နိုင်ငံခြားလုပ် ကားများနှင့် လဲလှယ်ခွင့် မပြုကြောင်း သတင်းရရှိသည်။


(ဒီကားတွေတော့ ကားသစ်နဲ့ လဲလို့ရတယ်)
Photo: The Voice 

@Anonymous

အပြည့်အစုံ ဖတ်ရှုရန် ...

Saturday, September 17, 2011

လွှတ်တော်တက်ကြသည့်မွန်တိုင်းရင်းသားအမတ်အချို့ နာမည်တစ်လုံးပိုရခဲ့

နေပြည်တော်တွင်ကျင်းပဆဲဖြစ်သည့် လွှတ်တော်တက်ရောက်နေကြသည့်မွန်အမတ်အချို့ မိမိတို့၏မူရင်းအမည်များရှေ့တွင်နာမည်တစ်လုံးပိုလာသည်ကို အစိုးရသတင်းစာများဖေါ်ပြချက်အရ သိရသည်။

ကြံဖွတ်ပါတီဝင် မိရင်ချမ်းသည် ဒေါ်မိရင်ချမ်းဟု၎င်း၊ မွန်ပါတီမှမိမြင့်သန်းသည် ဒေါ်မိမြင့်သန်းဟု၎င်း၊ သံဖြူဇရပ်မှလွှတ်တော်ကိုယ်စားလှယ် နိုင်ထွန်းအုံးသည် ဦးနိုင်ထွန်းအုံဟု၎င်းအလားတူ မိ၊ နိုင် အမည်ရှိမွန်အမတ်များနာမည်ရှေ့တွင် ဒေါ်(သို့မဟုတ်) ဦး တစ်လုံးအပိုပေးလိုက်သည်မှာနိုင်ငံတော်၏စေတနာဖြစ်ကြောင်း ဒေါက်တာဗညားအောင်မိုးက ယုံကြည်စိတ်ချရသူတစ်ဦးထံမှ တဆင့်ပြောကြားလာသည်။

ရေးမြို့နယ်လွှတ်တော်အမတ်နိုင်ဗညားအောင်မိုးမှာ ဆရာဝန်ဖြစ်သဖြင့် “ဒေါက်တာ” ကိုရှေ့တွင်တပ်ဆင်လိုလျှင် “နိုင်”ကိုဖြစ်ပေးလိုက်ရသောကြောင့် ယခုအခါ “ဒေါက်တာဗညားအောင်မိုး” ဟုမြန်မာသတင်းစာများတွင်ဖေါ်ပြလေ့ရှိကြောင်းသိရသည်။

မွန်အရေးကျွမ်းကျင်သူတစ်ဦးအဆိုအရမွန်တို့၏ မိ၊ နိုင် အခေါ်အဝေါ်များမှာ မြန်မာ ဒေါ်၊ ဦး နှင့်အတူတူအဓိပ္ပါယ်ရှိကြောင်း၊မွန်နာမည်များတွင် ဒေါ်၊ ဦး စသည့်အခေါ်အဝေါ်များအပိုတပ်ထည့်သည်မှာ မွန်ယဉ်ကျေးမှုနှင့်ဆန့်ကျင်နေကြောင်းသိရ၏။ သို့ရာတွင် မွန်အမတ်များမှာ ဒေါ်၊ ဦး တို့အားမည်သူမည်ဝါ ထည့်ခေါ်လိုက်မှန်း မသိရှိရသော်လည်းနိုင်ငံတော်စေတနာဟုသိရသဖြင့် အောက်သက်သက်ဖြင့်ငြိမ်ပေးလိုက်ရကြောင်း အဆိုပါနေပြည်တော်ရောက်အမတ်များအတွက်ရုံးအကူကွန်ပျူတာသမားတစ်ဦးက လက်တို့ပြောကြားခဲ့သည်။

ပေးပို့သူ- ဗညား

Thursday, September 15, 2011

WHO ကို အမည်ပြောင်းပြီ


ကုလသမဂ္ဂက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အမည်ပြောင်းလိုက်ပါပြီ။
အမည်သစ်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ဖြစ်ပါတယ်။

သက်တမ်းရှည်အဖွဲ့ကြီးကို ဘာကြောင့် နာမည်ပြောင်းလိုက်တာလဲဆိုတာ ကုလသမဂ္ဂက မကြေညာသေးပါ။
နာမည်ကို ပြောင်းသင့်လို့ ပြောင်းရတာပါလို့ ပညာရှင်တဦးက ယူဆနေပါတယ်။

အဲဒီ ဌာနကအရာရှိတွေ၊ ၀န်ထမ်းတွေဟာ စားတဲ့နေရာမှာ ပါးနပ်ပြီး၊ ရိပ်တဲ့နေရာမှာ လက်ဖျားခါရလောက်အောင် ၀ါရင့်နေကြလို့ စားနပ်ရိက္ခာအဖွဲ့ ဆိုပြီး အမည်ပြောင်းလိုက်တာ ဖြစ်နိုင်ကြောင်း ဖင်လန်နိုင်ငံ ရှက်စရာကြီးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာပေါ်တင်က သုံးသပ်ပါတယ်။

ဒေါက်တာပေါ်တင်ရဲ့ သုံးသပ်ချက်ကြောင့် WHO အရာရှိတွေ၊ ၀န်ထမ်းတွေ အကြီးအကျယ် အီးတင်းနေကြတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ၀ါရှင်ကို လျှို့ဝှက်ပေးပို့တဲ့ ကြေးနန်းစာတစောင်မှာ အခိုင်အမာ ရေးထားပါတယ်။

ဒီအကြောင်း သံရုံးကို ဖုန်းဆက်မေးကြည့်တော့ ဖြေဆိုဖို့ ငြင်းပါတယ်။

"အဲဒီကြေးနန်းစာကို ဒီကနေ့ ရက်စွဲနဲ့ ပေးပို့လိုက်တာ ဆိုပေမယ့် သိပ်မကြာခင် ၀ီကီလိဝက်ဆိုက်မှာ ပေါ်လာမှာပဲ။ အဲဒီအခါမှ ယူဖတ်ပါခင်ဗျာ" လို့ သံရုံးအရာရှိက အလွတ်သဘော ပြောပါတယ်။

(ဇာနည်ဝင်း)


အပြည့်အစုံ ဖတ်ရန် ...

Wednesday, September 14, 2011

ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရံတော်များ ခြံရံလျက် ဘောလုံးပွဲကြည့်ရှု

(Photo: The Voice Weekly)

ဒေါ်အောင်ဆန်းစုကြည် ယနေ့ကျင်းပသော မြန်မာ-လာအို ဘောလုံးပွဲ ကြည့်နေသည်။
ဘေးမှ ကိုယ်ရံတော်နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ ကာကွယ်ရေး တာဝန်ကို ယူထားကြ၏။
မတော်တဆ ဒေါ်အောင်ဆန်းစုကြည်အနီးသို့ ကွင်းထဲမှ ဘောလုံး ချော်ထွက် ရောက်ရှိလာပါက ပါးစပ်ဖြင့် ကိုက်ဖမ်းရန် အဆင်သင့် ပြင်ဆင်ထားကြသည်။
ဓာတ်ပုံတွင် ပါးစပ်ကြီး ဟထားသော ကိုယ်ရံတော် နှစ်ဦးအား တွေ့မြင်နိုင်သည်။