ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်သည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့်ရရှိစေရေး အတွက် လည်းကောင်း၊ ရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးတွင် ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် နိုင်ငံရေးအကျဉ်းသား အများစုကို၊ ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အတွက် ၀မ်းသာမဆုံး ဖြစ်ကြရသည့် မြန်မာပြည်သူ များစွာတို့က- သမ္မတကြီးအား "အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဘကြီးစိန်" ဘွဲ့ဖြင့် အပ်နှင်း ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း သိရသည်။
ယခုအခါ ပြည်သူများ အနေဖြင့် ယခင် ခေါ်ဝေါ် သုံးစွဲနေသော "ပြောင်ကြီး" အမည်ကို လျှော့ချ အသုံးပြုလျက် ရှိကြပြီး၊ သမ္မတကြီးအား "ဘကြီးစိန်"ဟု ခေါ်ဝေါ်လျက် ရှိကြကြောင်း သတင်းရရှိသည်။
Friday, January 13, 2012
Tuesday, January 10, 2012
အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က အနုပညာရှင်များကို စည်သူဘွဲ့ အပ်နှင်း
(Photo: Mizuri.com)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် သည် ဇန်နဝါရီ ၄ရက်(လွတ်လပ်ရေးနေ့)၊ နေ့ထူး နေ့မြတ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MIIC) ညီလာခန်းမ၌ နံနက်(၈)နာရီခွဲက ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့် အပ်နှင်းကျင်းပခဲ့ကြောင်း သိရပြီး ယင်းသို့ ဘွဲ့များအပ်နှင်းရာတွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာ အမှတ် (၂+/၂ဝ၁၂)ဖြင့်စည်သူဘွဲ့ချီးမြှင့် အပ်နှင်းခြင်းခံရသူ ၃ဝ ဦးရှိသည့်အနက် ယခုနှစ်အတွက် အနုပညာရှင် ၂ ဦးပါဝင် ကြောင်း သိရှိရသည်။
အဆိုပါ အနုပညာရှင် နှစ်ဦးမှာ စည်သူလွင် နှင့် ခန့်စည်သူ တို့ ဖြစ်ကြောင်း သိရပြီး၊ နောင်နှစ်များတွင် သရေစာ ရောင်းချသူများကို သရေစည်သူဘွဲ့၊ သရေအိတ် ချုပ်လုပ်သူများကို မဟာသရေ စည်သူဘွဲ့များ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(Photo: Shwedarling.com)
မှတ်ချက်။ ။ အသံထွက်အတိုင်း စာလုံးပေါင်းထားခြင်း ဖြစ်ပြီး၊ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းအရ- သရေစာ= သွားရေစာ/ သရေအိတ်= သားရေအိတ် ဖြစ်ပါသည်။
Sunday, January 8, 2012
ဝန်ကြီးနှစ်ပါး အစာအဆိပ်သင့် ရောဂါကြောင့် ရာထူးမှ အနားယူ
ပြည်ထောင်စု ၀န်ကြီး တစ်ပါးနှင့် တိုင်းဒေသ ၀န်းကြီးချုပ်တစ်ပါးတို့ အစားအသောက် မှားယွင်းကာ အစာအဆိပ်သင့် ဝေဒနာ အပြင်းအထန် ခံစားရပြီး ကျန်းမာရေး အလွန်ဆိုးရွားသော လက္ခဏာမျာ ပေါ်ပေါက်လာသဖြင့် တာဝန်များ ဆက်လက် ထမ်းဆောင်နိုင်စွမ်း မရှိတော့ကြောင်း ယမန်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားချက်များ အရ သိရသည်။
မည်သို့သော ထူးဆန်းသည့် အစားအစာမျိုးကို မည်သည့် အတိုင်းအတာအထိ အတိုင်းထက် အလွန် အဆမတန် မြိန်ရှက်စွာ စားသောက်မိခြင်းကြောင့် ယခုကဲ့သို့ အထက်လန်အောက်လျှော ဖြစ်ကာ အစာအဆိပ်သင့်ပြီး တာဝန်မထမ်းဆောင်နိုင်သည်အထိ ကျန်းမာရေး ဆိုးရွားသွားရကြောင်းကိုမူ သတင်းစာက ရှင်းလင်းစွာ ဖော်ပြခြင်းမရှိပေ။
Read More ...

Wednesday, January 4, 2012
ထိုင်းနှင့် စင်ကာပူတွင် ငွေကြေးစနစ် ပြောင်းလဲအသုံးပြု
ထိုင်းနိုင်ငံတွင် လက်ရှိ လည်ပတ် သုံးစွဲနေသည့် ငွေကြေးစနစ်ကို ပြောင်းလဲ လိုက်ပြီ ဖြစ်သည်။
ယခင်က ထိုင်းနိုင်ငံတွင် ဘတ်ငွေ (Thai baht, บาท, sign: ฿; code: THB)ကို သုံးစွဲခဲ့သော်လည်း မကြာမီရက်ပိုင်းမှ စ၍ (Thai baht) အစား (Thai Bakhs)ကို ပြောင်းလဲ အသုံးနေကြောင်း မြန်မာရုပ်ရှင် ဇာတ်လမ်းတို တစ်ခု၏ ဇာတ်ဝင်ခန်းတစ်ခု အရ သိရသည်။
တစ်ချိန်တည်းတွင် စင်ကာပူနိုင်ငံကလည်း ထိုင်းနိုင်ငံကို အားကျပြီး စင်ကာပူငွေကြေးကို ပြောင်းလဲလိုက်သည်။ ယခင် အသုံးပြုနေသည့် စင်ကာပူဒေါ်လာ Singapore dollar (sign: $; code: SGD)ကို ဖျက်သိမ်းပြီး၊ Singaporian dollar ကို ပြောင်းလဲ သုံးစွဲနေကြောင်း အထက်ပါ ဇာတ်လမ်းတိုအရ သိရသည်။
ထိုကဲ့သို့ ငွေကြေးစနစ် ရုတ်တရက် ပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် စင်ကာပူနိုင်ငံသား Singaporean များလည်း အမည်ပြောင်းသွားသည်။ မကြာမီ ရက်ပိုင်းအတွင်း၊ ငွေကြေးစနစ်နှင့်အတူ အမည်ပြောင်းလဲ ခံလိုက်ရသော Singaporean ၏ အမည်သစ်မှာ Singaporian ဖြစ်သည်။

(Courtesy: youtube)

4th January
(လွတ်လပ်ရေးနေ့)
ပထမဆုံး မြန်မာ့ လွတ်လပ်ရေးနေ့ အခမ်းအနား ရုပ်ရှင်မှတ်တမ်း (Source: ယူကျု)
ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း ....
(အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၊ ၁၃-၇-၁၉၄၇)
(Source: ယူကျု)
(Source: ယူကျု)
Monday, January 2, 2012
လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း
ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတော်
Democratic Peoples' Republic of Koyokaya (DPRK)
(မြောက်ကိုးရိုးကားယား နိုင်ငံ- North Koyokaya)
အတုမရှိခေါင်းဆောင်ကြီးရုံး
ကြေညာချက်အမှတ် (၃/ချုချေ-၁၀၁)
Democratic Peoples' Republic of Koyokaya (DPRK)
(မြောက်ကိုးရိုးကားယား နိုင်ငံ- North Koyokaya)
အတုမရှိခေါင်းဆောင်ကြီးရုံး
ကြေညာချက်အမှတ် (၃/ချုချေ-၁၀၁)
အကြောင်းအရာ။ ။လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း
ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ (DPRK)အစိုးရ သည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းဟူသော လောကပါလ ဒီမိုကရေစီ သဘောတရားနှင့် အညီ မြောက်ကိုးရိုးကားယား ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ သနားဂရုဏာ ရှေ့ထားပြီး စိုးမိုး အုပ်ချုပ်လျက်ရှိရာ- ကိုးရိုးကားယားနိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက် ကျူးလွန် ခြင်းကြောင့် ထောင်သွင်းအကျဉ်းကျခံနေရသော တိုင်းသူပြည်သားများကို ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ ကွယ်လွန်သူ ချစ်လှစွာသော ခေါင်းဆောင်ကြီး၏ အရိုက်အရာကို ရာသက်ပန် ဆက်ခံသော အတုမရှိခေါင်းဆောင်ကြီးက သနားကြင်နာခြင်းကြီးစွာဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
(၁) တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ထောင်ဒဏ် ထာဝရ ထက်ကျော်လွန် ကျခံနေရသူများကို ထောင်ဒဏ် ထာဝရ သို့လည်းကောင်း၊
(၂) ထောင်ဒဏ် နှစ် တစ်သောင်း ကျခံနေရသူများကို ထောင်ဒဏ် နှစ် ငါးထောင်သို့ လည်းကောင်း၊
(၃) ထောင်ဒဏ် နှစ်တစ်ထောင် ကျခံနေရသူများကို လေးပုံတစ်ပုံ လျှော့ရက်သတ်မှတ်ကာ ထောင်ဒဏ် နှစ်ခုနစ်ရာ့ ငါးဆယ်သို့လည်းကောင်း၊
အသီးသီး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
-
အထက်ဖော်ပြပါ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများ အနက်မှ ထောင်ဒဏ် အနည်းဆုံး နှစ်ပေါင်း ခုနစ်ရာ့ငါးဆယ် ကျခံထားပြီးသူများအား၊ ကွယ်လွန်သူ ချစ်သော ခေါင်းဆောင်ကြီး ဒေါ်ခင်ချိုအေး၏ ဖခင်ကြီး မွေးသက္ကရာဇ်ကို အခြေခံ တွက်ချက်ထားသော ကိုးရိုးကားယား ချုချေ-သက္ကရာဇ် ၁၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၃၂) ရက်နေ့မှ စတင်ကာ အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
(ပုံ)
ဒေါ်ခင်ချိုအုန်း
အတုမရှိခေါင်းဆောင်ကြီး
ကိုးရိုးကားယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK)
Sunday, January 1, 2012
မြန်မာအမျိုးသမီးငယ် တစ်ဦး မြောက်ကိုးရီးယား ခေါင်းဆောင်သစ် ဖြစ်လာ
မြောက်ကိုးရီးယား အမျိုးသမီး ခေါင်းဆောင်သစ်- ခင်ချိုအုန်း (ဓာတ်ပုံ-၀ီကီ)
အသစ် ၂၇ နှစ် (သို့မဟုတ်) ၂၈ နှစ် အရွယ်ရှိ ပျိုမြစ် နုပျို ချောမောသော မြန်မာ အမျိုးသမီးငယ် တစ်ဦး ဒီမိုကရေစီ စနစ် ကျင့်သုံးသော ဒီမိုကရက်တစ် ကိုးရီးယား ပြည်သူ့ သမ္မတ နိုင်ငံ (မြောက်ကိုးရီးယား နိုင်ငံ)၏ အတုမရှိ ခေါင်းဆောင်ကြီး ဖြစ်လာကြောင်း သတင်းရရှိသည်။
အဆိုပါ အတုမရှိ ခေါင်းဆောင်ကြီး ဖြစ်သော မြန်မာအမျိုးငယ်၏ အမည်မှာ ခင်ချိုအုန်း (Kim Jong-un) ဖြစ်ပြီး၊ မြောက်ကိုးရီးယား၏ ချစ်လှစွာသော ကွယ်လွန်သူ ခေါင်းဆောင် အမျိုးသမီးကြီး ခင်ချိုအေး (Kim Jong Il) ၏ သမီးငယ် ဖြစ်သည်။
ကွယ်လွန်သူ ခေါင်းဆောင်ကြီး- ဒေါ်ခင်ချိုအေး (ဓာတ်ပုံ-အက်ဖ်ဘီ)
ဒေါ်ခင်ချိုအေး ကွယ်လွန်ပြီးနောက် သမီးငယ် ခင်ချိုအုန်း အနေဖြင့် ဒီမိုကရေစီ ထုံးတမ်း စဉ်လာနှင့် အညီ ထီနန်းဆက်ခံခြင်း ဖြစ်ကြောင်း မြောက်ကိုးရီးယား မီဒီယာများက ဖြော်ပသည်။
ခေါင်းဆောင်ကြီး ဒေါ်ခင်ချိုအေးသည် သူမကွယ်လွန်မီက သမီးကြီးဖြစ်သူ ခင်ချိုနန်း (Kim Jong-nam)ကို ထီးနန်း အရိုက်အရာ လွှဲအပ်ရန် ငြင်းပယ်ခဲ့ပြီး သမီးငယ် ခင်ချိုအုန်းကိုသာ အာဏာလွှဲအပ်ရန် လျာထားခဲ့ကြောင်းလည်း သိရသည်။
သမီးကြီး- ခင်ချိုနန်း (ဓာတ်ပုံ-စီအဲန်အေ)
ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက် ရှိသည့် မြောက်ကိုးရီးယား နိုင်ငံသည် ကမ္ဘာပေါ်တွင် ပျော်ရွှင်စရာ အကောင်းဆုံးသော နိုင်ငံ တစ်ခုထဲတွင် အပါအ၀င် ဖြစ်ကြောင်း မြောက်ကိုးရီးယားနိုင်ငံက တရားဝင် ထုတ်ပြန်သော သုတေသန စစ်တမ်းတစ်ခုက ပြဆိုသည်။ စိတ်ဆင်းရဲစရာ အကောင်းဆုံး နိုင်ငံမှာ အမေရိကန် ဖြစ်ကြောင်း အဆိုပါ သုတေသန အရ သိရသည်။
မြောက်ကိုးရီးယား တို့၏ အထက်ဖော်ပြပါ သုတေသန မှန်ကန်ဖွယ် ရှိကြောင်း၊ ကမ္ဘာ့ထိပ်တန်း ဟားဗတ် တက္ကသိုလ် ကျောင်းဆင်း၊ ကာတွန်းဆရာ အော်ပီကျယ်က ပြောသည်။
"ညအချိန်ရိုက်ထားတဲ့ အာရှတိုက် ဂြိုဟ်တု ဓာတ်ပုံကြည့်တော့ မြောက်ကိုးရီးယား တစ်နိုင်ငံလုံး မှောင်မဲနေတာပဲဗျ။ ဒီတော့ လျှပ်စစ်မီး လာတဲ့ အချိန်တိုင်းမှာ မြောက်ကိုးရီးယား ပြည်သူတွေ ထ-ထ ပြီး ပျော်ကြမယ့် ပုံပဲ။ ဒါကြောင့် ကမ္ဘာပေါ်မှာ ပျော်စရာ အကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်မှာပါ" ဟု ဆရာ အော်ပီကျယ်က သုံးသပ်သည်။
လျှပ်စစ်မီးမရှိသဖြင့် တစ်နိုင်ငံလုံးမှောင်မဲနေသော မြောက်ကိုးရီးယား နိုင်ငံကို
လျှပ်စစ်မီး လင်းထိန်နေသည့် တောင်ကိုးရီးယားနှင့် အတူ တွေ့ရပုံ (ဓာတ်ပုံ-၀ီကီ)
လျှပ်စစ်မီး လင်းထိန်နေသည့် တောင်ကိုးရီးယားနှင့် အတူ တွေ့ရပုံ (ဓာတ်ပုံ-၀ီကီ)
မြောက်ကိုးရီးယား မြို့တော်တွင် ခေတ်မီ တိုးတက်သော နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် တိုက်အမြင့်ကြီး များစွာ ဆောက်လုပ်ထားသည်။ သို့သော် လမ်းမကြီးများပေါ်တွင် ဖြတ်သန်းမောင်းနှင် နေသည့် ကားများ အလွန်ရှားပါးသည်။ လူအများစုမှာ လမ်းလျှောက်၍ ဖြစ်စေ၊ စက်ဘီးစီး၍ ဖြစ်စေ သွားလာကြကြောင်း မြောက်ကိုးရီးယားသို့ သွားရောက်လည်ပတ်ဖူးသူ များက ပြောဆိုကြသည်။
သို့ရာတွင်- မြောက်ကိုးရီးယား ပြည်သူတို့ ယခုကဲ့သို့ ကားမစီးဘဲ လမ်းလျှောက်ကြခြင်းမှာ ခေါင်းဆောင်ကြီး၏ လမ်းညွှန်မှုအတိုင်း ကျန်းမာရေးနှင့် ညီညွတ်စေရန် လေ့ကျင့် လမ်းလျှောက်နေကြခြင်းသာ ဖြစ်ကြောင်း မြောက်ကိုးရီးယား တာဝန်ရှိသူများက တုန့်ပြန် ပြောဆိုကြသည်။
မော်တော်ယဉ်များစွာ ရှုပ်ထွေးကျပ်တောက်နေသည့် မြောက်ကိုးရီးယား မြို့တော် ပြုံးယမ်း လမ်းမကြီးတစ်ခုတွင် လမ်းပြပုလိပ်က လမ်းပြနေစဉ် (ဗီဒီယို- ယူကျုမှ)။
(လမ်းပေါ်တွင် လမ်းပြစရာ မော်တော်ယဉ်များကို မတွေ့ရဘဲ တွန်းလှည်းသာ တွေ့ရသည်)
(လမ်းပေါ်တွင် လမ်းပြစရာ မော်တော်ယဉ်များကို မတွေ့ရဘဲ တွန်းလှည်းသာ တွေ့ရသည်)
Saturday, December 31, 2011
တောင်းပန်ပါသည်
ကျွန်တော်တို့ BSN ၏ အသုံးမကျမှု၊ ညံ့ဖျင်းမှုများကြောင့် Burma Strange News ၏ သတင်းများ update မလုပ်နိုင်ခဲ့ခြင်းအပေါ် အနူးအညွတ် တောင်းပန်အပ်ပါသည်။
ပျော်ရွှင်စရာ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေကြောင်း BSN မှ ဆုတောင်း မေတ္တာ ပို့သပါသည်။
ပျော်ရွှင်စရာ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေကြောင်း BSN မှ ဆုတောင်း မေတ္တာ ပို့သပါသည်။
Tuesday, November 22, 2011
၂၀၁၁ ဆီးဂိမ်းတွင် မလေးရှားဘောလုံးအသင်း မြန်မာကစားသမားများအား ငှားရမ်းအသုံးပြု
မလေးရှားဘောလုံးသမား ကျော်ကျော်မျိုး
မြန်မာဘက်သို့ ဂိုးသွင်းရန် ကြိုးပမ်းနေစဉ် (Photo: Getty Images)
၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မလေးရှားအသင်းက မြန်မာဘောလုံးသမား အချို့ကို မွေးစားသား အဖြစ် ငှားရမ်း အသုံးပြုကာ ပြိုင်ပွဲဝင်သွားကြောင်း The Wall Street Journal (Click Here), Day Life (Click Here) နှင့် ရာဟုသတင်းများ (Yahoo News- Click Here) တို့က ဖော်ပြသည်။ အဆိုပါ သတင်းများတွင် ဖော်ပြချက်အရ၊ မြန်မာ-မလေးရှား အကြိုဗိုလ်လုပွဲစဉ် အတွင်း- မြန်မာလူမျိုး Kyaw Kyaw Myo သည် မလေးရှားအသင်းကို ကိုယ်စားပြုပြီး ကန်ကျောက်ခဲ့ကြောင်း၊ ထို့ပြင် ၄င်းသည် မြန်မာအသင်းဖက်သို့ ထိုးဖောက်ပြီး မြန်မာ ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ထိုနည်းတူ မြန်မာလူမျိုး ဘောလုံးသမား Aye San သည်လည်း မလေးရှားဘောလုံးအသင်းတွင် ၀င်ရောက် ကစားသွားကြောင်း အခြား သတင်းတစ်ပုဒ်က ဆိုသည် (Click Here)။
ယခုကဲ့သို့ မြန်မာ့လက်ရွေးစင် အဆင့်မြင့် ဘောလုံးသမားကောင်းများကို မလေးရှားအသင်းက ငှားရမ်းအသုံးပြု ကစားသွားခြင်းကြောင့် နောက်ဆုံး ဗိုလ်လုပွဲတွင် မလေးရှားတို့ အနိုင်ရ ဗိုလ်စွဲသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က အတည်ပြု ပြောကြားသည်။ အပြန်အလှန်အားဖြင့် နေပြည်တော်တွင် ကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းတွင် မြန်မာအသင်း အနိုင်ရဗိုလ်စွဲစေရန် အတွက် မလေးရှားဘောလုံး သမားများကို ယာယီမြန်မာနိုင်ငံသားကတ် ထုတ်ပေးပြီး၊ မြန်မာအသင်းတွင် ငှားရမ်း အသုံးပြုသွားမည်ဟု MFF က ပြောသည်။
Sunday, November 20, 2011
တစ်နှစ်ပြည့် ကျေးဇူးတင်စကား
ဒီနေ့ Burma Strange News (BSN) တစ်နှစ်ပြည့်ပါပြီ။
ထူးထူးခြားခြားပဲ ဒီနေ့ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ နဲ့ BSN ရဲ့ တစ်နှစ်ပြည့် မွေးနေ့တို့ တိုက်ဆိုင်နေပါတယ်။
မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖဲ့ပြီး BSN ကို လာရောက်ဖတ်ရှု အားပေးကြတဲ့ ကမ္ဘာအရပ်ရပ်က စာဖတ်ပရိသတ်များ အားလုံးကို လှိုက်လှဲ နွေးထွေးစွာ ကျေးဇူး စကား ဆိုပါရစေ။
သတင်းတွေ လက်တို့ကြတဲ့ ...
ပို့စ်တွေ ပံ့ပိုးရေးသားပေးကြတဲ့ ...
ဝိုင်းဝန်း အကြံပေးကြတဲ့ ...
BSN ရဲ့ မိတ်ဆွေများ အားလုံးကိုလဲ လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။
မိတ်ဆွေများရဲ့ ဒီလို အားပေး ဖတ်ရှုမှုတွေ ပံ့ပိုးမှုတွေ ကြောင့်သာ
Burma Strange News အနေနဲ့ ယခုလို တစ်နှစ်ပြည့်မြောက်တဲ့အထိ ရှင်သန် ရပ်တည်နေခြင်းသာ ဖြစ်ပါကြောင်း...
အားလုံးကို ခင်မင် လေးစား ဂါရ၀ပြုလျက်...
Burma Strange News ၀ိုင်းတော်သူ-၀ိုင်းတော်သားများ
ဇီးကွက်မျက်ပြူး (တောက်တိုမယ်ရ အလုပ်သမား)
မဒမ်ဇီးကွက်မျက်ပြူး (စီအီးအို)
ဦးယုန်ကလေး (အကြီးတန်း အွန်လိုင်း သတင်းထောက်)
မစ္စတာ ပိစ် (ရုံးစာရွက်စာတမ်းများ ဆုတ်ဖြဲရေး တာဝန်ခံ)
မှုန့်မှုန် (ဆက်သွယ်ရေးကြိုးများ ဖြတ်တောက်မှု တာဝန်ခံ)
ဒေါ်ပူတူးကြီး (ရုံးအဖွဲ့မှူး)
ဒေါက်တာပြောင်ထက်ပြောင် (ပို့စ်မော်ဒန် သတင်းဌာနပိုင်ရှင် သေဌေးကြီး)
ပြည်တွင်း သတင်းထောက်များ
မြို့ရွာများ ခေတ်မီဖွံ့ဖြိုးတိုးတက် စေလိုပါသလား၊ ပန်းကန်ဆေးပါ
မြို့ရွာများ ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေမည့် နည်းလမ်းကောင်းများကို မြန်မာနိုင်ငံရှိ စည်ပင်သာယာရေး အဖွဲ့ များ က အဖြေရှာ ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့ရွာများ အမြန်ဆုံး ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် "စည်းလုံးခြင်းသည် အင်အား" ဆိုသည့် အတိုင်း မြို့သူမြို့သားတိုင်း စည်းစည်း လုံးလုံးဖြင့် "အိုက်တိုးပဂေးဆံ" (အိုးတိုက်ပန်းကန်ဆေး) ကြရမည် ဖြစ်ကြောင်း စည်ပင်သာယာရေး အဖွဲ့များက ပြောသည်။ ထို့ကြောင့် အိုးတိုက်ပန်းကန်ဆေးစေရေး လှုံ့ဆော်သည့် "အိုက်တိုးပဂေးဆံ" ဆိုင်းဘုတ်များကို- "စည်းလုံးခြင်းသည် အင်အား"၊ "မြို့ရွာများ အမြန် ခေတ်မီ ဖွံ့ဖြိုးတိုးတက် စေရမည်" ဆိုင်းဘုတ်များနှင့် အတူ မြို့အ၀င် လမ်းဘေးများတွင် စိုက်ထူနေကြသည်။
မြို့ရွာများ အမြန် ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မြို့သူ မြို့သားများ အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်ရာ မြို့ရွာ အသီးသီးတွင် စည်းလုံးညီညွတ်စွာဖြင့် ကိုယ်စီကိုယ်စီ အိုးတိုက် ပန်းကန် ဆေးကြရမည်လော (သို့မဟုတ်) မြန်မာနိုင်ငံရှိ မြို့တိုင်း ရွာတိုင်းမှ အရွယ်ရောက်သူများ အားလုံး ဂျပန်ပြည်သို့ စည်းစည်းလုံးလုံး သွားရောက်ကာ- အိုက်တိုးပဂေးဆံ ပြုလုပ်ကြရမည်လော ဆိုသည်ကို စည်ပင်သာယာ ဆိုင်းဘုတ်များက ရှင်းလင်းစွာ ဖော်ပြခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် အာဆီယံအဆင့်မီ မိလ္လာစနစ်များ ပြုပြင်တော့မည်
အာဆီယံ ၀န်ကြီးများ အစည်းအဝေး အတွင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် သန့်စင်ခန်း ထဲတွင် ကိစ္စဖြေရှင်းနေသည်ကို မြန်မာနှင့် နိုင်ငံတကာ သတင်းထောက်များက အမိအရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသောကြောင့် အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူရတော့မည့် မြန်မာနိုင်ငံတွင်လည်း အာဆီယံအဆင့်မီ မိလ္လာစနစ်များ ပြုပြင်တော့မည်ဟု သတင်းတစ်ခု အရ သိရပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်တွင် ရန်ကုန်မြို့၏ ရေပေးဝေရေးနှင့် ရေသန့်ရှင်းမှုဆိုင်ရာ လုပ်ငန်း (မိလ္လာစနစ်)များအတွက် ငွေကျပ် သန်းပေါင်း ငါးသောင်းကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ၏ ထုတ်ပြန်ချက်အရ ရေပေးဝေရေးနှင့် ရေသန့်ရှင်းမှုဆိုင်ရာလုပ်ငန်း (မိလ္လာစနစ်)များ အတွက် ငွေကျပ် သိန်းပေါင်း ငါးသောင်းကျော် သာ သုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။
သက်ဆိုင်ရာမှ ထုတ်ပြန်ချက်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ ငွေကျပ် သန်းပေါင်း လေးသောင်းငါးထောင် ခန့် ထူးဆန်းစွာ ပျောက်ဆုံးလျက် ရှိနေသည်ကို တွေ့ရှိရသည်။
အဘယ့်ကြောင့် ထိုမျှများပြားလှသော ကျပ်ငွေများပျောက်ဆုံး နေရကြောင်း သတင်းထောက်များက မေးမြန်းရာတွင် "သမ္မတကြီး အမိန့်ရှိခဲ့သလိုပါပဲ ကျွန်တော်တို့က လူမျိုးလည်း မတူဘူး၊ အစားအသောက်ချင်းလဲ ကျွန်တော်တို့က မတူဘူးလေ၊ အဲဒီတော့ အိမ်သာတက်ပုံချင်းလည်း မတူနိုင်ပါဘူး ဒါ့ကြောင့် တူညီမှုမရှိလို့ အနောက်နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ မိလ္လာစနစ်နှင့် တထပ်တည်းကျအောင် နှိုင်းယှဉ်သုံးစွဲဖို့ မဖြစ်နိုင်သေးတာကြောင့် မြန်မာမိလ္လာစနစ်နဲ့ အံဝင်ခွင်ကျအောင် မိလ္လာအတွက် သုံးစွဲငွေ ကျပ်ငွေ သိန်းပေါင်းငါးသောင်းကျော်ပဲ သုံးမှာဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ မြန်မာ့ အစားအသောက် စနစ်နဲ့ အံဝင်ဂွင်ကျ ဖြစ်အောင် ကျပ်ငွေ သန်းပေါင်း လေးသောင်းငါးထောင်ကို ကျွန်တော်တို့ ဗိုက်ထဲ ထည့်သွင်း သုံးစွဲသွားမှာပါ" ဟု ရန်ကုန်မြို့တော်ဝန်က ဖြေကြားသွားခဲ့ကြောင်း သိရသည်။
(SY)
Read More ...
Saturday, November 19, 2011
အိုဘားမား မိန့်ခွန်းပြော၊ မြန်မာခေါင်းဆောင်များ နားပိတ်ထား
(Photo: Getty Images & Irrawaddy Blog)
အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က အမေရိကန် သမ္မတ အိုဘားမား မိန့်ခွန်းပြောသည်။
အိုဘားမား မိန့်ခွန်းပြောနေစဉ် မြန်မာသမ္မတနှင့် နိုင်ငံခြားရေး ၀န်ကြီးတို့ နားပိတ်ထားကြသည်ကို တွေ့ရသည်။
အမေရိကန် သမ္မတ၏ ပြောဆိုချက်များကို အဘယ်ကြောင့် "မကြားလိုပါ... မကြားလိုပါ" ဆိုပြီး နားပိတ်ထားကြသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
အိုဘားမား၏ မြန်မာပြည်နှင့် သက်ဆိုင်သော မိန့်ခွန်းကို (7Day News) နှင့် (Irrawaddy Blog) မှာ ဖတ်ပါ။
Credit: Anonymous ကွန်မင့်ပေးသူ @ Irrawaddy Blog
အဖဂန်တွင် ပျက်ကျသော ရဟတ်ယာဉ် တစ်စီး ဂျက်လေယာဉ် အဖြစ်သို့ ထူးဆန်းစွာ ဘ၀ပြောင်းသွား
(Photo: presstv.ir)
အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ ကူနာ ပြည်နယ် အတွင်းမှာ နေတိုး ရဟတ်ယာဉ် တစ်စီး ပျက်ကျ ခဲ့တယ်လို့ သိရပါတယ် (သတင်း- Click Here)။
အဲဒီ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ မြေပြင်ကို ထိမိတာနဲ့ ရုတ်တရက် အသွင်ပြောင်းသွားပြီး Mirage 2000D အမျိုးအစား ဂျက်တိုက်လေယာဉ် အဖြစ်သို့ အလွန် ထူးဆန်းစွာ ဘ၀ ပြောင်းသွားကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်က ဖော်ပြသွားပါတယ်။
ပျက်ကျပြီးနောက် လေယာဉ်ပျံ ဘ၀သို့ ထူးဆန်းစွာ အသွင်ပြောင်းသွားသော
ရဟတ်ယာဉ်အကြောင်းကို ဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရပုံ
ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ် သူ တစ်ဦးက - "လူတွေ ဘ၀တပါး ပြောင်းရင် နတ်ဖြစ်သွားတယ်၊ တိရစ္ဆာန် ဖြစ်သွားတယ်ဆိုပြီး ကြားပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးသေးဘူး။ အဲ- ရဟတ်ယာဉ် ဘ၀ပြောင်းတဲ့အခါ လေယာဉ်ပျံ ဖြစ်သွားတာကိုတော့ အခုမှပဲ ကွက်ကွက်ကွင်းကွင်း မြင်ဖူးတော့တယ်" လို့ မှတ်ချက်ချ သွားခဲ့ပါတယ်။
(ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းမှာ ဘာမဆိုင်ညာမဆိုင် ဖော်ပြခံလိုက်ရတဲ့ လေယာဉ်- Click Here)
@MNZ
Friday, November 18, 2011
Thursday, November 17, 2011
မြန်မာနိုင်ငံခြားရေး ၀န်ကြီး အိမ်သာတက်နေသည်ကို သတင်းထောက်များ ဓာတ်ပုံရိုက်ကူး
မြန်မာနိုင်ငံခြားရေး ၀န်ကြီး အိမ်သာတက်နေသည်ကို
သတင်းထောက်အချို့ ဓာတ်ပုံရိုက်ကူးနေပြီး
အချို့က ရိုက်ကူးရန် အသင့် အနေအထားဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့ရပုံ
(Photo: the Voice weekly)
အာဆီယံ ၀န်ကြီးများ အစည်းအဝေး အတွင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် သန့်စင်ခန်း ထဲတွင်
ကိစ္စဖြေရှင်းနေသည်ကို မြန်မာနှင့် နိုင်ငံတကာ သတင်းထောက်များက အမိအရ ဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်းဓာတ်ပုံ တစ်ခု အရ သိရသည်။
အိမ်သာတက်နေစဉ် ဓာတ်ပုံအရိုက်ခံရသော ဦးဝဏ္ဏမောင်လွင်က-
"ကျွန်တော် အိမ်သာထဲ ၀င်နေတာကို ခင်ဗျားတို့က တဖြတ်ဖြတ် ဓာတ်ပုံရိုက်ကြတော့ အထဲမှာ ဘာလုပ်လို့ ဘာကိုင် ရမှန်းတောင် မသိဘူး။ ဖုံးလိုက်ရ ဖိလိုက်ရတာ အမောဘဲဗျာ။
ဟူး..... ခင်ဗျားတို့ ကင်မရာတွေက နံရံဖောက်ထွင်းမြင်နိုင်တဲ့ ကင်မရာတွေ မဟုတ်လို့ တော်သေးတာပေါ့"
ဟု သန့်စင်ခန်းမှ ထွက်ထွက်ချင်း သတင်းထောက်များကို ပြောကြားသွားခဲ့သည်။
Tuesday, November 15, 2011
ကိုးရီးယားတွေကို Rocker များ ကြောက်လန့်လျက်ရှိ
ကိုရီးယား၏ နိုင်ငံခြားသား အများဆုံး တက်သည့် ကျောင်းတစ်ခု နားက အများသုံး ရေချိုးခန်း အ၀င်မှာ ချိတ်ထားသော စာတန်း တစ်ခုကြောင့် မြန်မာ rocker များ အပါအ၀င်၊ ကမ္ဘာတစ်လွှားမှ rocker များ ရင်တမမ ဖြစ်နေကြောင်း သိရသည်။
အဆိုပါ စာတန်းတွင် ဖိနပ်များကို rocker ထဲတွင် ထည့်ရမည်ဟု ဆိုထားသည်။
ထိုစာတန်းကြောင့် မြန်မာနိုင်ငံ၏ နာမည်ကြီး rocker ဇော်ဝင်းထွဋ်က ထိတ်လန့်တုန်လှုပ်မိသည်ဟု ပြောပြသည်။
"ဖိနပ်တွေကို rocker ထဲ ထည့်ပါ ဆိုတော့ ကျွန်တော့် အနေနဲ့ ဘယ်လို ထည့်ရမှန်းတောင် မသိဘူး" ဟု ဇော်ဝင်းထွဋ်က ဆိုသည်။ "ထည့်စရာ နည်းလမ်းတစ်ခုကတော့ ဖိနပ်တွေကို ပါးစပ်ကနေ မျိုချပြီး ဗိုက်ထဲ ထည့်ထားရမယ့် ပုံပဲ" ဟု မြန်မာ rocker ကြီးက မှတ်ချက်ချသည်။
ထိုသို့သာ ဖိနပ်များကို မျိုချပြီး ဗိုက်ထဲ ထည့်ထားရပါက rocker များ အတိ ဒုက္ခရောက်မည် ဖြစ်သဖြင့် ညွှန်ကြားချက် စာတန်း ရေးသူ ကိုးရီးယားများအား rocker များက မေတ္တာပို့လျက် ရှိကြောင်း သတင်းရရှိသည်။
@------------ ခခ
BSN သတင်းတစ်ပုဒ် လုံးဝ မှားယွင်း
facebook တွင် ဖော်ပြထားသော ဓာတ်ပုံများတွင် မြန်မာနိုင်ငံ အလံသစ် ဇောက်ထိုး ဖြစ်နေခြင်းကို မသိကြသော နိုင်ငံခြား တိုင်းပြည် တစ်ခုရောက် မြန်မာကျောင်းသားများအသင်း လို့ မေးလ်ပို့သူက ရေးထားပါတယ်။ အလံသစ်မို့လို့နဲ့ တူပါတယ်ဗျာ) ဟူသော Burma Strange News ၏ နိုဝင်ဘာလ ၁၁ ရက် ညနေ ၆း၄၀ အချိန်က သတင်းရေးသားချက် လုံးဝ မှားယွင်းနေကြောင်း
(အပြည့်အစုံ ဆက်ဖတ်ပါ...)
(အပြည့်အစုံ ဆက်ဖတ်ပါ...)
ကလေးများဦးဆောင်သော သဘာဝဘေးအန္တရာယ်လျှော့ချရေးအစီအစဉ် ကို ရန်ကုန်နှင့် ဧရာဝတီတွင် စတင်ဆောင်ရွက်နေ
မြန်မာနိုင်ငံတွင် တင်တင် ကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသော ကလေးများ များပြားစွာရှိနေသောကြောင့် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်များ ကာကွယ်ရန်အတွက် ကလေးများ ဦးဆောင်သည့် ဘေးအန္တရာယ် လျှော့ချရေးအစီအစဉ် ကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် သင်တန်းများပေးကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။
ထိုသင်တန်းတွင် သဘာဝ ကြောင့်ဖြစ်သော ဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ ခွဲခြားသတ်မှတ်ခြင်းကို စိမ်ပြေးတန်း၊ တူတူပုန်းတမ်း၊ ထုပ်ဆီးတိုးတန်း၊ ဖန်ခုန်တန်း၊ ကြက်ခွပ်တန်း အစရှိသော ကလေးကစားနည်းများဖြင့် ဖော်ထုတ်ခြင်းများလည်း ပါဝင်ကြောင်း သိရှိရပါသည်။
၎င်းအစီအစဉ်ကို ကျေးရွာပေါင်း ၉၇ ရွာမှ နို့စို့အရွယ်ကလေးများအပါအ၀င် ကလေးပေါင်း ၁၅၅၂ ဦးနှင့် ကလေးများထိန်းရန် လူကြီး ၃၈၈ ဦး တက်ရောက်ခဲ့ကြကြောင်းကိုလည်း သိရပါသည်။

Monday, November 14, 2011
မြန်မာလူငယ်လေး တစ်ယောက်ရဲ့ စွန့်စားခန်းရုပ်ရှင်
(မြန်မာတွေအတွက်ဂုဏ်ယူလိုက်ရပါသည်)
ဇီးကွက်ကြီး
ဒီနေ့တော့ ကိုယ့်မြန်မာတွေအတွက် ဂုဏ်ယူစရာလေးတွေ့လို့ ပီတိဗလပွနဲ့ ပို့ပေးလိုက်တယ်
ကိုယ့်နိုင်ငံအကြောင်းအရာ ကိုယ့်ဘာသာစကားကို စိတ်ဝင်စားလာကြတဲ့အထဲမှာ
Hollywood က နာမည်ကြီးဒါရိုက်တာ Steven Spielberg တစ်ယောက်လည်း ပါဝင်လို့လာပါပြီ
The Adventures of Tin Tin ဆိုတဲ့ 3D ဇာတ်ကားမိတ်ဆက်လိုက်ပါတယ်
"တင်တင်" ဆိုတဲ့ကောင်လေးက သင်္ဘောကပ္ပတိန်တစ်ယောက်နဲ့ပူးပေါင်းပြီး ရတနာသိုက်ရှာတဲ့ စွန့်စားခန်းပဲဖြစ်ပါတယ်
ဒါနဲ့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ဒီဇာတ်ကောင်ကိုဘာကြောင့် မြန်မာနာမည် "တင်တင်" ပေးခဲ့ရပါသလဲဆိုတာ
ဒါရိုက်တာ Steven Spielberg ထံ လှမ်းပြီးစပ်စုကြည့်မိပါတယ်
ဒါရိုက်တာ Steven Spielberg : ဒီဇာတ်ကားကတော့ လူငယ်လေးတွေကို စွန့်စားစေချင်စိတ် ဖြစ်ပေါ်လာအောင် တွန်းအားပေးတဲ့ကားပေါ့ဗျာ...
မြန်မာနာမည် "တင်တင်" ပေးထားရတဲ့အကြောင်းကတော့ အဓိကအားဖြင့် မြန်မာလူငယ်တွေအတွက်ပါ
ကျား/မ အမည်သညာကတော့ထားတော့ တစ်ခုခုကိုစွန့်စားစေချင်တာပါ
တစ်နေ့တစ်နေ့ အတက်နှေးတဲ့ အင်တာနက်ကို ထိုင်စောင့်ရင်း ဂိမ်းတွေဆော့ အသက်တွေကြီးပြီး ဘာမှ မလုပ်လိုက်ရမှာကို စိုးရိမ်ပါတယ်
ကျန်တဲ့နိုင်ငံတွေက ထွေထွေထူးထူး ပြောစရာသိပ်မရှိဘူးဗျ ပြီးတော့ ကျွန်တော်က မြန်မာကိုချစ်တယ်လေ
မြန်မာဇာတ်လမ်း ကောင်းကောင်းလေးတွေ ထပ်ရိုက်ဖို့လည်းရှိပါတယ်
ထီးတင်ပြီးမှပြိုကျသွားတဲ့ ဓနုတ်ဘုရားသမိုင်း၊ ရွှေချိုးဖြူ မူလခဲ သိုက်အကြောင်း၊ မင်းသိင်္ခ ရဲ့ မာလိန်မှူးထူးစိန် စသည်ဖြင့်ပေါ့
အားပေးပါဦးဗျာ... ကျေးဇူးတင်ပါတယ်
Official website
http://www.us.movie.tintin.com/
Trailer
http://www.imdb.com/video/imdb/vi2415828505/
ပရလောကသားများ၏ကိုယ်စား
တာတေကြီး

(Photo: Tin Tin Movie Website)

Subscribe to:
Posts (Atom)