၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်-အင်းစိန်မြို့ပါတ် ရထားနောက်ဆုံးတွဲသည် ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြားတွင် ပြုတ်ထွက်ကျန်ရစ်ပြီးတိမ်းမှောက်သွားသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦးရှိကြောင်း သိရှိရသည်။ ရထားတွဲများတွင် နောက်ဆုံးတွဲသည့် မတော်တဆ အန္တရာယ်ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ နောက်ဆုံးရထားတွဲ ပြုတ်ထွက်ခြင်း မဖြစ်ပွားစေရန်နောင်အခါတွင် မြို့ပတ်ရထားတွဲများ၏ နောက်ဆုံးအတွဲများအား ဖြုတ်၍ ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊မြန်မာတစ်နိုင်ငံလုံးရှိ ရထားများကိုလည်း နောက်ဆုံးအတွဲများကို ဖြုတ်ပြီး ပြေးဆွဲကြရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးရထားဝန်ကြီး ဦးအောင်မင်းမှ ပြောကြားသွားခဲ့သည်။ မိမိတို့ မြန်မာနိုင်ငံသည် နောက်ဆုံးတွဲမပါသော ရထားများ ပြေးဆွဲသည့် ပထမဆုံးနိုင်ငံ ဖြစ်လာမှာဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားသွားသည်။
ဆြာကြီးခ
Link
This comment has been removed by a blog administrator.
ReplyDeleteခေါင်းတွဲကို နောက်ဆုံးမှာတပ်ပြီး တွဲတွေကို တွန်းရင် ဒီပြဿနာ ပြေလည်သွား နိုင်တယ်။
ReplyDeleteအခါတော်ပေးတွေမေးပြီး ယတြာချေရင်လည်း ပြေလည်ကောင်းပါရဲ့
ReplyDeleteအဲဒါဆိုနောက်ဆုံးတွဲရဲ့ ရှေ့ ကတွဲကနောက်ဆုံးတွဲဖြစ်သွားတာပေါ့
ReplyDeleteရထားမှာ နောက်ဆုံးတွဲ ဖြုတ်ရင်း ဖြုတ်ရင်းနှင့် စက်ခေါင်းပဲကျန်တော့မှာ။
ReplyDeleteတပ်ထဲမှ လည်း လာဘ်စားလို့ ဖြုတ်ရင်း ဖြုတ်ရင်းနှင့် xxx ပဲကျန်တော့မှာ။