ဒေါ်လာဈေး အလွန်အမင်း ကျဆင်းမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှု ဂယက်ကြောင့် မြန်မာနိုင်ငံတွင် ကော် ပြတ်လပ်သွားပြီးဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
မကြာသေးမီကပင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်သူများထံသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေး သ၀ဏ်လွှာာတစ်စောင် ပေးပို့စဉ်က စာအိတ်ပိတ်ရန်နှင့် တံဆိပ်ခေါင်းကပ်ရန် ကော် မရှိသဖြင့် စာအိတ် ပိတ်ခြင်း မပြုဘဲ စာအိတ်ဖွင့်ကာ ပေးပို့ခဲ့ရသည်။ ဦးဆောင်စီ၊ ဦးစခုန်တိန့်ယိန်း စသူတို့ ပါဝင်သည့် လွှတ်တော်အမတ် ၂၃ ဦးကလည်း ငြိမ်းချမ်းရေး လိုလားသူများထံသို့ စာရေးသား ပေးပို့ရာတွင် စာအိတ်ပိတ်ရန် ကော် မရှိသဖြင့် စာအိတ် မပိတ်ဘဲ ပေးပို့ခဲ့ရပြန်သည်။
မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီးဦးသိန်းထွန်းကမူ - တံဆိပ်ခေါင်း မကပ်ဘဲ စာပေးပို့တယ်ဆိုတာက တိုင်းပြည့် ဘဏ္ဍာ ကျဆင်းစေမယ့် လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို တံဆိပ်ခေါင်း မကပ်ဘဲနဲ့ စာပေးပို့သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့ ပြင်ဆင်နေပါတယ် ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးနှင့် ဆက်သွယ် မေးမြန်းကြည့်ရာ ထိုသူက ဘယ်လိုပဲ ဖြစ်ဖြစ် တံဆိပ်ခေါင်း မကပ်ဘဲ စာပေးပို့တာတို့၊ စာအိတ် မပိတ်တာတို့က လူအခွင့်အရေး တစ်ရပ်ပါ။ ပြည်သူပြည်သားတိုင်း ရယူပိုင်ခွင့်ရှိတဲ့ အခြေခံ အခွင့်အရေးတစ်ရပ်ပါ။ ဒီ အတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ တိုက်ပွဲ ၀င်ပါ့မယ် ဟု ပြောကြားသည်။
အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ အိမ်ရှင်မတစ်ဦးအား မေးမြန်းကြည့်ရာ - ဟုတ်ပါတယ်။ စာအိတ် ကပ်ဖို့ ကော်မရှိတာကြောင့် ဒီလို ဖြစ်ရတာပါ။ ဒါပေမယ့် ကျွန်မတို့ ပြည်သူတွေကတော့ ထမင်းလုံးကို သုံးပြီး စာအိတ် ပိတ်ပါတယ် ဟု ဖြေကြားသည်။
©(ပရလောကသား တစ်ဦး)
ပေါလိုက်တာ။
ReplyDeleteတကယ့် strange new ပါဘဲ
ReplyDelete