မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် လန်ကွတ်တီ ၀တ်ရတော့မည့် အနေအထားတွင် ရှိကြောင်း ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောဆိုလိုက်သည်။
မြန်မာ-အိုမန် ဘောလုံးပွဲတွင် ဖြစ်ပျက်ခဲ့သော မြန်မာပရိသတ်၏ အပြုအမူကြောင့် ဖီဖာက အရေးယူ ဒဏ်ရိုက်ရန် စတင် ဆောင်ရွက် နေပြီ ဖြစ်ပြီး၊ ဘောလုံးကွင်း အတွင်း ပစ္စည်းတစ်ခုကျလျှင် ဒဏ်ငွေ ဒေါ်လာ ငါးထောင် ဒဏ်ရိုက်ခံရမည် ဖြစ်သဖြင့်၊ ကျရောက်သည့် ပစ္စည်း အရေအတွက် အတိုင်း ဒဏ်ငွေ ပေးဆောင်လိုက်ပါက ဘောလုံးဥက္ကဌ ဦးဇော်ဇော်တွင် ၀တ်စရာ လန်ကွတ်တီပဲ ကျန်တော့မည် ဖြစ်ကြောင်း ဦးစိုးမိုးကျော်က ပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဌ ဖြစ်သော ဦးဇော်ဇော်ပင်လျှင် လန်ကွတ်တီ ၀တ်ရတော့မည် ဖြစ်သဖြင့်၊ မြန်မာ့ ဘောလုံးလောကအတွက် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ ကမ္ဘာအရပ်ရပ်မှ ဘောလုံးပရိသတ်များ အနေဖြင့် မြန်မာ့ လက်ရွေးစင် ဘောလုံး တစ်သင်းလုံး လန်ကွတ်တီဖြင့် ဘောလုံး ကန်ကြသည်ကို မြင်တွေ့ရဖွယ် ရှိပြီး ဘောလုံးအစား အုန်းသီးကို အစားထိုး ကန်ကျောက်မည်ဟု ယူဆရကြောင်း၊ ၄င်းက သုံးသပ်သွားသည်။
Read More ...
ဟား...ဟား...ဟား....ဖြစ်ရတယ် ဦးဇော်ဇော်ရယ်...ဗမာတွေ ဘယ်လိုစိတ်ရောကိုယ်ပါ အားပေးတတ်တယ်ဆိုတာ သိရဲ့သားနဲ့ စီစဉ်ချင်တာကိုး...
ReplyDelete