တရံရောအခါက ရန်ကုန်ဟု အမည်ရသော ဒဂုံမြို့ကို အခြေစိုက်သည့် မြန်မာပူရ နိုင်ငံတော် မင်းတြားကြီး တစ်ပါး အိပ်မက် မြင်မက်တော်မူသည်။
အိပ်မက်ထဲတွင် အလွန်ကြီးမားသော ဆင်ကြီး တစ်ကောင်က ဘုရင်ကြီး၏ ခေါင်းကို တက်နင်းသွားသဖြင့် ဘုရင်မင်းတြားကြီး၏ ဦးခေါင်းတစ်ခုလုံး ပြားသွားသည် ဟူ၏။
အိပ်ရာမှ နိုးသော်၊ ဘုရင် မင်းတြားကြီး အလွန်ထိတ်လန့်သွားသည်။ ထို့ကြောင့် အနီးအနားတွင် ခစားသည့် သမား၊ ဟူးရား၊ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုများကို မင်းတြားကြီးက မေးမြန်း အကြံတောင်း၏။
ပုဏ္ဏားတစ်ဦးက အကြံပြု အခါတော်ပေးလိုက်သည်။
"မင်းတြားကြီးကို ဆင်ကဲ့သို့ အကောင်ကြီးကြီး မပြောနဲ့ ပျားလို အလွန်သေးငယ်တဲ့ အကောင် သေးသေးလေးတောင် မနင်းစေရဘူး။ ဒီတော့ ပျားမနင်း- ပျဉ်းမနား ဆိုတဲ့အတိုင်း မြို့တော်အား ပျဉ်းမနားသို့ ပြောင်းတော်မူပါ"
ထို့ကြောင့် မြို့တော်သစ်ကို ပျဉ်းမနားမြို့အနီးသို့ မင်းတြားကြီး ရွှေ့ပြောင်းတော် မူလေသတည်း။
(တက္ကသီလာမှ ဒိသာပါမောက္ခကြီးတစ်ပါး ပြောပြဖူးသည်ကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်)
Related Article about the new Capital ..
ဖြစ်နိုင်လောက်တယ်ထင်ပါ့။ အဲဒါကို ကျွန်တော်အမေ ပြောဖူးတယ်။ တကယ်များဖြစ်နေမလား။
ReplyDeletehote par tal , ta kal par.. Kyaw na ka a d luu par byar
ReplyDelete