၁၉၅၆ ခုနှစ်က သာသနာနှစ် ၂၅၀၀ ပြည့် အခမ်းအနားများနှင့် အတူ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြီးဆုံးခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။
သို့သော်၊ နှစ်ပေါင်း ၅၅ နှစ်အကြာ ခရစ်နှစ် ၂၀၁၁ တွင် ကြာသောအခါ သာသနာတော် သက္ကရာဇ် ၁၅၅၅ ဖြစ်သွားပြီး နှစ်ပေါင်း တစ်ထောင် ထူးဆန်းစွာ ပျောက်ဆုံးသွားသည်။ ထို့ကြောင့် ယခုနှစ်မှာ အေဒီ ၁၀၁၁ ဖြစ်သွားပြီး ပုဂံခေတ် ပတ်ဝန်းကျင် အချိန်ကာလသို့ ပြန်လည် ရောက်ရှိသွားသည်။
"မဖြစ်သေးဘူးဗျ။ ကျွန်တော်တို့ ပုဂံခေတ် ပြန်ရောက်သွားရင် အရည်းကြီးတွေကို ကြောက်တယ်" ဟု ဆယ်ကျော်သက် လူငယ်တစ်ဦးက သူ၏ ကောင်မလေးကို လက်တွဲမဖြုတ်ဘဲ ပြောသည်။
ပြုပြင် ပြောင်းလဲရေး သမားတစ်ဦးကမူ ရှေးခေတ်သို့ ပြန်ရောက်သွားသည်ကို ကြိုဆိုလိုက်သည်။
"နှစ်ပေါင်း တစ်ထောင် နောက်ဆုတ်သွားတော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ပုဂံခေတ်ကနေ ပြန်စကြတာပေါ့။ အခုဆိုရင် အေဒီ ၁၀၁၁ လေ၊ အနော်ရထာမင်း နန်းမတက်သေးဘူး။ ဒီတော့ ပုဂံခေတ်ကို ပြန်စမယ်။ ပဒေသရာဇ်စနစ်ထဲက မကောင်းကွက်တွေကို ဖယ်ရှားမယ်။ နောက်ထပ် နှစ်ပေါင်း ၈၀၀ ကျော် ကြာတဲ့အခါ အင်္ဂလိပ်ဆီမှာ ကိုလိုနီ မဖြစ်အောင် ကြိုးစားမယ်။ အာဏာရှင် စနစ် မပေါ်ထွန်းအောာင် ၀ိုင်းဝန်း ကြိုးပန်းကြမယ်။ ကျွန်တော်တို့ အနှစ် တစ်ထောင် အချိန်ရတာပဲဗျာ။ အေးဆေးပဲပေါ့" ဟု ၄င်းက ရှင်းပြသွားသည်။
လွန်ခဲ့သော အနှစ်တစ်ထောင်ဆီ သွားကြည့်ရန် ..
Very annoying advertisement "adf.ly" comes out from your blog. Every single news read need to wait for 3 seconds. Please consider for your fans and readers ....
ReplyDeleteYes. I agree with Anonymous (May 10, 2011 5:54 PM)
ReplyDeleteအပေါ် ကပြောသွားတဲ့ အတိုင်းပဲ တစ်ပုဒ်ဖတ်ဖို့ တစ်ခါ စောင့်နေရတယ် ဟင့်...လူကြီး ညစ်နဲ့ နော်..
ReplyDeleteငါးစက္ကန့်လောက်တော့ သည်းခံကြပါ သားတို့၇ယ်.....
ReplyDeleteပို့စ်တပုဒ် တင်၇တာ ငါးစက္ကန့် မကဘူးထင်တယ်...
သတင်းရှာဖတ်၇တာ ငါးစက္ကန့် မကဘူးထင်ပါတယ်....
အိုင်ဒီယာထုတ်၇တာ... စဉ်းစား၇တာ ငါးစက္ကန့်မကဘူး ထင်ပါတယ်....
သတင်း ပြင်ေ၇း၇တာ ငါးစက္ကန့် မကဘူး ထင်ပါတယ်....
ဒီတော့ ငါးစက္ကန့်လောက်.. စိတ်ရှည်ပေးခြင်းဖြင့်.....
အဲဒီ၁၁ ကိုပြန်ရောက်သွားရင်အောင်တယ်ဗျို့….ကျူပ်တို့ ရခိုင်တွေလဲ မဟာမုနိဘုရားပြန်ရ၊ ကိုယ့်ထီး ကိုယ့်နန်း ကို့တိုင်းပြည်နဲ့ပြန်နေရတာပေါ…. ။မျန်မာတွေ ရခိုင်မှာ လာသင်ပေးသလို့ နွားချေ ကနေ လျှစ်စစ်မီးထုတ်စရာ မလိုတော့ဘုးပေါ့
ReplyDeleteတိုင်းရင်းသား စည်းလုံးမှုမရှိရင်တော့ အလကားပါပဲ.
ReplyDeleteBy the way.. I am also Rakhine.