Thursday, March 3, 2011

ချောင်းသာကမ်းခြေ ကိုးမိုင်ခန့်တိုးချဲ့မည်

ဧရာဝတီတိုင်း အတွင်းရှိ ၁ မိုင် ၄ ဖာလုံခန့်သာ ရှည်လျားသည့် ချောင်းသာ ကမ်းခြေကို ကိုးမိုင်ခန့် ရှည်လျားသော ကမ်းခြေ ဖြစ်အောင် စတင် တိုးချဲ့တော့မည် ဖြစ်ကြောင်း သတင်းတပုဒ်က ဆိုသည်။

အဆိုပါ ကမ်းခြေ တိုးချဲ့ရန်အတွက် ကမ်းခြေ မဟုတ်သော ဒီရေတောများ၊ ရွှံ့နွံများ၊ ကျောက်ဆောင်များ၊ အင်းအိုင်များကို စတင်ဖယ်ရှားနေပြီ ဖြစ်ကြောင်း သိရသည်။


ယခုသောင်ပြင်ကဲ့သို့ ဖြစ်အောင် သဲဖို့ပြီး
ကိုးမိုင်ခန့် ထပ်မံတိုးချဲ့သွားမည် (Photo: Eleven)

ကမ်းခြေ မဟုတ်သော အရာများကို ရှင်းလင်း ဖယ်ရှားပြီးနောက် သဲဖို့ကာ ကိုးမိုင်ခန့်ရှည်လျားသည့် သဲသောင်ပြင်ကြီး ဖြစ်အောင် တိုးချဲ့သွားမည်ဟု ဆိုသည်။ ယခု အခါ ချောင်းသာ ကမ်းခြေ တိုးချဲ့ရန် မြန်မာနိုင်ငံ အရပ်ရပ်မှ သဲများသာမက၊ အာဆီယံ နိုင်ငံများမှ သဲများကိုပါ ၀ယ်ယူပြီး၊ ချောင်းသာသို့ သယ်ယူ ပို့ဆောင် နေပြီဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ချောင်းသာ ကမ်းခြေကို ပထမအဆင့် အဖြစ် ကိုးမိုင်ခန့် တိုးချဲ့ပြီးပါက၊ သဲဖို့ကာ နောက်ထပ် လေးမိုင်ခွဲခန့် ဆက်လက် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။


အပြည့်အစုံသို့

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။