Pages

Friday, February 4, 2011

ပြည်ပနိုင်ငံများတွင် မြန်မာကို ရွှေ ဟု မခေါ်ဘဲ ပလတ်စတစ် (သို့) ပလက်တီနမ် ဟု ခေါ်ရန် အမိန့်ထုတ်

လေကြောင်း ခရီးဖြင့် နိုင်ငံခြားသို့ ထွက်ခွာမည့် မြန်မာများ အနေဖြင့် ရွှေတကျပ်သားထက် ပိုမို ၀တ်ဆင်ခြင်း မပြုရဟု မြန်မာ အကောက်ခွန်က အမိန့်ထုတ်လိုက်သည်။ ထို့ပြင် ရွှေ လက်စွပ် ၀တ်ဆင် လျှင်လည်း ကျောက်မျက် ရတနာများနှင့် ကျောက်စိမ်းတို့ မပါရှိသော လက်စွပ်ကိုသာ ခွင့်ပြုသည်ဟု ဆိုသည်။
(Photo: popular)

ထို့ကြောင့် ပြည်ပထွက်ခွာသူ မြန်မာများမှာ ရွှေမ၀တ်ကြရတော့ပဲ ရွှေမဟုတ်သော အခြားပစ္စည်းများကို ၀တ်ဆင်ရမည့်ကိန်း ဆိုက်နေသည်။ အထူးသဖြင့် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းများနှင့် ဖန်စီ ပစ္စည်းများကို ၀တ်ဆင်ရဖွယ် ရှိသည်။ ထိုသို့သာ ၀တ်ဆင်ကြရပါက ရွှေမြန်မာအစား ပလတ်စတစ် မြန်မာဟု ပြောင်းလဲ ခေါ်ဆိုကြရဖွယ် ရှိသည်။

သို့သော် ထိုအမိန့်တွင် ပလက်တီနမ် မ၀တ်ရဟု ဖော်ပြမထားပေ။ သို့ဖြစ်၍ ပလက်တီနမ် ၀တ်လိုက ၀တ်နိုင်သည်ဟု အဓိပ္ပါယ် သက်ရောက်နေပြီး၊ ထိုသို့သာ ၀တ်ဆင်ကြပါက မြန်မာလူမျိုးကို "ရွှေ" ဟု ကင်ပွန်းတပ် ခေါ်ဝေါ်ခြင်းမှ "ပလက်တီနမ်" ဟု ပြောင်းလဲ ခေါ်ဝေါ်လာနိုင်သည်။ ယခုအချိန်အထိ ပြည်ပထွက်ခွာသူ မြန်မာများ အနေဖြင့် မည်သည့် အရာကို ၀တ်ဆင်ကြမည်ကို မသိရသေးသဖြင့် မြန်မာကို ရွှေ အစား ပလတ်စတစ် ဟု ခေါ်မလား၊ ပလက်တီနမ်ဟု ခေါ်မလား အသေအချာ မသိရသေးပေ။


သတင်း အသးစိတ် ဖတ်ရှုရန်
News in English
@HN

4 comments:

  1. သိရသလောက်ကတော့ ဘယ်သူမှပြည်ပထွက်ရင် အဲ့လောက်မသယ်ဖြစ်ဘူး...ပြန်လာမှသာသယ်လာတာ..ဒီတော့ အခွန်ဆောင်ရအုံးမှာလာဟင်

    ReplyDelete
  2. ပြောင်မြောက်ပါပေ့ BSN ကြီးရယ်...ဟား...ဟား...ဟား..

    ReplyDelete
  3. ဟုတ်မှာပေါ့ သူတို့ ကိုယ်တိုင်ခိုးထုတ်ဖို့ မကျန်ဘဲနေမှာကြောက်လို့ ဖြစ်မှာပေါ့....သူတို့ ကျတော့ စစ်မဲ့ ဆေးမဲ့သူမရှိ တန်လိုက်ချီပြီးခိုးထုတ် နေကြတာ...ဟား....ဟား....ဟား....ဟား...သူခိုးကလူလူဟစ် တယ်ဆိုတာ ဒါမျိုးကိုခေါ်တာနေမှာဘဲ....ဟင်း....ဟင်း....ဟင်း...

    ReplyDelete
  4. မပြောဘူးFebruary 10, 2011 at 10:52 AM

    ရေကအေးချမ်းပါတယ်

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။