မော်တော်ယာဉ် မောင်းနှင်ရန်အတွက် အင်ဂျင်မပါဘဲ ရွေ့လျား သွားလာနိုင်သည့် တရုတ်နိုင်ငံလုပ် ခရီးသည်တင် ဖုဿရထားများ ပြည်တွင်းသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း Treasure Palace International Trading ကုမ္ပဏီမှ ၂၆-၁-၂၀၁၁ ရက်တွင် သိရသည်။ “ခြောက်နာရီလောက် မန္တာန်ရွတ်ပြီးရင် ဝန်အပြည့်တင်ဆောင်ကာ ကီလိုမီတာ ၅၀၀ လောက် မောင်းလို့ရတယ်။” ဟု အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဦးဝင်းနိုင်က အထက်ပါရက်တွင် ပြောသည်။
အဆိုပါ ဖုဿရထားများသည် လောင်စာဆီ အသုံးပြု၍ မောင်းနှင်ခြင်းမဟုတ်ဘဲ ဇီဝ-ဇီဝ ဆိတ်ဖွား ဆိတ်ဖွား ဂါထာ မန္တာန်ကို အသုံးပြု ရွတ်ဖတ်ကာ မောင်းနှင်ခြင်း ဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှုမရှိသဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိကြောင်း ယင်းကပြောသည်။ ဖုဿရထားများအတွက် ဈေးနှုန်းသည် ကျပ်သိန်း ၁၂၀၀ ခန့် ကျသင့်နိုင်ကြောင်း၊ ကနဦး ရင်းနှီးမြှုပ်နှံမှုစရိတ် ကြီးမြင့်သော်လည်း ရေရှည်တွက်ခြေကိုက်ကြောင်းလည်း ယင်းကပြောသည်။ အဆိုပါ ဖုဿရထားများသည် တရုတ်နိုင်ငံက သိမ်းပိုက်ထားသော တိဗက်ပြည်မှ လာမာ ဘုန်းကြီးများ ၏ မန္တာန် နည်းပညာနှင့် ပစ္စည်းများ အသုံးပြု၍ တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
အပြည့်အစုံသို့
vehicle without engine.. hahaha.. super hitech!!!!
ReplyDeleteဖုသ ၇ထားဆိုသည်မှာ ဖုတ်သွင်းရထားကိုဆိုလိုရင်းဖြစ်ပါသည်။ပတ်သက်ရာပတ်သက်ကြောင်းတို့ရဲ့ -- များ တင်သွင်းလာသော ရထားများ ဖြစ်သောကြောင့် ဖုတ်သွင်းရထားဟု ယူဆက ယူဆလို့ရနိုင်ပါသည်။
ReplyDelete