Monday, February 14, 2011

Air Bagan ပိုင် Air Bus လေယာဉ် နှစ်စင်းအား ဒန်အိုးဒန်ခွက်ဆိုင်သို့ ရောင်းချလိုက်လေသလား

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရပ်နားထားသည့် Air Bagan လေကြောင်းလိုင်းပိုင် Air Bus လေယာဉ်နှစ်စင်းအား ရောင်းချလိုက်ပြီဖြစ်ကြောင်း လေကြောင်းလိုင်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်ဟု Eleven Media Group က ရေးသားဖော်ပြသည်။ (Click Here)

Air Bagan သည် ၂၀၀၄ ခု နှစ်မှစတင်ကာ ပြည်တွင်းခရီးစဉ် များပြေးဆွဲခဲ့ပြီး နိုင်ငံတကာသို့ ပျံ သန်းရန် Air Bus A310-222 အမျိုးအစား ကုန်တင် လေယာဉ် နှစ်စင်းအား Civil Aviation Administration of China (CAAC) ထံမှ ၂၀၀၇ နှစ်ဦးပိုင်းတွင် အောက်ဈေးဖြင့် ၀ယ်ယူခဲ့သည်။ (Eleven သတင်းတွင် လေယာဉ်အမျိုးအစားကို A310-200 ဟု မှားယွင်းစွာ ရေးသားထားသည်) အဆိုပါ လေယာဉ်များမှာ တရုတ်ပြည်သုံး လေယာဉ်အမှတ် B-2303 နှင့် B-2302 ကုန်တင် လေယာဉ် အဟောင်းများဖြစ်ကြပြီး၊ Air Bagan လက်ဝယ် ရောက်ရှိသည့်အခါ XY-AGD နှင့် XY-AGE ဟု အမည်ပြောင်းလဲ မှည့်ခေါ်ကာ လူစီး လေယာဉ်အဖြစ် လိမ်လည် ပြေးဆွဲခဲ့ကြောင်း သိရသည်။ သို့သော် ကုန်တင် လေယာဉ်များကို ခရီးသည်တင် လေယာဉ်အဖြစ် လိမ်ညာ ပြေးဆွဲမှုကြောင့် လေယာဉ်များကို မည်သည့် အာမခံ ကုမ္ပဏီကမျှ ခရီးသည်များ စီးနင်းရန် အာမခံချက် မပေးခဲ့သည့်အတွက် ၂၀၀၇ နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာ ခရီးစဉ် ပြေးဆွဲမှုများ ရပ်နားခဲ့ရကာ လေယာဉ်များမှာလည်း ရန်ကုန် လေဆိပ်တွင် ငုတ်တုတ် မေ့နေခဲ့သည်ဟု BSNews မှ စုံစမ်း သိရှိရသည်။

လက်ရှိတွင် ယင်း Air Bus လေယာဉ်နှစ်စင်းကို ရောင်းချလိုက်ပြီဖြစ်ကြောင်း Eleven Media မှ ရေးသားသော်လည်း မည်သူ့ထံသို့ ရောင်းချကြောင်း မဖော်ပြထားပေ။ အာမခံ မရှိသည့် ကုန်တင် လေယာဉ်များကို မည်သူက ၀ယ်ယူကြောင်း ရှင်းလင်းစွာ မသိရသည့် အတွက်၊ လေယာဉ်များ မပျံသန်းနိုင်တော့သဖြင့် ဒန်အိုးဒန်ခွက် ရောင်းသည့် ကြက်တန်းက ဘာဘူကြီးများထံသို့ ပိဿာချိန်ဖြင့် ရောင်းချလိုက်ခြင်းများ ဖြစ်လေမလားဟု စိတ်ဝင်စားသူများက မေးခွန်းထုတ်လျက် ရှိကြသည်။

ဒီလို နှစ်ပိုင်းကျိုးသွားတဲ့ လေယာဉ်ကိုတော့ ဒန်အိုးဒန်ခွက်ဆိုင်ကို
ပိဿာချိန်နဲ့ ရောင်းလိုက်တယ်လို့ သိရပါတယ် (Photo: friskodude.blogspot)

Credited to: tsunamiwave's comment @ EMG

7 comments:

  1. ပြထားတဲ့ပုံက ATR ကြီးပါကွာ.. လီးလိုဘဲ

    ReplyDelete
  2. အဲဒီ ATR က အဲဒီအခြေအနေရောက်သွားလို့ ဒန်အိုးဆိုင်ကို ရောင်းတာ သေချာတယ်လို့ ပြောထားတာလေ။
    အဲဘတ်စ်နဲ့ ပတ်သက်လို့ ဒန်အိုးဆိုင်ရောက်သလားမေးခွန်းထုတ်ထားရုံပဲလေ.....
    ပုံက အဲဘတ်စ်လို့ စာတန်းထိုးထားလို့လား......ဦးနှောက်သုံးပါ အပေါ်က အကောင်ရ။

    ReplyDelete
  3. စာတွေကိုဆက်စပ်ဆင်ခြင်ပီးနားလည်အောင်ဖတ်ပါအပေါ်ဆုံးက အကောင်၇ ။AirBus တွေက ဒန်အိုးဒန်ခွက်ကုလားဆီေ၇ာက်မေ၇ာက် မသေခြာသေးဘူးလို့သတင်းမှာေ၇းထားတာ။အောက်ကပုံမှာပါတဲ့ATRကတော့ အဲသလိုရှုံတွသွားလို့ ကုလားဒန်အိုးဆိုင်ေ၇ာက်သွားတယ်ေ၇းထားတာလေဟာ.......

    ReplyDelete
  4. funny!!!!!!!!
    but don't be rude...
    so disgusting one...

    becareful...

    ReplyDelete
  5. For the first one above who made comment,
    pls read properly and then give comment.You should know that,this blog is just pointing out on stupid news in modern style.
    pls dont be so rude be gentlman. Thank you.
    cheer up BSN.

    ReplyDelete
  6. When air pagan bought this 2 Air Bus in 2004 , I was working inside SIA hanger area for a construction project. I got to know one staff from Air Bagan unexpectedly. He show me that two very old plane they bought from Easten China Air line (I saw one of them in Hanger with very old paint,Airline logo was still on aircraft body).They were cargo planes and transformed as passenger planes in Singapore.So It should not be wonder why Singapore not allow to fly to them.

    ReplyDelete
  7. ATR လေယာဉ်ကိုကြည့်ပီး ATR မှန်းသိတဲ့ အပေါ်ဆုံးကလူတတ်ကြီးေ၇....
    http://www.burmastrangenews.com/2011/02/mai.html ကိုဖတ်ကြည့်လိုက်အုံး။ လေယာဉ်အကြောင်းမသိတဲ့ BSNေ၇းထားတဲ့ လေယာဉ်အမျိုးအစားတွေမှစုံသကွဲ့...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။