မြန်မာပြည်အတွင်း ဖြစ်ပျက်နေသော သတင်း ဖြစ်ရပ်မှန်များကို ပို့စ်မော်ဒန်နည်းဖြင့် စဉ်ဆက်မပြတ် တင်ဆက် ပေးနေသည့် Burma Strange News မြန်မာပိုင်း အစီအစဉ် ဘလော့ (http://burmastrangenews.blogspot.com/) ယနေ့မှ စ၍ ရပ်တန့်သွားကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ဘလော့ ရပ်တန့်ရခြင်းမှာ သတင်းသစ်များကို နေ့စဉ်မပြတ် အိုင်ဒီယာသစ်များဖြင့် တင်ပြနေရသဖြင့် စိတ်ဖိစီးမှု ဒဏ်ကို ဆက်လက် မခံစားနိုင်တော့သောကြောင့် ရပ်ဆိုင်းပစ်လိုက်ခြင်း ဖြစ်ကြောင်း BSNews ၏ တောက်တိုမယ်ရ တာဝန်ခံ ဇီးကွက်မျက်ပြူးက ပြောပြသည်။
ထိုကဲ့သို့ ရုတ်တရက် ရပ်တန့်လိုက်ခြင်းကြောင့် ပရိသတ်များအနေဖြင့် BSNews ဘလော့ကို ယနေ့မှစ၍
ဖွင့်ကြည့်နိုင်တော့မည် မဟုတ်ချေ။
"ဒီနေ့မနက်က BS ဘလော့ကို ဖွင့်ကြည့်တယ်ဗျ။ http://burmastrangenews.blogspot.com/ ကို ရိုက်ထည့်လိုက်တယ်ဗျာ။ ဘလော့စပေါ့ တက်မလာတော့ဘူးဗျ။ ဘလော့ မဟုတ်တဲ့ အခြားတခုပဲ ပွင့်လာတယ်။ ကျွန်တော်လဲ မထူးတော့ဘူး ဆိုပြီး ပွင့်လာတဲ့ ဆိုက်ကိုပဲ ဆက်ကြည့်နေမိတော့တယ်" ဟု ပရိသတ်တဦးက ပြောသည်။
ယခုအခါ BSNews ဘလော့ ရပ်ဆိုင်းသွားပြီ ဖြစ်သဖြင့် အဆိုပါ ဘလော့ အစား http://www.burmastrangenews.com/ သို့ ၀င်ရောက်ကြည့်ရှု နိုင်ကြကြောင်း သိရပြီး မူလဘလော့ လိပ်စာအတိုင်းလည်း ၀င်ရောက်နိုင်ကြောင်း သိရသည်။ သို့သော် blogspot လိပ်စာမှာ ထူးဆန်းစွာ ရပ်တန့် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။
ဘယ်ရောက်ရောက် ဘယ်ပြောင်းပြောင်း လိုက်ဖတ်မှာပဲဗျာ
ReplyDeleteCongratulation BS News.
ReplyDeleteဝမ်းသာတယ်ဗျာ။
ReplyDeleteပြောင်းလည်းနေ့ တိုင်းလာဖတ်မှာပါ နေ့ တိုင်းထက် ကွန်ပြူတာဖွင့်တဲ့အချိန်တိုင်းပေါ့ ဘာလို့ လဲဆိုတော့ တနေ့ ကိုပို့ စ်က ခဏခဏတင်တာကိုး
ReplyDeleteBSN သတင်း Blog မှ Website ဖြစ်လာခြင်းကို ကြိုဆိုပါတယ်ဗျာ...
ReplyDeleteWelcome .... will come everyday even didn't comment
ReplyDeletestrange news and strange peoppe here :) :)
ReplyDelete