Friday, January 7, 2011

ငရဲမင်းကြီး၏ ပင့်တင်မှုကြောင့် ပင်လယ်ရေပြင်ထဲမှ ကျောက်ဆောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာ

"ဘင်္ဂလားပင်လယ်ပြင် အတွင်းမှ ကျောက်ဆောင်တစ်ခုသည် ဒီဇင်ဘာ ၂၅ ရက်နေ့ ညအချိန်တွင် ရေအောက်မှ ရေပြင်အပေါ်သို့ ရုတ်တရက် မြင့်တက်လာခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ရခြင်းမှာ ရေအောက်မီးတောင်၏ တွန်းကန်အားကြောင့် မြင့်တက်လာ ခြင်း ဖြစ်နိုင်ကြောင်း" Eleven Media Group ရဲ့ အင်တာနက် စာမျက်နှာမှာ "ပင်လယ်ရေပြင်ထဲမှ ကျောက်ဆောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၊ ရေအောက်မီးတောင် ၏ တွန်းကန်အားကြောင့် ဖြစ်နိုင်ဟု ဒေသခံများ သုံးသပ်" ခေါင်းစဉ်နဲ့ ရေးသား ဖော်ပြထားပါတယ်။ (ဒီမှာကြည့်ပါ)

ရေအောက် မြေအောက်ရေးရာ ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်စဉ်ဟာ ရေအောက်ရှိ ကမ္ဘာမြေကြီး ကြမ်းခင်းပြင် အောက်မှာ နေထိုင်တဲ့ ငရဲမင်းကြီးရဲ့ လက်ဆော့မှုကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။

"ကျွန်တော့်အမြင်ကတော့ ငရဲမင်းကြီးက သူ့ရဲ့ ညာလက်ရုံးကို အပေါ်သို့ ဖြည်းဖြည်းချင်း ဆန့်တန်းလိုက်တယ်လို့ မြင်ပါတယ်ခင်ဗျ။ အဲသလို သူ့ရဲ့ လက်ကို အပေါ်သို့ မြှောက်တင် ဆန့်တန်းတဲ့အခါ လက်ထဲမှာ အဲဒီ ကျောက်တုံးကြီးကို ကိုင်ထားပုံရပါတယ်။ ပြီးတော့ ငရဲမင်းကြီး အနေနဲ့ သူ့ရဲ့ လက်ကို အလွန့်အလွန် အထူး ဖြေးညင်းစွာ ဆန်းတန်းပုံ ရပါတယ်။ ဒါကြောင့်မို့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မှာ ဆူနာမီတို့ ဘာတို့ စိုးစဉ်းမျှ မဖြစ်ပေါ်၊ ငလျင်ကြီးလဲ တုတ်တုတ်မျှ မလှုပ်၊ ရေအောက်ကြမ်းခင်းက ငရဲ မီးတောင်အလျှံတွေလဲ ဘာတစ်ခုမှ မထွက်ဘဲ အခုလို ကျောက်တုံးကြီး တစ်တုံး ရေပြင်ပေါ်ကို တည်ငြိမ်အေးဆေးစွာ ပေါ်ထွက်လာတာပေါ့ဗျာ" လို့ သုံးသပ်သွားပါတယ်။


လေ့လာလိုသူများအတွက် အညွှန်း
ဘင်္ဂလားပင်လယ်အော် မပါဝင်တဲ့ ၂၅ ဒီဇင်ဘာ ၂၀၁၀ ငလျင် လှုပ်မှုဖြစ်စဉ်များ
မေ ၂၅၊ ၂၀၁၀ က ဘင်္ဂလားပင်လယ်အော်ဖြစ်စဉ် တစ်ခု (ဒီဇင်ဘာ ၂၅ ရက်နေ့နဲ့ အလွန်ဝေးပါတယ်)
ကျောက်တုံးကြီး တိုးထွက်စေတဲ့ ၂၀၁၀ ဒီဇင်ဘာ ၂၅ မီးတောင် ပေါက်ကွဲမှု ဖြစ်စဉ်ကိုတော့ ရှာမတွေ့ပါ။

3 comments:

  1. မြန်မာနိုင်ငံတွင်
    ကျောက်ဆောင်ကြီး အလိုလျောက် ပေါ်ထွက်လာခြင်း သာမက
    ကျောက်တုံးကြီးရေတွင် ပေါလော မျောခြင်းလဲ ဖြစ်နိုင်ပါ၏။
    ပန်းကန်ပြားပျံများ ပျံသန်းခြင်းလဲ ဖြစ်နိုင်ပါ၏။
    ယောက်ျားရင့်မကြီးများ မိန်းမ၀တ် အချိတ်ထမီကို ၀တ်ကြတာလဲ ဖြစ်နိုင်ပါ၏။
    သိပ္ပံပညာရှင်များပင် မသိသော ငလျင်လှုပ်မည့် အကြောင်းကို မြန်မာပြည်ထုတ် ဂျာနယ်များက လအတန်ကြာကပင် ကြိုတင်ဟောကိန်းထုတ်နီုင်ကြတာလဲ ဖြစ်နိုင်ပါပေ၏။
    မဲပေးသူ ၁၀၄ % ပင် ဖြစ်နိုင်သည် ဆိုကတည်းက
    မြန်မာနီုင်ငံတွင် မဖြစ်နိုင်သော အရာ မရှီပေ။

    ReplyDelete
  2. Superman Return ကားထဲမှာေ၇ထဲက ကျောက်ဆောင်ကြီးတွေပေါ်ထွက်လာတာ ကြည့်ဖူးတယ်။ ဗမာပြည်ကို စူပါမင်းလာတော့မယ်ထင်တယ်။
    ဧကန္တ အလဲဗင်းက ဂျာနယ်လစ် စူပါမင်းကား ကြည့်ပီး ဒီသတင်းကိုေ၇းသလားမသိဘူး။

    ReplyDelete
  3. this is not a stone.. this is burma navy secret weapon.. according to irrawaddy, burma navy is also aiming for blue water capabilities.. this is one of the navy secret weapons.. sheep.

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။