ချင်းပြည်နယ် ကြွက်ဘေး အတွက် အကူအညီပေးရေးကို လာမည့်လွှတ်တော်၌ တင်သွင်း မသွင်းကို ဦးစားပေးတခုအဖြစ် ချင်းအမျိုးသားပါတီ CNP က ပါတီတွင်း ဆွေးနွေးမည်ဟု သိရသည်။
ဗဟိုကော်မတီ၊ မြို့နယ်ကော်မတီများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များအကြား ပထမဆုံးအကြိမ် “မျက်နှာစုံညီ အစည်းအဝေး” ကို ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ယနေ့မှစ၍ ၃ ရက်ကြာ ကျင်းပနေခြင်း ဖြစ်သည်။
“အရေးပေါ် ဖြစ်နေတဲ့ ကြွက်တွေ ဒုက္ခပေးတဲ့ဒဏ်ခံရတဲ့ ချင်းတွေ ရှိတယ်လေ။ အဲဒါကို ပြည်နယ်လွှတ်တော်ကနေ ကူညီဖို့ လိုတာကိုး။ အရေးပေါ်အဖြစ် လွှတ်တော်ထဲမှာ ပြောသွားမယ်ပေါ့၊ လွှတ်တော်က မကူညီရင်တော့ ဟင်မလင်မြို့က ပလွေဆရာကို ခေါ်ပြီး ကြွက်တွေကို ပလွေသံနဲ့ ခေါ်ယူ မောင်းထုတ်သွားမယ်။ အဲဒီ အစီအစဉ်တစ်ရပ် ရေးဆွဲဖို့ကိုလဲ ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ အဲဒီ ပလွေဆရာက သေသွားပြီဆိုတော့ လောလောဆယ် ဘာလုပ်ရမလဲ မသိသေးဘူး” ဟု CNP အထွေထွေအတွင်းရေးမှူး ကျဲအိုဗစ်ထောင်း-Ceu Bik Thawng က ပြောကြားသွားသည်။
သတင်း အပြည့်အစုံသို့
Garfield တို့ Tom (Tom & Jerry) တို့ ကိုအကူအညီတောင်းကြည့် ရင် ကောင်မယ်ထင်တယ်... ကြွက်ဆို တာ ကြောင် ကို ကြောက်တယ် ကြားဖူးတယ်...
ReplyDeleteJerry ကို အကူအညီတောင်းရင် ကြွက်တွေ Tom လိုချည်းခံနေရမှာပေါ့ ...း)
ReplyDeleteအကြံတွေတောင်းရင်း .. စည်းဝေးတွေလုပ်ရင်း .. အကူညီတောင်းဖို့ ဆုံးဖြတ်ကြရင်း .. ဟိုလိုလုပ်ရင်း .. ဒီလိုလုပ်ရင်း .. နှစ် ၆၀ မှ တခါပွင့်တယ်ဆိုတဲ့ ၀ါးတွေက ခဏခဏပွင့် .. ကြွက်တွေက ခဏခဏ သောင်းကျန်းရင်း .. ဒုက္ခရောက်တဲ့သူတွေကလည်း ဒုက္ခရောက်ပြီးရင်းရောက်ရင်း .. ရင်း .. ရင်း .. ရင်း .. ရင်း ..
ReplyDelete