နာမည်ကြီးမင်းသားနှင့် မင်းသမီးတို့သည် သူတို့ မင်္ဂလာသတင်း (တစ်ပတ်တွင် ၁ရက်လျှော့ )ကြိမ် ကျင်းပရန် အလွန်းအမင်း စပွန်စာများဖြင့် တယ်လီဗွီးရှင်းများနှင့် ခြိမ့်ခြိမ့်သဲ ကျင်းပရန် တာစူထားသော်လည်း၊ ဘဘကြီးမှ အရိပ်အမြွက် ထုတ်ပြန်လိုက်သော စစ်မှုမထမ်း မနေရ ဥပဒေကြောင့် မင်္ဂလာဆောင်အား အလွန်အမင်း ထိခိုက်ကြောင်းနှင့် နောက်နောင် ထိုသတင်းများအား သူ့ပွဲနှင့်တိုက်ပြီး အသံထွက်လာမည်ဆိုပါက မိုးပေါ်မှမဆင်းသော ကားများ (ဘာကောင်းကင်ယံ ဘာကြယ် စသည်ဖြင့်) တွင်၊ မေတ္တာဖြင့် တိုက်ခန်းမြေကွက်များ ယူပြီးရိုက်တော့မည်မဟုတ်ကြောင်း စိတ်ကောက်စွာ ပြောကြား သွားသည်။
အမည်မဖော်လိုသည့် ရုပ်ရှင်သတင်းရပ်ကွက်တစ်ခုက "ဒီ မင်းသမီး သိပ်လည်တယ်၊ စစ်ထဲ မ၀င် ချင်တာနဲ့ ယောက်ျား မြန်မြန်ယူပြီး ကလေးအမေ မြန်မြန်ဖြစ်ချင်တဲ့ ပုံစံပဲ။ အဲဒီတော့ ဒီလို ဖြစ်အောင် မြန်မြန် လုပ်ရတော့တာပေါ့" ဟုပြောဆိုသွားပါသည်။
ထိုသတင်းများ ထွက်နေသည့် အတွက် လွတ်လပ်သော လက်မထပ်ရသေးသည့် မင်းသမီးများသည်လည်း အလွန်အမင်း ထိတ်လန့်ကာ လင်ယူရန် ယောက္ခမလောင်း အား တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြားမှုများ ၊ သေချာစေရန် အသံကူးပြီး အလွန်တရာသဘောထား ပြည့်ဝဟန်ဖြင့် အသံသွင်းယူကာ ယောက်ျားမရမက ယူရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် အသံဖိုင်များအရ သိရသည်။
(Anno သတင်းပေးပို့သည်)
Pages
▼
Tuesday, January 11, 2011
1 comment:
ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။
မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။
အရူးတွေတော့စစ်မှုထမ်းခွင့်ရတယ်ထင်တယ် ။
ReplyDeleteစာရင်းထဲမှာပါတာမတွေ့မိဘူး ။