လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်စေ၊ အစည်းအဝေး ကျင်းပချိန်အပ၌ဖြစ်စေ၊ နာယက၏ ခွင့်ပြုချက်မရှိဘဲ သတ်မှတ်ထား သော လွှတ်တော်ပရဝဏ်အတွင်း အိပ်ငိုက်ခြင်း၊ (သို့မဟုတ်) အိပ်ပျော်ခြင်း မပြုရကြောင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေများအခန်း ၁၃ ၌ ဖော်ပြထားသည်။ လွှတ်တော် အစည်းအဝေးများအတွင်း လွှတ်တော် ကိုယ်စားလှယ်များ အိပ်ငိုက်ပါက (သို့မဟုတ်) အိပ်ပျော်နေပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေ ၁ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေနှင့် နည်း ဥပဒေအခန်း ၁၃ ၌ ဖော်ပြထားသည်။
လွှတ်တော်အတွင်း စာရွက်ပေါ်မှ စာလုံးများကို ဖတ်ပြနေသည်ကို နားထောင်ရသည်မှာ ပျင်းစရာ ကောင်းလွန်းသဖြင့် ကိုယ်စားလှယ်များ အိပ်ငိုက်လေ့ ရှိကြသည်။ အချို့ ကိုယ်စားလှယ်များမှာ အိပ်ပျော်သွားလေ့ ရှိပြီး၊ တရေးနိုးချိန်တွင် ဘုမသိ ဘမသိ လက်ခုပ် ထတီးလေ့ ရှိသဖြင့်၊ ထိုဖြစ်ရပ်များကို ကြိုတင် ကာကွယ်ရန်အတွက် အဆိုပါ ဥပဒေကို ပြဌာန်းခြင်း ဖြစ်ကြောင်း သိရသည်။ လွှတ်တော်အစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်း တွင် နေပြည်တော်၌ စတင်ကျင်းပမည်ဖြစ်သည်။
သတင်း အပြည့်အစုံသို့
ဟင်..
ReplyDeleteဒါဆို ခွင့်ပြုချက်ရရင်တော့ အိပ်ငိုက်ရမယ်ပေါ့.. အိပ်ငိုက်ခွင့်ရဖို့ လျှောက်လွှာတင်ရမယ့်သဘောလားမသိ.. :P
အော် တိပီ တိပီ ပို့ စ် မော်ဒန် ဒုံ ယိမ်းက တွေ သင်ပေးနေတာ ဒီနေရာအတွက်ကို လွှတ်တော်မှာ မငိုက်ဘဲ ကကြစို့ လား
ReplyDelete