Tuesday, January 25, 2011

သင်္ဘောများ ကုန်းမြေပေါ်တွင် ခုတ်မောင်းနိုင်ပြီ

(Photo: Eleven)

Bi-Weekly Eleven ဂျာနယ် အတွဲ (၃)၊ အမှတ် (၄၂)၊ စာမျက်နှာ (၈) တွင် ဖော်ပြသော သတင်းတပုဒ်အရ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောများ ကုန်းမြေပေါ်တွင် ခုတ်မောင်းလျက် ရှိသည်ကို တွေ့ရသည်။

အဆိုပါ ကုန်းပေါ်သွား အပျော်စီး သင်္ဘောတွင် လောင်စာဆီ သုံးရန်မလိုဘဲ ခြေထောက်ဖြင့် နင်းရသဖြင့် ကမ္ဘာ့စွမ်းအင် ချွေတာရေး သုတေသီများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဖော်ပြပါ သုံးဘီးတပ်-သင်္ဘောကို အထူး စိတ်ဝင်စားလျက် ရှိကြကြောင်း သတင်းရရှိသည်။

(MinnWaiYan လက်တို့သည်)


ဂျာနယ်တွင် ရှာဖတ်ရန်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။