Saturday, January 22, 2011

အချိတ်ထမီ ဒီဇိုင်းသစ်များ ရက်လုပ်လျက်ရှိ

ယခင်နှစ်ကုန်ခါနီးလများ ကတည်းက စမ်းသပ်တီထွင်လျက်ရှိသော အမရပူရမြို့နယ်ရှိ ပိုးထည်၊ ချည် ထည်၊ အချိတ်ထမီ လုပ်ငန်းများမှနေ၍ ထမီ အဆင်ဒီဇိုင်းသစ်များကို ဇန်န၀ါရီလပိုင်းတွင် စတင် ရက်လုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

အမျိုးသမီးဝတ် အချိတ်ထမီ ပိုးထည်များမှာ အမျိုးသား ၀န်ကြီးများ၏ ကြောင်တောင်တောင်
ဝတ်ဆင်မှုကြောင့် ယခုနှစ်တွင် ဈေးကွက်အတွင်းနေရာယူ လာသည်နှင့်အမျှ ထပ်မံ၍ ထမီအဆင်သစ်များ တီထွင်ရက်လုပ်နေကြောင်း အမရပူရမြို့ အချိတ်ပန်းချီ လုပ်ငန်းရှင်တစ်ဦး ပြောသည်။

(Photo: AP)

"ချိတ်ထမီတွေက အရင်တုန်းက ဆိုရင် အမျိုးသမီးတွေပဲ သီးသန့် ၀တ်တော့ ဈေးကွက်က အမျိုးသမီး ဈေးကွက်ပဲ ရှိတာပေါ့ဗျာ။ အခုတော့ အမျိုးသား ၀န်ကြီးတွေပါ ၀တ်ဆင်လာတော့ ဈေးကွက် နှစ်ဆ တိုးတာပေါ့။ မကြာမီ လွှတ်တော်တက်မယ့် အမတ်မင်းတွေလဲ လွှတ်တော်ထဲမှာ ၀န်ကြီးများ နည်းတူ
ထမီဝတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ ထမီ ၀တ်လေ ကျွန်တော်တို့အတွက် အဆင်ပြေလေ ပေါ့ဗျာ"ဟု ဆက်လက်ရှင်းပြသည်။

(Photo: AP)

ယခုကဲ့သို့ မြန်မာ့ရိုးရာ အချိတ် ထမီများအား အမျိုးသား ၀န်ကြီးများက ခေတ်နှင့်အညီ ဒီဇိုင်းအဆင် အမျိုးအစားသစ်များစွာဖြင့် ရွေးချယ်ဝတ်ဆင်မှု များပြားလာသည်နှင့်အမျှ ဈေးကွက်ခိုင်မာမှု ရှိလာသောကြောင့် အဆင်ဒီဇိုင်း အမျိုးအစားသစ်များကို ပိုမိုတီထွင် ရက်လုပ်မှု များပြားလာလျက်ရှိကြောင်း သိရှိရပါသည်။

သတင်း အပြည့်အစုံသို့

4 comments:

  1. very innovative style of broadcasting news that are linked with the real news & explores the thing with funny.

    ReplyDelete
  2.ေ-ှ သင်းထားရင် ပိုလိုက်ဖက်မယ်နော် ဟားးးဟားးးး

    ReplyDelete
  3. စိတ်ညစ်နေရင်ဒီပုံတွေကြည့်ပေးရမယ်..အရမ်းရီရတာပဲ
    ကြည့်လေ ကြည့်လေ ရီရလေပဲ...

    ReplyDelete
  4. အော်... ၀န်ကြီးတွေ ထမီဝတ်တဲ့ခေတ်ရောက်ပီကိုး... ဟဟား ၀တ်သင့်နေတာကြာပီပဲ...

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။