Friday, January 21, 2011

တိုက်ဆောက်ရာတွင် ဘိလပ်မြေပမာဏထက် သဲပမာဏ ပိုများ

ဆောက်လုပ်ရေး စီမံကိန်းများ၊ အများအပြားရှိပြီး အဆိုပါ အဆောက်အအုံများ နှစ်အနည်းငယ် အတွင်း ပြိုကျမှုရှိနိုင်ကြောင်း ဆောက်လုပ်ရေး အင်ဂျင်နီယာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ အဆောက်အအုံ တွင် သုံးသော ဘိလပ်မြေ၊ ကွန်ကရစ်၊ သဲ၊ ကျောက်စသည့် လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးပိုင်းဆိုင်ရာ အလွန် နိမ့်ကျသောကြောင့်ဟု ဆိုသည်။  

အထပ်မြင့် အဆောက်အအုံ မဆောက်လုပ်မီ မြေအရည်အသွေး စစ်ဆေးမှု မရှိခြင်းနှင့် အရည်အသွေး အလွန်ညံ့ဖျင်း လုပ်ငန်းပစ္စည်းများကို အသုံးပြု ဆောက်လုပ်ခြင်းတို့ကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း ဆိုးကျိုး များ ကြုံတွေ့ရနိုင်ကြောင်းလည်း ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦး ထံမှ သိရှိရသည်။

"ကျွန်တော်တို့နိုင်ငံမှာ ဆောက်လုပ်ရေးစီမံကိန်းတွေ အများအပြား ရှိပေမယ့် အဲဒီစီမံကိန်းတွေမှာသုံးတဲ့ ဘိလပ်မြေ၊ ကွန်ကရစ်၊ သဲ၊ ကျောက်တွေရဲ့ အရည်အသွေး အရမ်း ညံ့ပါတယ်။ အဆောက်အအုံ မဆောက်ခင် မြေအရည်အသွေး စစ်ဆေးတာ လုံးဝ မရှိပါဘူး။ ဘိလပ်မြေတွေကိုလဲ သဲတွေ အလွန်အကျွံ ရောစပ်တာ တွေ့တယ်။ ဒီလို ဆောက်လုပ်ရင် ဆယ်စုနှစ်အတွင်းမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ ဥပမာ ငလျင်လှုပ်တယ်ဆိုရင် ငလျင်ကြောင့် လူတွေ သေကြေရတာ မဟုတ်ဘဲ ငလျင်လှုပ်တဲ့နေရာက အဆောက် အအုံတွေ ပြိုကျလို့ လူတွေသေကြေရတာ များတယ်။ ဒီတော့ တိုက်ဆောက်တဲ့ ကန်ထရိုက်တွေအနေနဲ့ ပြည်သူတွေကို မသတ်ဖို့ လိုအပ်ပါတယ်" ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။


သံချောင်းအစား ၀ါးလုံးများကို အသုံးပြုသွားမည်
(Photo: OptimaFoundations)

"ကျွန်တော်တို့နိုင်ငံမှာ ဆောက်လုပ်ရေး နည်းပညာသစ် တခု တွေ့ရှိထားပါတယ်။ သံကူ ကွန်ကရစ်ကို အစားထိုးမဲ့ ၀ါးလုံးကူ ကွန်ကရစ် နည်းပညာပါ။ ဒီနှစ် ဇန်န၀ါရီ လဆန်းက စလို့ တိုက်တွေ ဆောက်လုပ်တဲ့အခါ သံချောင်းတွေ လုံးဝမသုံးဘဲ ၀ါးလုံးချောင်းတွေနဲ့ အစားထိုး တည်ဆောက်ဖို့ ညွှန်ကြားထားပါတယ်။ ပြီးတော့ ဆောက်လုပ်တဲ့ တိုက်တွေ အနေနဲ့လည်း ဘိလပ်မြေတဆ၊ သဲဆယ်ဆ ရောစပ်ပြီးတော့ မဖြစ်မနေ ဆောက်လုပ်ကြဖို့ ပြောထားပါတယ်။ ကန်ထရိုက်တွေ အတိအကျ လိုက်နာရမယ့် အချက်ပါ။ အထက်က ပြောခဲ့တဲ့ အင်ဂျင်နီယာကတော့ ကျောင်းသားဘ၀ တုန်းက စာကောင်းကောင်း မဖတ်ပဲ စာမေးပွဲ အောင်လာတဲ့ အင်ဂျင်နီယာ ဖြစ်ဖို့များတယ်။ အဲဒီ ပုဂ္ဂိုလ်က ဆောက်လုပ်ရေးအကြောင်း ဘာမှ သိပုံ မရဘူး" ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နာယကကြီး ဦးသန်းမြင့်က ပြောသည်။

အဆိုပါ ၀ါးလုံးကူ ကွန်ကရစ် နည်းပညာသစ် ကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (MES)က တီထွင်ခဲ့သည်ဟု ကြေညာခဲ့သည် (သတင်းဖော်ပြပြီး။ Click Here)။ သို့သော် ထိုနည်းပညာမှာ မြန်မာ ပညာရှင်တဦးက စင်ကာပူတွင် အသုံးပြုရန် စတင် တီထွင်ခဲ့ခြင်း ဖြစ်ပြီး MES က ထိုနည်းပညာကို ခိုးယူသွားခြင်း ဖြစ်သည်ဟု တုန့်ပြန် ပြောဆိုမှုတခုလည်း ပေါ်ထွက်ခဲ့သည်။

သတင်း အပြည့်အစုံသို့-

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။