Monday, January 10, 2011

သက်တမ်းလွန် အစားအစာများကို စူပါမားကက်များတွင်ရောင်းချ

သက်တမ်းလွန် အစားအစာ အချို့ကို စူပါမားကက်နှင့် ဈေးအချို့တွင် ဈေးနှုန်းလျှော့ချကာ ရောင်းချများရှိလာကြောင်း စားသုံးသူများ၏ ပြောကြားချက်အရ သတင်းရရှိသည်။


၂၀၁၀ ပြည့်နှစ်အတွင်း ကုန်ပစ္စည်း၏သက်တမ်း ကုန်လွန်ခဲ့ပြီး ဖြစ်သော်လည်း မူရင်းဈေးမှ ရာဂဏန်း၊ ထောင်ဂဏန်းမျှခွာကာ စူပါမားကက်အချို့တွင် ရောင်းချမှု များရှိလာကြောင်း၊ နှစ်သစ်ကူး အထူးလျှော့ဈေးဟု အမည်တပ်ရောင်း ချမှုတွင် အအေးဘူး၊ အချိုရည်ဘူး များ၊ မုန့်နှင့်အခြားသော စားသောက် ကုန်ပစ္စည်းတို့ ပါဝင်ကြောင်းသိရသည်။ ထို့ပြင် ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်အချို့ရှိ ဈေးအချို့တွင် သတ်မှတ်သက်တမ်း ကျော်လွန်နေသည့် အသားငါးတို့ကို မကြာခဏ ရောင်းချမှုများရှိကြောင်း စားသုံးသူများ၏ ပြောပြချက်အရ သိရှိရသည်။

ဤကဲ့သို့ ရောင်းချခြင်းမှာ စားသုံးသူ မြန်မာပြည်သူ ပြည်သားများကို ကျန်းမာရေး မကောင်းဘဲ အားအင် ချည့်နဲ့သူများ ဖြစ်လာစေရန် လည်းကောင်း၊ ဥာဏ်ရည် အဆင့်အတန်း မမှီစေရန် လည်းကောင်း ရည်ရွယ်ချက်ဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ တိုင်းပြည်အတွင်း ထိုကဲ့သို့ ပြည်သူ လူထု အနေဖြင့် ဥာဏ်ရည်ဥာဏ်သွေး နိမ့်ကျပြီး ကျန်းမာရေး မကောင်းပါက အုပ်ချုပ်သူများ လုပ်သမျှကို ဝေဖန်ပိုင်းခြား ဆန့်ကျင်နိုင်သည့် အသိဥာဏ်နှင့် စွမ်းရည် ရှိတော့မည် မဟုတ်သဖြင့် ထိုကဲ့သို့ စီမံကိန်းချမှတ်ကာ ရောင်းချနေခြင်းဖြစ်ကြောင်း၊ ထိုနည်းတူ ၀ိသမလောဘ စီးပွားရေး ဂုတ်သွေး စုပ်သူများကလည်း ပြည်သူလူထု အကျိုးကို လုံးဝ ထည့်သွင်း မစဉ်းစားဘဲ ဘယ်သူသေသေ ငတေမာ ပြီးရောဟူသော အလွန့် အလွန် အောက်တန်း ကျသည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင် နေကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံသို့
ဆက်စပ်သတင်း ဖတ်ရှုရန်

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။