မသမာသူ စက်ရုပ် စွမ်းအားရှင် အကြမ်းဖက်သမား သူရမ်းကား တစ်စု၏ ၁၉ ဒီဇင်ဘာ ၂၀၁၀၊ BST ညနေ ၄ နာရီခွဲခန့်တွင် စက်ရုပ်မဆန်စွာ တိုက်ခိုက်ခံရမှုကြောင့် သတိမေ့မြောသွားခဲ့သော BS News သိုးဆောင်းဘာသာ စာမျက်နှာသည် ယနေ့ ဒီဇင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် သတိပြန်လည် ရရှိလာကြောင်း သိရသည်။
ထိုသို့ သတိပြန်ရလာသည့်အတွက် နာရေးကူညီမှုအသင်းအား ဆက်သွယ်၍ booking တင်ထားမှုကို cancel လုပ်လိုက်ရကြောင်း သတင်းရရှိသည်။
ယခုအခါ သိုးဆောင်းဘာသာ စာမျက်နှာသည် သူ၏ ဆောင်ရွက်နေကျ ဘလော့ တာဝန်များကို ပုံမှန်အတိုင်း ဆက်လက် ထမ်းဆောင်နေပြီ ရှိကြောင်း သတင်းရရှိသည်။
(သိုးဆောင်းသတင်းထောက် သတင်းပေးပို့သည်)
ဝမ်းသာပါတယ်ခဗျာ :)
ReplyDelete