ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ စုံညီ ညီလာခံ ကျင်းပပြီး နောက် ပိုင်း ခြင်္သေ့ဂိုဏ်းက ကျားဖြူပါတီကို အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း ကျားဖြူ ပြောခွင့်ရပုဂ္ဂိုလ် ဒုဥက္ကဌ စိုင်းဆောင်ဆီက ပြောသည်။
“ခြင်္သေ့ဂိုဏ်းရဲ့ ပြည်နယ်လွှတ်တော်မှာ ၀င်ရောက် လက်ဝှေ့ထိုးတဲ့ ဒေါက်တာ စိုင်းခမ်းလှိုင်က အနိုင်ရ ကျားဖြူ အမတ်ကြီး စိုင်းမွန်းကို ရှမ်းအမဲလိုက်သေနတ်ကိုင် ခြင်္သေ့လိုက် မုဆိုးတွေကထောက်ခံမဲ ပေးတယ်ဆိုပြီး လည်ဆံမွေးဖွားဖွားကြီးနဲ့ ၀ုတ်ဝုတ်လို့ ခြင်္သေ့လို ဟိန်းဟောက်ခဲ့တယ် ” ဟု ကျားဖြူ ဗဟိုကော်မတီဝင် တဦးကပြောသည်။
ကျားဖြူ ပြောခွင့်ရပုဂ္ဂိုလ် ဒုဥက္ကဌ စိုင်းဆောင်ဆီက-ကွန်ဟိန်းမြို့နယ် ခြင်္သေ့ဂိုဏ်း၏ ပြည်နယ် လွှတ်တော် ၂ စိုင်းနု သည်လည်း ကြိုတင်ထည့်ထားသည့် မသမာသော အမဲကောင်များကြောင့် အနိုင်ရထားကြောင်း ကျားဖြူ ပြည်နယ်လွှတ်တော် ၂ ကိုယ်စားလှယ်လောင်း စိုင်းထွန်းကြည်တွင် သက်သေအထောက် အထားနှင့်တကွရှိသဖြင့် ကျားများ အနေဖြင့် ပြန်လည် ခုန်အုပ်ရန် အသင့် ရှိကြောင်း ပြောသည်။
“ကျွန်တော်တို့ ကျားဖြူတွေဟာ ဘယ် အမဲလိုက်သေနတ်ကိုင် ခြင်္သေ့လိုက် မုဆိုးတွေနဲ့မှ မဆက်သွယ် ဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဘေးမဲ့တော ဥပဒေဘောင်ထဲကနေပဲ လှုပ်ရှား တဲ့ အတွက် ခြင်္သေံတွေအနေနဲ့ လာကိုက်ဖို့ အချက်အလက် တွေနဲ့ပြည့်စုံပါစေ။ ရင်ဆိုင်ဖို့ အဆင်သင့်ဘဲ” ဟု ကျားဖြူ ဒုဥက္ကဌ စိုင်းဆောင်ဆီက ပြောသည်။
ကျားနှင့် ခြင်္သေ့ လယ်ပြင်တွင် ရင်ဆိုင်မည့်ရက် အတိအကျ မသိရသေးသော်လည်း ကျားဖြူများ၏ ဥပဒေအကြံပေးအဖွဲ့က အချက်အလက်များ စုဆောင်း နေ ကြောင်း စိုင်းဆောင်ဆီကပြောသည်။
ခြင်္သေ့များက ရှမ်းပြည်တောင်ပိုင်း ကျားဖြူ အနိုင်ရ ပြည်နယ် လွှတ်တော် အမတ်ကြီး စိုင်းမွန်းအား ခြင်္သေ့ဂိုဏ်းဝင် ဒေါက်တာစိုင်းခမ်းလှိုင်မှ ခြင်္သေ့သံဖြင့် ၀ုတ်ဝုတ်ဟု ဟောင်သကဲ့သို့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခြင်္သေ့ဂိုဏ်းကလည်း အနိုင်ရ ကျားဖြူ များအား ထို့နည်းတူ ခြင်္သေ့ ဘာသာစကားဖြင့် ဟိန်းဟောက် ထားသေးသည်ဟုဆိုသည်။
သတင်း အပြည့်အစုံ ဖတ်ရှုရန်
တကယ်က အဲ့ခြင်္သေံ့မှာ လည်ဆံမွေးမရှိဘူး။ လည်ဆံမွေးမပေါက်တဲ့ ခြင်္သေ့ပါဗျာ။
ReplyDeleteဖင်ထောင်ပြီး ဝုတ်ဝုတ် အော်နေတာ လည်ဆံမွှေး ဘယ်ရှိတော့ မလဲလေ
ReplyDelete