Pages

Tuesday, December 7, 2010

မန်ယူ ဘောလုံးအသင်းအား မြန်မာဝယ်ယူမည့် အစီအစဉ် ၀ီကီလိခ် ဖွင့်ချ။

မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏ မြေးဖြစ်သူအတွက် ဒေါ်လာ သန်းပေါင်း တစ်ထောင်ဖြင့် ၀ယ်ယူရန် ကြိုးပမ်းခဲ့မှု လျှို့ဝှက် အစီအစဉ်တစ်ရပ်အား ၀ီကီလိခ်မှ ဖွင့်ချ ဖော်ထုတ်ခဲ့သည်ဟု ဗြိတိန်ထုတ် ဂါးဒီယန်း သတင်းစာကြီးက ခေါင်းကြီးပိုင်းတွင် စာလုံးမဲမဲကြီးဖြင့် ဖော်ပြခဲ့ကြောင်း  စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာကြီးက အထူးအဆန်း သတင်းတစ်ရပ် အဖြစ် ယနေ့ ရေးသား ဖော်ပြလိုက်သည်။ (ဖတ်ရန်)
ထိုသတင်းကို မြန်မာ သတင်းဌာနများ နှင့် ဘလော့ အတော်များများတွင် မြန်မာဘာသာဖြင့် ရေးသား ဖော်ပြထားကြပါသည်။

(မန်ယူကို ၀ယ်ယူပြီးနောက် မည်သို့မည်ပုံ ဆက်လက် စီမံ ဆောင်ရွက်သွားမည့် ကိစ္စနှင့် ပတ်သက်ပြီး ကိုထူးမြတ်က BS News Comments တွင် အသေးစိတ် ဆက်လက် တင်ပြထားပါသည်။)

နေ့သစ်တွင် ဖတ်ရှုရန်
ဘလော့တွေထဲက တစ်ခုမှာ ဖတ်ရှုရန်

ဂါးဒီးယန်း သတင်းစာမှာ ဖော်ပြထားတဲ့ မန်ယူကို ၀ယ်မယ်ဆိုတဲ့ ၀ီကီလိခ် မှတ်တမ်း

Other News
Other Article

6 comments:

  1. ဝယ်ပြီးပါက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးကိုယ်တိုင် ဦးစီးပြီး ဘောသမားများအား အပြေးမြန်စေရန် ကျည်ဆံကြား ဖြတ်ပြေးသည့် လေ့ကျင့်ခန်းများ၊ အင်းစိန်ထောင် တိုက်ခန်းတွင် တိုက်ပိတ်၍ သမာဓိအား ကောင်းစေရန် တရားထိုင်ခိုင်းခြင်း တို့အပြင်၊ မြန်မာ ဘောလုံးအသင်းများနှင့် တပြေးညီရှိစေရန် ဘောသမားများ၏ ဟိုတယ်ခန်းများကို တစ်နေ့ ၆ နာရီသာ မီးပေးခြင်း၊ ညကြီး သန်းခေါင်တွင် ရေစက်ထမောင်းကာ ကိုယ့်ဟာကိုယ် ရေတင်စေခြင်း စသည့် သက်လုံကောင်းစေသည့် လေ့ကျင့်ခန်းများလည်း လေ့ကျင့်စေမည် ဖြစ်သည်။

    ထို့အပြင် ခြေသလုံး ကြွက်သားများ သန်မာစေရန် ဘောသမားများ ခရီးသွားလျှင် အားလုံးအတွက်၊ ဘတ်စကား တစ်စီးသာ ငှားပေး၍ တစ်လှည့်စီ မတ်တပ်ရပ် စီးစေမည် ဖြစ်သည် ဟု သိရသည်။ ယခုမူ ကြိုတင်ပြင်ဆင်မှု အနေဖြင့် မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည် ဆိုသည့် သီချင်းကို ပွဲတိုင်းတွင် သီဆိုဖို့ရာ နှုတ်တိုက်ကျက်ခိုင်းရန် အင်္ဂလိပ် အက္ခရာများနှင့် မြန်မာအသံထွက်ကို ချရေးနိုင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဗိုလ်မှုးများကို တာဝန်ပေးထားကြောင်း သိရသည်။

    ဘောလုံးအသင်းကို လူကြိုက် ပိုများလာစေရန် အထူး လုပ်ဆောင်မှုများ အနေနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ရည်မှန်းချက်ဖြင့် ကြက်ဆူပင် စိုက်ပျိုးပွဲများကိုလည်း ကလပ်အသင်းအမည်နှင့် ကမ္ဘာတလွှားတွင် ကျင်းပသွားမည်ဟု သိရသည်။

    ဘောလုံး ဂျာစီအင်္ကျီမှ ကုန်ပစ္စည်း အမှတ်တံဆိပ်ကိုမူ ivote ဟု ပြောင်းလဲမည်ဟု သတင်းရရှိပါသည်။

    ReplyDelete
  2. ko htoo myat,
    really funny ur comment. :)

    ReplyDelete
  3. ဟုတ်တယ် ။
    သူတို့မြေးအဖိုး ဘောလုံးပွဲ ကွင်းဝင်ကြေး မြင့်လို့
    ခဏခဏ ပေးကြည့်ရမှာ မတတ်နိုင်လို့
    အသင်းကို ကိုယ်ပိုင် ၀ယ်ပြီး ကွင်းဝင်ကြေးသက်သာအောင်
    ကြံနေတာဗျို့ ။

    ReplyDelete
  4. @Htoo Myat သောက်ကျိုးနည်းအောင်ကိုမိုက်တယ်ဗျားP

    ReplyDelete
  5. တော်သေးတာပေါ့။ ဘောကို ၀ါသနာပါပေလို့။ ဘောမဟုတ်ပဲ ဟိုဟာကိုသာဝါသနာပါရင်တော့ တို့နိုင်ငံတော့ အေ နိုင်ငံဖြစ်သွားမှာ။

    ReplyDelete
  6. ကို ထူးမြတ် ရယ်ရတယ်
    ကျွန်တော် သူငယ်ချင်းတွေကို copy ကူးပြီးပေးဖတ်ချင်လို့ပါ

    ReplyDelete

ပေးထားသည့် မှတ်ချက်များကို မကြာမီတင်ပေးပါမည်။ ခေတ္တ စောင့်ဆိုင်းပါ။

မှတ်ချက်များသည်
(၁) တင်ထားသည့်ပို့စ်များနှင့် သက်ဆိုင်မှု မရှိသည့် အကြောင်းအရာများ ဖြစ်နေလျှင် သော်လည်းကောင်း၊
(၂) လူအများ လက်မခံနိုင် လောက်သည့် ရိုင်းစိုင်း ကြမ်းတမ်းမှုများ ပါဝင်နေလျှင် သော်လည်းကောင်း၊ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ စာဖတ်သူ လူအများကို လေးစားသော အားဖြင့် အထက်ပါ အချက် နှစ်ခုကို ရှောင်ကြဉ် ရေးသားလာသော မည်သည့် ဝေဖန် အကြံပြု ပြောဆိုမှုမျိုးကို မဆို တင်ပေးသွားမည် ဖြစ်ပြီး၊ အချို့မှတ်ချက်များကို အများပြည်သူ အကျိုးငှာ လိုအပ်ပါက တည်းဖြတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။