တိုင်းပြည်အတွင်း အလွန် ချမ်းသာ ကြွယ်ဝသော သူဌေးကြီးများ တနေ့တခြား ပေါများလာခြင်းကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းကို ကျော်လွန်၍ ကမ္ဘာ့ အချမ်းသာဆုံးသော နိုင်ငံတနိုင်ငံ အဖြစ်သို့ တနေ့တခြား ရောက်ရှိလာကြောင်း ရန်ကုန်မြို့ထုတ် Messenger သတင်းဂျာနယ်တွင် ရေးသားဖော်ပြချက် အရ သိရသည်။
မြန်မာနိုင်ငံသည် တနှစ်လျှင်ရရှိသော တဦးချင်း ၀င်ငွေ (GDP per Capita) အဆမတန် မြင့်မားသည့် ကမ္ဘာပေါ်တွင် အလွန် အချမ်းသာ အကြွယ်ဝဆုံးသော နိုင်ငံအဖြစ် ရပ်တည်လျက် ရှိရာ အာဆီယံ နိုင်ငံများအတွင်း အချမ်းသာဆုံး နိုင်ငံများ ဖြစ်ကြသော လာအို နိုင်ငံ၏ GDP per Capita ၉၆၄ ဒေါ်လာ နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ GDP per Capita ၈၀၅ ဒေါ်လာ ထက်လည်းကောင်း၊ အာရှတိုက်တွင် အချမ်းသာဆုံး နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ GDP per Capita ၆၄၁ ဒေါ်လာ ထက် လည်းကောင်း၊ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ ထိပ်သီး စာရင်းဝင် ဖြစ်သည့် ဆိုမာလီယာနိုင်ငံ၏ GDP per Capita ဒေါ်လာ ၆၀၀ ထက် လည်းကောင်း၊ နိမ့်ကျသည့် တနှစ်တာ တဦးချင်း ၀င်ငွေဖြစ်သော GDP per Capita ၅၇၁ ဒေါ်လာ (တစ်လ ပျမ်းမျှ တဦးချင်း ၀င်ငွေ = ၄၇ ဒေါ်လာ) ဖြင့် ချမ်းသာမှု သရဖူကို ဆောင်းပြီး ကမ္ဘာ့အလယ်တွင် သူဌေးနိုင်ငံအဖြစ် ငွါးငွါးစွင့်စွင့် ရပ်တည်လျက် ရှိသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံသည် ၄င်း၏ ချမ်းသာကြွယ်ဝမှုများကို အသိအမှတ်ပြုခံရသည့် အနေဖြင့် မဆလ အစိုးရ လက်ထက် ၁၉၈၇ မှစ၍ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံများ စာရင်းတွင် ထည့်သွင်းခြင်း ခံခဲ့ရရာ ယနေ့ အချိန်အခါတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးအဖြစ် ချီတက်လျက် ရှိပြီး ယခင်ကထက် ပို၍ ချမ်းသာ ကြွယ်ဝလာကာ ကမ္ဘာ့ ထိပ်သီး သူဌေးနိုင်ငံများ ဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဆိုမာလီယာ တို့ထက်ပင် ပို၍ ချမ်းသာ ကြွယ်ဝနေပြီ ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။
သတင်းများ ဖတ်ရှုရန်
အပေါင်ဆိုင်နှင့်မှားသွားတာဖြစ်နိုင်ပါတယ်။
ReplyDeleteအယ် ခုမှ ဒုက္ခ ဘယ်နယ်လုပ်မတုန်း တနှပ်ရန်က လွှတ်ပါ့ဦး မလာလေ
ReplyDelete