မြန်မာနိုင်ငံရဲ့ သမ္မတ-သန်းနိုင် နဲ့ Burma Strange News တို့ရဲ့ အင်တာဗျူးကို တင်ဆက်ထားပါတယ်။
BS News။ ။ သမ္မတ-သန်းနိုင် အဖြစ် ဘယ်တုန်းက ရွေးကောက် တင်မြှောက်ခံရတာပါလဲ ခင်ဗျ။
သမ္မတ-သန်းနိုင်။ ။ ကျွန်တော့် အမျိုးသမီးက ရွေးကောက်လိုက်တာပါခင်ဗျ။ ကျွန်တော် ဘုန်းကြီး ဘ၀တုန်းက ဆွမ်းခံကြွယင်း ကျွန်တော့် အမျိုးသမီးနဲ့ ဆုံတွေ့ခဲ့တာပါ။ အမျိုးသမီးက "သမ္မတ" သင်္ကန်းတိုက် ပိုင်ရှင်လေ။ ကျွန်တော် လူဝတ်လဲပြီး သူနဲ့ လက်ထပ်လိုက်တော့ ကျွန်တော်လည်း သမ္မတ-သန်းနိုင် ဖြစ်သွားတော့ တာပေါ့ဗျာ။
BS News။ ။ သမ္မတ-သန်းနိုင် ဖြစ်လာတော့ သမ္မတ-သန်းနိုင် အနေနဲ့ ဘယ်လို ဖွံ့ဖြိုးတိုးတက် ကြီးပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါသလဲ။
သမ္မတ-သန်းနိုင်။ ။ ကျွန်တော်တို့က "ပြင်သစ်" လုပ်ငန်းကို လုပ်ပါတယ် ခင်ဗျ။ ပြင်သစ်နိုင်ငံက လာရောက် ရင်းနှီး မြှုပ်နှံတာ မဟုတ်ပါဘူး။ သင်္ကန်း အဟောင်းတွေကို ကျွန်တော်က အသစ်ဖြစ်အောင် "ပြင်" ပါတယ်။ "ပြင်" လိုက်တော့ "သစ်" သွားတာပေါ့ဗျာ။ အဲသလို ပြင်သစ် သင်္ကန်းအဟောင်းတွေကို အသစ်လုပ်ရောင်းယင်း၊ ကျွန်တော့ မိသားစုလဲ ခေတ်မီ ဖွံ့ဖြိုးတိုးတက် ကြီးပွား လာတာပေါ့ဗျာ။
BS News။ ။ လက်ရှိ..... သမ္မတ-သန်းနိုင် အနေနဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်သူ ဖြစ်လာမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။
သမ္မတ-သန်းနိုင်။ ။ ကျွန်တော့် အမြင်က တော့ ဘယ်သူမှ သမ္မတ ဖြစ်မယ် မထင်ဘူးဗျ။ အဲ- ကျွန်တော့် သမ္မတ သင်္ကန်းတိုက်က ကျွန်တော့် မူပိုင် trade mark လေ။ မှတ်ပုံတင်ထား ပြီးသား။ ဟဲဟဲ။
အဲ-၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောရရင်တော့၊ ပုဒ်မ ၅၉ (ခ) မှာ ပြဌာန်း ထားတာ ရှိပါတယ် ခင်ဗျ။ အဲဒီ ပုဒ်မထဲမှာ နိုင်ငံတော် သမ္မတ ဖြစ်မယ့်လူရဲ့ မိဘနှစ်ပါးလုံးဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ နယ်နိမိတ် အတွင်းမှာ မွေးဖွားရမည်လို့ အတိအလင်း ပြဌာန်းထားပါတယ်ဗျာ။ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှ ပေါ်ပေါက်တာပါ။ ဒီတော့- ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င်၊ လက်ရှိ အစိုးရ အဖွဲ့ဝင်တွေ အကုန်လုံးရဲ့ မိဘ တွေဟာ ဗြိတိသျှ အင်ပါယာ နယ်နိမိတ်အတွင်းမှာ မွေးဖွားခဲ့တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့၊ အခြေခံ ဥပဒေအရ ပြောရရင်တော့- နိုင်ငံတော် သမ္မတ ဖြစ်မဲ့လူကို အခုချိန်ထိ ကျွန်တော် မမြင်သေးပါဘူး ခင်ဗျ။
Great.... bravo.....
ReplyDeleteအဲ-၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောရရင်တော့၊ ပုဒ်မ ၅၉ (ခ) မှာ ပြဌာန်း ထားတာ ရှိပါတယ် ခင်ဗျ။ အဲဒီ ပုဒ်မထဲမှာ နိုင်ငံတော် သမ္မတ ဖြစ်မယ့်လူရဲ့ မိဘနှစ်ပါးလုံးဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ နယ်နိမိတ် အတွင်းမှာ မွေးဖွားရမည်လို့ အတိအလင်း ပြဌာန်းထားပါတယ်ဗျာ။ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှ ပေါ်ပေါက်တာပါ။ ဒီတော့- ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င်၊ လက်ရှိ အစိုးရ အဖွဲ့ဝင်တွေ အကုန်လုံးရဲ့ မိဘ တွေဟာ ဗြိတိသျှ အင်ပါယာ နယ်နိမိတ်အတွင်းမှာ မွေးဖွားခဲ့တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့၊ အခြေခံ ဥပဒေအရ ပြောရရင်တော့- နိုင်ငံတော် သမ္မတ ဖြစ်မဲ့လူကို အခုချိန်ထိ ကျွန်တော် မမြင်သေးပါဘူး ခင်ဗျ။
ReplyDeleteွGreat Job
You're a great satirist
Really appreciate and proud of you :D
wow marvelous!
ReplyDelete